NEWS

Citizens Pay ဝန်ထမ်းတစ်ရာကျော် အလုပ်မှ ရပ်နားခံရ နောက်ဆုံးလစာပါ အပြည့်မရ

CoverLogo
830 Views

မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizens Bank)က ကြိုတင် အကြောင်းကြားတာတွေ မရှိဘဲ Citizen Pay ဌာနက ဝန်ထမ်းတွေ အလုပ်ကနေ ရပ်နားခံ ရတယ်လို့ ပြောပါတယ်။ အလုပ်ရပ်နားခံရတဲ့ ဝန်ထမ်း စုစုပေါင်း တစ်ရာကျော်ရှိပြီး အားလုံးနီးပါးက နယ်ဖက်တွေမှာ တာဝန်ထမ်းနေသူတွေ ဖြစ်တယ်လို့  ပြောပါတယ်။ 


“အလုပ်က ကြိုတင်အကြောင်းကြားတာမရှိဘဲ ရုတ်တရက်နားလိုက်တာပဲ။ Myanmar Citizens Bank မရှိတဲ့ မြို့တွေက နယ်ဘက်ဝန်ထမ်းတွေ အားလုံး နားလိုက်ရတယ်။ အားလုံး တရာကျော်ကျော်ပဲ။ ရုံးဘက်ကတော့ ဘာမှလည်းမပြောဘူး၊ ဆက်သွယ်မှုလည်း မရှိဘူး။ လစာတောင် ကိုးသောင်းကျော်ကျော်ပဲ ရတယ်။” လို့ အလုပ်က ရပ်နားခံထားရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။


အလုပ်က ရပ်နားခံရတဲ့ ဝန်ထမ်းအများစုက လုပ်သက် ၃ နှစ် ဝန်းကျင် ရှိနေပြီလို့လည်း ပြောထားပါတယ်။  

ပုံမှန် လစာ ၂ သိန်းကျော်ရရှိရမှာ ဖြစ်ပေမဲ့ မေလအတွက်လစာကို ဩဂုတ်လ ၁၅ ရက် ညပိုင်းမှ လွှဲပေးခဲ့တာလို့ အဲ့ဒီဝန်ထမ်းက ပြောပါတယ်။ ဝန်ထမ်းတွေကို  Myanmar Citizen Bank က EC စာချုပ် ချုပ်ပေးတာမရှိသလို ဒီလို ရုတ်တရက် အလုပ်ရပ်နားမှုက အလုပ်သမားတွေအတွက် များစွာ နစ်နာရတယ်လို့  ဆက်ပြောပါတယ်။


EC စာချုပ် (Employment Contract)ကို ဝန်ထမ်းအဖြစ် ခန့်အပ်ပြီး ရက်ပေါင်း ၃၀ အတွင်း  ချုပ်ဆို ရမယ်လို့ ၂၀၁၃ ခုနှစ် "အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ" မှာ ပြဌာန်းထား ပါတယ်။ ဒီ ဥပဒေအရ EC စာချုပ် မချုပ်တဲ့ အလုပ်ရှင်ကို ၆ လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။


ဒါ့အပြင် အလုပ်မှ ရပ်စဲမဲ့ အကြောင်း တလကြိုတင် အကြောင်းကြားဖို့ လိုပြီး ရုတ်တရက် အလုပ်ရပ်စဲပါက နို့တစ်ကြေး တလစာ အလုပ်သမားကို ပေးရမဲ့ အပြင် လုပ်သက်အလိုက် နစ်နာကြေး ပေးရမယ်လို့ အလုပ်သမား ဥပဒေမှာ ပြဌာန်းထားပါတယ်။


“EC စာချုပ်လည်းမရှိဘူး ။ အလုပ်နားတော့လည်း အလုပ်သမားဥပဒေတိုင်း လုပ်ပေးဖို့ ဝေးတယ်။ အဆက် အသွယ် လည်း မလုပ်နဲ့။ အချိန်တွေလည်း ကုန်ခဲ့တယ်။ ဒီလို အလုပ်ထုတ်သလိုမျိုးဆိုရင် တခြားမှာ လုပ်မှာ ။ တက်လမ်းမရှိ နဲ့ လစာလည်း လုံလောက်တဲ့ လစာ မဟုတ်ခဲ့ဘူး။ ဒီလို မတည်မငြိမ်ဖြစ်နေတဲ့ ကာလမျိုး မှာ အလုပ်ဖြုတ်ခံရတယ်ဆိုတဲ့ ခံစားချက်ကို ကိုယ်ချင်းစာကြည့်စေချင်တယ်။ “ လို့ အဲ့ဒီဝန်ထမ်းက ပြောပါတယ်။


Myanmar Citizens Bank က ၁၉၉၂ နှစ်မှာ တည်ထောင်ထားတဲ့ သက်တမ်းရင့် ဘဏ်တခု ဖြစ်ပါတယ်။  


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026