NEWS

De Xin Myanmar Garment အထည်ချုပ် စက်ရုံဌာနဆိုင်ရာ ၀င်စစ်ဆေးပြီး အလုပ်သမားများအလုပ်ထုတ်ခံရ

CoverLogo
602 Views

ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ သိမ်ချောင်းလမ်း၊ အမှတ် (- )ရှိ တရုတ်နိုင်ငံသားဖွင့်လှစ်ထားတဲ့ De Xin Myanmar Garment အထည်ချုပ်စက်ရုံကို ဌာနဆိုင်ရာက ၀င်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာကြောင့် အလုပ်သမားအချို့ အလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။  

စက်ရုံမန်နေဂျာမှ သတင်းဌာနသို့ စက်ရုံသတင်း ပေးတဲ့သူကို ပြောပြပါက ဆုငွေ တစ်သိန်းပေးမည်ဖြစ်ကြောင်း အလုပ်သမားတွေကို ပြောခဲ့ပြီး  စစ်ဆေးရေးလာရောက်စဉ် ချိုးဖောက်မှုတွေရှိကြောင်း အမှန်တိုင်းဖြေဆိုသည့် အလုပ်သမားများကို သက်ဆိုင်ရာရုံးသို့ သွားကာ  "ကျွန်တော်တို့ ကျွန်မ တို့ လိမ်ပြီးဖြေတာပါ စက်ရုံမှ ကောင်းကြောင်းတွေကို ပြန်ရေးပေးရန် မန်နေဂျာမှ ခေါ်ပြောဆို"တာတွေ  ပြုလုပ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။

အလုပ်သမာများမှလည်း စစ်ဆေးရေး လာရောက်စဉ် အမှန်တိုင်းဖြေထားသည်အတွက်  တချို့အလုပ်သမားများလည်း အလုပ်ထုတ်ခံရတာတွေရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါစက်ရုံအတွင်းမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး  ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်နေ့တွင် Labour News သတင်းဌာနက သတင်းဖော်ပြီခဲ့ရာ  စက်ရုံအတွင်းသို့ သက်ဆိုင်ရာဌာနမှ ပေါင်းစပ်အဖွဲ့ဆိုသူများက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့တွင်စက်ရုံတွင်းသို့၀င်ရောက်စစ်ဆေးမှုတွေပြုလုပ်ပြီး  အလုပ်သမားများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။  

စစ်ဆေးမေးမြန်းချိန်တွင်  အလုပ်သမားများအနေဖြင့် အမှန်တိုင်းဖြေဆိုဖို့ပြောလာတာကြောင့် "အချိန်ပိုဆင်းရကြောင်း စက်ရုံးအတွင်း အခြေအနေများကို အမှန်တိုင်း ဖြေဆိုကြရာ  သက်ဆိုင်ရာရုံးမှ လူကြီးများပြန်သွားပြီးနောက် အမှန်တိုင်းပြောတဲ့အလုပ်သမားများကို ခေါ်ယူကာ  စက်ရုံးသတင်းတင်တာ ဒီအလုပ်သမားတွေဖြစ်တယ်ဆိုပြီး စွပ်စွဲပြောဆိုကာ စစ်ဆေးရေးတွေကို လိမ်လည်ဖြေဆိုထားတာကြောင့် စက်ရုံကောင်းကြောင်းသတင်းကိုသာ ပြန်လည်ရေးပေးဖို့စက်ရုံမန်နေဂျာက ခေါ်ယူပြောဆိုခဲ့တယ်လို့သိရပါတယ်။  

သက်ဆိုင်ရာရုံးမှ လူကြီးတွေ ယခုကဲ့သို့လာရောက်စစ်ဆေးမှုကြောင့် စက်ရုံတွင်းအလုပ်သမားများအနေနဲ့ ပြောင်းလဲမှုတွေရရှိမလာဘဲ အလုပ်သမားအချို့အလုပ်ထုတ်ခံရခြင်းနဲ့  အလုပ်သမားများနှင့် ဖိအားပေးခံရတာတွေသာ ရရှိခဲ့တယ်လို့သိရပါတယ်။  

အဆိုပါစက်ရုံဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ဖွင့်လှစ်ကာ အမှတ်တံဆိပ် Prenatal / SOULCAL & CO / VOYAGER တွေကို အလုပ်သမား ၅၀၀ကျော်နဲ့ ချုလုပ်နေတာဖြစ်ပြီး   အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းဖွဲ့စည်းထားခြင်းလည်းမရှိသလို  စက်ရုံအတွင်းအငြင်းပွားမှုတွေကို နှစ်ဖက်ညှိနှိုင်းပေးမဲ့  (WCC)လည်း ဖွဲ့စည်းထားခြင်းလည်းမရှိဘူးလို့ သိရပါတယ်။

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026