NEWS

CMP စနစ်နဲ့လည်ပတ်နေတဲ့ ပြည်တွင်းအထည်ချုပ်စက်ရုံအလုပ်သမားတွေ ခွင့်ခံစားခွင့်တွေဆုံးရှုံးနေပြီး အလုပ်သမားအခွင့်အရေးများဆုံးရှုံးနေရ

CoverLogo
1.7K Views

မြန်မာနိုင်ငံက စက်မှုဇုန်အသီးသီးနဲ့ စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင်တွေထဲကမှ  CMP စနစ်နဲ့ချုပ်လုပ်နေတဲ့ ပြည်တွင်းအထည်ချုပ်လုပ်ငန်းတွေမှာ အထည်ချုပ်လုပ်သားတွေဟာ အလုပ်သမားအခွင့်အရေးခံစားခွင့်တွေ မရရှိတော့ဘဲ လုပ်ငန်းခွင်ဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ အခက်အခဲ အကြပ်အတည်းတွေကြုံတွေ့နေရတယ်လို့ အလုပ်သမားရေးရာ စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေထံက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုလိုအခွင့်အရေးချိုးဖောက်ခံရမှုတွေပိုမိုများပြားလာတာဖြစ်ပြီး အများအားဖြင့် CMP စနစ်နဲ့လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ အများဆုံးချိုးဖောက်ခံနေရတာဖြစ်တယ်လို့ Myanmar Labour News ကရေးသားဖော်ပြခဲ့တဲ့အချက်အလက်တွေအရသိရပါတယ်။

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို ကြုံတွေ့နေရတဲ့ လုပ်ငန်းတွေက အထည်ချုပ်လုပ်ငန်းတွေဖြစ်ပြီး နိုင်ငံတကာအမှတ်တံဆိပ် မျိုးစုံချုပ်လုပ်တင်ပို့နေတဲ့ လုပ်ငန်းတွေဖြစ်တာကိုလည်းတွေ့ရှိရတာဖြစ်ပါတယ်။

"အခုလုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ လုပ်သက်ခွင့် ရှောင်တခင်ခွင့် ခံစားခွင့်မရဘူး ခွင့်တစ်ရက်ယူလို့ ရှိရင် ဒေးကြေး ရတဲ့ ၄၈၀၀ ရက်မှန်ကြေး ၇၀၀၀ ကျပ် စုစုပေါင်း ၁၁၈၀၀ ကျပ်ဖြတ်တောက်ခံ၇ပါတယ်၊ နေမကောင်းလို့ လူမှုဖူလုံရေးဆေးခွင့်ယူရင် ခွင့်ယူတဲ့ အလုပ်သမားကို ခွဲခြားဆက်ဆံတယ် အငြိုးအတေးထားတယ် ဖိအားပေးခိုင်းစေတယ် ပြီးတော့ အော်ဟစ်ဆဲဆိုတာတွေလုပ်တယ်"လို့ hunkemoller အမှတ်တံဆိပ်ချုပ်လုပ်နေတဲ့ FOOK HING (SHWE KHA YU)  LTD စက်ရုံအလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါ စက်ရုံက လှိုင်သာယာ ရွှေသံလွင်စက်မှုဇုန် မေခလမ်းလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမား ၁၂၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်သလို တရုတ်နိုင်ငံသာားပိုင် လုပ်ငန်းတစ်ခုလဲဖြစ်ပါတယ်။

"ကျမတို့စက်ရုံက ဘော်လီနဲ့အတွင်းခံတွေချုပ်တာပါ တောင်းတဲ့စံချိန်က အလုပ်သမားတစ်ယောက် ချုပ်လုပ်နိုင်တာထက်ပိုတဲ့ စံချိန်ကိုတိုးတောင်းတာပါ တစ်နာရီကို အထည် ၁၀၀ နှုန်းတောင်းတာပါ စံချိန်မပြည့်ရင် တော့ စူပါတွေ လီတာတွေက ဆဲဆိုကြိမ်းမောင်းပြီး နားမခံသာအောင် ပြောတယ် စိတ်ညစ်ရတယ်"လို့ အဲ့ဒီစက်ရုံက အမည်မဖော်လိုတဲ့ အလုပ်သမားက ပြောပါတယ်။

စက်လိုင်းတစ်လိုင်းလျှင် အထည်ချုပ်သမား စာရေးမ အကူ စသဖြင့် ၄၅ ယောက်ရှိပြီး စက်ချုပ်သမားကို လူအပြည့်ပေးထားခြင်းမရှိသလို ပျက်ကွက် အလုပ်သမားရှိလျှင်လည်း စံချိန်ကို တိုးမြှင့်တောင်းဆိုတာကြောင့် နေ့စဉ်လုပ်ငန်းခွင်မှာ စိတ်ဆင်းရဲ ငိုယိုကာလုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

" အထည်အော်ဒါတွေ အရေးကြီးပြီဆိုရင်တော့ နေ့လည်ထမင်းစားချိန် မိနစ် ၃၀ မှာ ၁၀ မိနစ် နဲ့ ပြီးအောင်စားပြီး ကျန််တဲ့အချိန် အထည်ချုပ်ပေးရတယ် ညနေပိုင်း နားချိန် မှာလည်း အဲ့လိုပဲ တနင်္ဂနွေ နေ့ဆိုလဲ အိုတီဆင်းပေးရတယ် ငြင်းဆန်ခွင့်မရှိဘူး မဆင်းရင် အငြိုးအတေးထားခံရတယ် အလုပ်အကိုင်တည်မြဲရေးအတွက် အာခံပြီးမဆင်းလို့ မရဘူး"လို့ အသက် ၂၇ နှစ်အရွယ် အထည်ချုပ်အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် ဆိုင်ရာချိုးဖောက်ခံရမှုတွေကို နေ့စဉ်ကြုံတွေ့နေရတာကြောင့် အခက်အခဲကြုံနေရပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်း အလုပ်အကိုင်အာမခံချက်မရှိတာတွေကြောင့်လည်း အခွင့်အရေးချိုးဖောက်ခံရတာတွေကို ကြိတ်မှိတ်ခံစားနေရတယ်လို့ဆိုပါတယ်၊ လုပ်ငန်းရှင်အနေနဲ့ ဖော်ပြပါ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကို ဖြေရှင်းပေးရန် လိုလားနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026