NEWS

Chu Yang (Myanmar) စက်ရုံက သမဂ္ဂခေါင်းဆောင်အလုပ်ထုတ်ခံရမှု ညှိနှိုင်းပြီးလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ရ

CoverLogo
601 Views

ရွှေပြည်သာ ဝါးတရာစက်မှုဇုန် အမှတ် - ၊ ဝန်ဆောင်မှုလမ်းရှိ Chu Yang (Myanmar) Garment Co, ltd အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်အလုပ်ထုတ်ခံရမှုကို အလုပ်ရှင်အလုပ်သမား ဆွေးနွေးညှိနှိုင်းခဲ့ရာ ပြေလည်မှုရပြီး  လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ရခဲ့တယ်လို့  သိရပါတယ်။ 

" ဩဂုတ် ၂ ရက်နေ့က အလုပ်ဖြုတ်ခံရတဲ့ Chu Yang Myanmar အထည်ချုပ်က  အလုပ်သမားသမဂ္ဂ ဥက္ကဌ လုပ်ငန်းခွင် သို့ ပြန်လည်ဝင်ရောက်ခွင့်ရပါပြီ " လို့ ကူညီဆောင်ရွက်ပေးသူက ဆိုပါတယ်။ 

Chu Yang (Myanmar) Garment ကသမဂ္ဂခေါင်းဆောင်အလုပ်ထုတ်ခံရမှုကို    သက်ဆိုင်ရာ ဦးစီးဌာန ကို တရားဝင် တိုင်ကြားခဲ့သလို စက်ရုံ လက်ရှိ ချုပ်နေသော အမှတ်တံဆိပ်သို့လည်းတိုင်ကြားစာပေးပို့ခဲ့ပြိး Otto group ကိုလည်းတိုင်ကြားခဲ့ပြီးနောက် အလုပ်ရှင်အလုပ်သမားနှစ်ဖက်ညှိနှိုင်းမှုကို ယခုသြဂုတ်လ ၆ရက်နေ့၊ ယခုလ ၈ရက်နေ့နဲ့ ဩဂုတ် ၂၀ ရက်နေ့တွေမှာ ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိခဲ့တာလို့သိရပါတယ်။ 

​ပြေလည်မှုစာချုပ်ချုပ်ဆိုရာမှာလည်း အလုပ်သမားကို မူလနေရာ၊ မူလရာထူး၊ မူလလုပ်သက်၊ မူလလစာဖြင့် ပြန်လည်ဝင်ရောက်ရန်၊ အလုပ်ဖြုတ်လိုက်တဲ့ ဩဂုတ်၂ရက်မှ ၂၀ရက်အထိ အငြင်းပွားမှုဖြေရှင်းနေစဥ်ကာလဒေးကြေးကို ယခုလုပ်ခလစာတွင်း ထည့်သွင်းပေးရန်၊ အလုပ်ရှင်အလုပ်သမားနှစ်ဦးလုံးက အီးစီစာချုပ်ပါအချက်များ လိုက်နာဆောင်ရွက်ရန်၊ အလုပ်ဖြုတ်လို့တိုင်ကြားတဲ့အလုပ်သမားကို အလုပ်ရှင်ကအငြိုးတေးဖြင့် ခွဲခါးဆက်ဆံခြင်းမပြုရန်နဲ့ သြဂုတ်၂၁ရက်မှစပြီး ပုံမှန်အတိုင်းအလုပ်ဆင်းရန် စတဲ့အချက်၅ချက်ဖြင့် စာချုပ်ချုပ်ဆိုခဲ့လို့ သိရပါတယ်။

