NEWS

CORTEFIEL အမှတ်တံဆိပ်ချုပ်စက်ရုံမှာ ပိတ်ရက်မရှိ အလုပ်လုပ်ကိုင်နေရပြီး ဥပဒေပါ ခံစားခွင့်တွေမရရှိဘူးလို့အလုပ်သမားတွေပြော

CoverLogo
1.2K Views

ပြည်ပ အပ်ထည်တွေချုပ်လုပ်နေတဲ့ CORTEFIEL အမှတ်တံဆိပ်ချုပ်လုပ်နေတဲ့  Tan Da Garment Factory မှာ အလုပ်သမားတွေအနေနဲ့ ပိတ်ရက်မရှိ အလုပ်လုပ်ကိုင်နေရပြီး အလုပ်သမားခံစားခွင့်တွေဖြစ်တဲ့ ခွင့်နဲ့ လူမှုဖူလုံရေးခံစားခွင့်တွေမရရှိသလို လုပ်ငန်းခွင်အတွင်း ချိုးဖောက်ခံရတာတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၄ ဝက်မစွတ်ဝန်ထောက်ဦးမြဲလမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံမှာ အလုပ်သမား ၄၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်။

အလုပ်ထဲမှာ အထည်စံချိန်တွေကို အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတောင်းတာ တိုးတောင်းထားတဲ့ စံချိန်မပြည့်ရင် ကြီးကြပ်သူ စူပါ လီတာတွေက ဆဲဆိုတာနဲ့ အချိန်ပိုကြေး မပေးဘဲ အချိန်ပိုခိုင်းစေတာတွေ ပြုလုပ်နေတာတွေကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

"အခက်အခဲတွေကမျိုးစုံပါပဲ တစ်လမပြည့်သေးတဲ့အလုပ်သမား ဆိုရင် အလုပ်တစ်ရက်ပျက်ရင် တနင်္ဂနွေ ဒေးကြေးမပေးဘူး လုပ်သက်ရင့်အလုပ်သမားတွေကိုလဲအတူတူပါပဲ  ဥပဒေပါ ခွင့်ရက်တွေခံစားခွင့်မရဘူးပေါ့ လုပ်သက် ၃ လမပြည့်သေးတဲ့ ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အကြောင်းပြချက်မရှိ နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ပစ်တယ် အဲ့လိုမျိုးတွေပါ လုပ်တယ်ပေါ့နော်  ချိုးဖောက်ခံရတာတွေ အများကြီးပဲ ၄၈၀၀ မရတဲ့ လူတောင်ရှိတယ်"လို့ အဲ့ဒီစက်ရုံလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အမည်မဖော်လိုတဲ့  အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေအနေနဲ့ မည်သည့်အကြောင်းပြချက်ဖြင့်မဆို ခွင့်တစ်ရက်ပျက်ကွက်ပါက ကျွမ်းကျင်မှုအဆင့်လျှော့ချခံရပြီး ကြီးကြပ်သူတွေ( Super ၊ Leader )က ညစ်ညမ်းစွာ ဆဲဆိုတာ ခွဲခြားဆက်ဆံတာတွေ ခံရတယ်လို့ သိရပါတယ်။

အများပြည်သူအလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာလည်း အနားမယူရဘဲ အချိန်ပိုဆင်းရပြီး အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အဓမ္မဆင်းခိုင်းလို့ တစ်လလုံးနားရက်မရှိအလုပ်လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

လူမှုဖူလုံရေးကြေးများ လစဉ်ဖြတ်တောက်ပေမယ့် ဖူလုံရေး ကတ် မရရှိသလို လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေမရရှိဘဲ အခက်အခဲကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"လူမှုဖူလုံရေးကြေးက လတိုင်းဖြတ်တယ် စမတ်ကတ်မလုပ်ပေးတော့ အကျိုးခံစားခွင့်က ဘာတစ်ခုမှမရဘူး တခြားစက်ရုံကပြောင်းလာတဲ့လူဆို ကတ်ပါလာပေမယ့် သက်တမ်းတိုးပေးတာပဲရှိတယ် အကျိုးခံစားခွင့်အပြည့်အဝမရဘူး"လို့ အခက်အခဲကြုံတွေ့နေရတဲ့ အလုပ်သမားက ပြောဆိုပါတယ်။

အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေအနေနဲ့ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အလုပ်ခိုင်းစေလိုပါက အလုပ်သမားသဘောဆန္ဒအရသာ ခိုင်းစေဖို့နဲ့ ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားခံစားခွင့်တွေ ပေးဖို့ အထည်စံချိန်တွေကို ချုပ်နိုင်သလောက်သာတောင်းဖို့နဲ့ ရိုင်းစိုင်းစွာဆဲဆိုတာတွေ ရှောင်ကျဉ်ဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

#MyanmarLabourNews

 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026