NEWS

De Xin Myanmar အထည်ချုပ် အချိန်ပိုအလွန်အကျွံခိုင်းစေ

CoverLogo
971 Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် သိမ်ချောင်းလမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် De Xin Myanmar အထည်ချုပ်စက်ရုံမှာ အချိန်ပိုအလွံအကျွံခိုင်းစေနေပြီး လုပ်ငန်းခွင်ချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် အခက်အခဲကြုံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမား ၅၀၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေပေမဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိ သလို WCC လည်း ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

ချုပ်လုပ်တဲ့ ကုန်အမှတ်တံဆိပ်တွေကတော့ Prenatal / SOULCAL & CO / VOYAGER စတာတွေဖြစ်ပြီး လုပ်ငန်းလည်ပတ်တာ ၂ နှစ်ကျော်ရှိနေပြီလို့ ဆိုပါတယ်။

အလုပ်သမားတွေရဲ့ ပုံမှန်အလုပ်ချိန်အနေနဲ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီ ၃၀ အထိဖြစ်ပြီး အချိန်ပို ၂ နာရီပါဝင်တယ်လို့ သိရပါတယ်။ 

"တချို့အပတ်တွေဆိုရင် ပုံမှန် အချိန်ပို ၂ နာရီအပါ အလုပ်ချိန် တစ်ရက် ၁၀ နာရီလုပ်ရပါတယ်။တချို့ အပတ်တွေမှာဆိုရင်တော့ အချိန်ပိုတိုးပြီးလုပ်ရတာရှိတယ် ည ၉ နာရီကနေ ည ၁၂ နာရီထိ ဆင်းရတာရှိတယ် အဲ့ဒီလိုခေါ်တဲ့အချိန်ပိုတွေကျ အလုပ်သမားတွေရဲ့ ဆန္ဒကို ကောက်ယူမေးမြန်းပြီး ခေါ်တာမဟုတ်ဘဲ မဖြစ်မနေဆင်းရတာပါ မဆင်းတဲ့သူတွေကို ဂရိတ်ကြေး ချပါတယ် အလုပ်သမားတွေကတော့ ရတဲ့လစာနဲ့ အဆင်မပြေတော့ အချိန်ပိုခေါ်တိုင်းဆင်းနေရပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ခလစာပေးချေမှုအနေနဲ့ ဒေးကြေး ၄၈၀၀ + ၁၀၀၀ ကျပ် ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် ရက်မှန်ကြေး ၅၀၀၀၀ ကျပ် ဂရိတ်ကြေး ၃၅၀၀၀ မှ ၆၅၀၀၀ အထိ အဆင့်ဆင့်သတ်မှတ်ပေးထားပြီး ဂရိတ်ကြေးကို လုပ်သက် အနည်းဆုံး ၃ လလုပ်ပြီးမှ သတ်မှတ်ပေးတာလို့ ပြောပါတယ်။

ယခုလို လုပ်ခနှုန်းထားသတ်မှတ်ပေးထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်ပျက်ပါက ရှောင်တခင်ခွင့်ခံစားလို့မရဘဲ ဒေးကြေး ၊ ရက်မှန်ကြေး ၂၅၀၀၀ ကျပ် ဂရိတ်ကြေး ၃၅၀၀၀ ကျပ် ဖြတ်တောက်ခံရသလို ၂ ရက်ပျက်ပါက ရက်မှန်ကြေး ၅၀၀၀၀ ဖြတ်တောက်ခံရလို့ နစ်နာမှုတွေရှိနေတယ်လို့ ပြောပါတယ်။

"ခွင့်ယူလို့မရဘူး နေမကောင်းလို့ ခွင့်တင်လို့မရဘူး မိဘနာရေး ၊ မင်္ဂလာဆောင်အဲ့တာတွေအတွက်လည်း ရှောင်တခင်ခွင့်မပေးပါဘူး အလုပ်သမားဘက်က ခွင့်တင်ရင်လည်း အီးစီစာချုပ် မချုပ်ရသေးလို့ ခွင့်မရဘူးဆိုပြီးပြောတယ် စာချုပ်ချုပ်ထားတဲ့လူကျတော့ လည်း ခွင့်မပေးဘူး အကယ်လို့ ခွင့်ရတယ်ဆိုလဲ လစမဲ့ခွင့်ပဲရတယ်"လို့ အလုပ်သမားကပြောပါတယ်။

လူမှုဖူလုံရေးကြေးတွေကိုတော့ လုပ်ငန်းစတင်လည်ပတ်ချိန်ကတည်းက အလုပ်သမားတွေထံက သတ်မှတ်နှုန်းထားအတိုင်း ဖြတ်တောက်ထားပြီး မန်နေဂျာအသစ်ပြောင်းမှ လူမှုဖူလုံရေးကတ်တွေထုတ်ပေးရာမျာ အမှန်တကယ် အလုပ်ဝင်ရောက်တဲ့ရက်စွဲနဲ့မဟုတ်ဘဲ ဖူလုံရေးကတ်ရရှိတဲ့ ရက်စွဲတွေဖြစ်တာကြောင့်  လူမှုဖူလုံရေး ထည့်ဝင်ကြေးတွေ ဖြတ်တောက်ခံထားရတဲ့ လစာတွေအတွက် နစ်နာမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်မှာ ဆေးပေးခန်းမရှိသလို ၊ အိမ်သာတွေ မသန့်ရှင်းတာ ၊ ဘေးအန္တရာယ်ကင်းရှင်းမှုမရှိတာ စားသောက်ချိန်မှာ ဖြစ်သလိုစားသောက်ရတာ ဘာသာစကားမတူညီသည့် အုပ်ချုပ်သူများမှ တရုတ်ဘာသာစကားဖြင့် အော်ဟစ်ပြောဆိုကာ ပစ္စည်းတွေကို ကန်ကျောက်ပြီး ခိုင်းစေနေတာတွေကြောင့် အခက်တွေ့နေရတယ်လို့ လည်းပြောပါတယ်။

အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေအပေါ် ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 
၁။ အလုပ်သမားများရရှိသင့်သည့် ခွင့်ရက်များကို ခွင့်တင်ပါက ပေးရန်။
၂။ အလုပ်သမားခံစားခွင့်ရှိသည့် ခွင့်နှင့် အလုပ်ပျက်ပါက လုပ်ခလစာထဲမှ မဖြတ်တောက်ရန်။
၃။ ခွင့်မဲ့တင်၍ ပျက်ကွက်ပါက ဂရိတ်ကြေးထဲမှ မဖြတ်တောက်ရန်။
၄။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ပေးရန်နှင့် ဆေးပေးခန်းများ အလုပ်သမားနားနေခန်းများထားပေးရန်။
၅။ အလုပ်သမားများအတွက် ထမင်းစာဆောင် သီသန့်ထားပေးရန်နှင့် ထမင်းစားသောက်သည့် စားပွဲများ ခုံများ အလုံအလောက်ထားပေးရန်။
၆။ အချိန်ပိုခေါ်ယူပါက အလုပ်သမားသဘောဆန္ဒကောက်ယူရန်နှင့် အချိန်ပို မဆင်းနိုင်သူများကို ဂရိတ်မချရန်။
၇။ နိုင်ငံခြားသားတရုတ်လူများများမှ တိုက်ရိုက်အုပ်ချုပ်ခြင်းများမပြုလုပ်ရန်။ စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026