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ အလုပ်သမားသမဂ္ဂဖွဲ့စည်းမှု တရား၀င်လျှောက်ထားပြီးတစ်လခန့်အကြာ အ.လ.ည ဒုဦးစီးမှူးက စက်ရုံတွင်းလာရောက်စစ်ဆေးစဉ် အလုပ်သမားအဖွဲ့အစည်း၏ အဖွဲ့ဝင်များကို HR ရုံးခန်းသို့ခေါ်ဆောင်ခဲ့ပြီး စက်ရုံမန်နေဂျာအပါ အလုပ်သမားများကို စစ်ဆေးခြင်း၊ အော်ဟစ် ပြောဆိုခြင်း၊ စက်ရုံ စကားပြန် နှစ်ယောက်မှ အဖွဲ့ဝင်အလုပ်သမားများကို ဗီဒီယို မှတ်တမ်းရိုက်ယူခြင်းများပြုလုပ်ပြီး အလုပ်သမားအဖွဲ့အစည်းရဲ့ အလုပ်အမှုဆောင်များကိုသြဂုတ်၁ရက်တွင် မြို့နယ် အလုပ်သမားညွှန်ကြားရေးရုံးသို့ လာရန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။  

သြဂုတ် ၁ ရက်တွင် အလည ရုံးသို့သွားရောက်နေစဉ် စက်ရုံမန်နေဂျာနှင့် GM တို့ကလည်း အလုပ်အမှုဆောင်များမရှိစဉ် စက်ရုံ၏ HR ရုံးခန်းအတွင်းသို့  အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင်များကို တစ်ဦးချင်းခေါ်ပြီး "နင်တို့က ဘာနားလည်လို့ အလုပ်သမားအဖွဲ့အစည်း ကိုဖွဲ့စည်းရတာလဲ၊ နင်တို့  ဘယ်နေရာမှ အလုပ်လုပ်လို့ မရအောင် Black List သွင်းပစ်မယ်၊ နင်တို့ ဒီစက်ရုံ မှာ အလုပ်မလုပ်ချင်တော့ဘူးနဲ့တူတယ်" လို့ တစ်ဦးချင်းခေါ်ယူ  ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ 

အလုပ်သမားသမဂ္ဂအဖွဲ့အစည်းရဲ့ အလုပ်သမားခေါင်းဆောင်ကို အလုပ်ထုတ်တာနဲ့ ပတ်သက်ပြီး  Otto group သို့တိုင်ကြားရေး mechanism တခု တည်ဆောက်ထားပြီး website link မှ ဝင်ရောက် တိုင်ကြားရသဖြင့်အလုပ်သမားများလက်လှမ်းမမီသည့် တိုင်ကြားရေးယန္တရားတစ်ခုလည်းဖြစ်တာကြောင့်  အဆိုပါဖြစ်စဉ်ကို STUM က တိုင်ကြားရေးယန္တရားကိုအသုံးပြုကာ တိုင်ကြားစာလည်းပေးပို့ခဲ့တာလို့ သိရပါတယ်။ 

Chu Yang (Myanmar) အထည်ချုပ်စက်ရုံဟာ  ၂၀၂၀ ခုနှစ်မတ်လ ၉ ၇က်က  ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အနေဖြင့် အမေရိကန်ဒေါ်လာ ၂.၁၃၆ သန်းရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့  တရုပ်နိုင်ငံသားပိုင် CMP စနစ်ဖြင့်လုပ်ကိုင်သည့်စက်ရုံဖြစ်ပြီး European Flax certification ရရှိထားပြီး Linen အထည်များကိုတာဝန်ယူချုပ်လုပ်သလို  EU brand အများဆုံးချုပ်တဲ့စက်ရုံဖြစ်ပါတယ်။ 

အဆိုပါစက်ရုံက  အဓိကချုပ်လုပ်နေတဲ့ကုန်အမှတ်တံဆိပ်တွေဟာ   Rainbow Brand, Bodyflirt Brand , bpc Selection Brand များဖြစ်ပြီး အဆိုပါ Brand ဂျာမဏီနိုင်ငံ၊ ဟမ်းဗက်မြို့ အခြေစိုက် Bonprix Brand ရဲ့ လက်အောက်အခွဲ Brands တွေဖြစ်တယ်လို့လည်းသိရပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026