NEWS

Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း

CoverLogo
21 Views
 
 
 
မင်္ဂလာပါရှင့်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ ရွာသာကြီးအကြီးစားစက်မှုဇုန်၊ ရတနာပုံလမ်းက စက်ရုံပါ ။ Dagon Talent Garment အထည်ချုပ် စက်ရုံမှာပါ။
 
စက်ရုံမှာ မတ် ၂၇..၂၈..၂၉ သုံးရက်ကို စက်ရုံက စူပါ တွေကို ငွေဆောင်ပို့ ပေးမှာပါ။ ညီမတို့ အလုပ်သမားတွေက ဒီအတွက် ဝမ်းသာပါတယ်။
 
ဒါပေမဲ့ မတ်လ ၂၈ ရက်က စနေနေ့ပါ။ အဲ့ဒီနေ့အတွက် အချိန်ပို လေးနာရီကို လုပ်ခမရေဘဲ အလကား ဆင်းပေးရမယ်လို့ အလုပ်သမားတွေကို ပြောပါတယ်။
 
အဲ့ဒါကို သဘောတူကြောင်း လက်မှတ်လိုက် ထိုးခိုင်းပါတယ်။ မထိုးလဲရတယ်လို့ပြောပါတယ်။ဒါပေမဲ့ မထိုးထဲ့သူတွေကို စူပါတွေက..ခေါ်ဆူပါတယ်။
 
တကယ်ဆို စူပါတွေက ပုတ်ပြတ်လစာရနေသူတွေပါ။ညီမတို့က ဒေးကြေးအလုပ်သမားတွေ အိုတီလုပ်ခတွေ ရဖို့ အရေးကြီးပါတယ်။ အခုတော့ အိုတီ ၈ နာရီစာ နစ်နာရတာပါ။
 
ဒီလိုလုပ်တာကို စက်ရုံကပဲ လုပ်ခိုင်းခိုင်း၊ စူပါတွေကပဲ အကြံပေးပေး၊ လုံးဝမမျှတ တာပါ။ ညီမတို့ လုပ်အားတွေကို ခေါင်းပုံဖြတ်ကြတာပါ။
 
ဒါတွေ ကို သက်ဆိုင်ရာက ဖြေရှင်းပေးစေချင်ပါတယ်။လုပ်ငန်းခွင်ထဲမှာ WCC ရှိပါတယ်။ စက်ရုံက ခိုင်းတာလုပ် ပါတယ်။ အလုပ်သမားအရေး လုံးဝ စိတ်မဝင်စားသလို လုပ်လည်း မပေးပါဘူး ။
HR ကတော့ ကျွဲဂိမ်းပဲ စိတ်ဝင်စားတာပါ။
Myanmar Labour News ကျေးဇူးပြုပြီး ကူညီပါရှင့် ။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026