NEWS

CHEUNG HING MYANMAR သိုးမွှေးစက်ရုံပုတ်ပြတ်စနစ်နဲ့ လုပ်ကိုင်နေရလို့ အလုပ်သမားတွေအခက်တွေ့

CoverLogo
1.1K Views

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် ငမိုးရိပ်လမ်းမှာဖွင့်လှစ်ထားတဲ့ CHEUNG HING MYANMAR (ချန်းစင်း)သိုးမွှေးစက်ရုံမှာအလုပ်သမားတွေကို ပုတ်ပြတ်စနစ်နဲ့ အထည်စံချိန်တွေအလွန်အကျွံတောင်းခံတာ အချိန်ပိုကိုဖိအားပေးဆင်းခိုင်းတာနဲ့ စက်ရုံပိတ်ရက်တွေမှာလုပ်ခရှင်းမပေးတာတွေ ပြုလုပ်နေလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"အခုစက်ရုံမှာက ဒေးကြေး ၇၀၀၀ ဆိုပြီးပေးထားတယ် ညီမတို့က အဲ့ဒါကိုမလိုချင်ဘူး အခုအလုပ်သမားတွေကို ပေးထားတဲ့ ၅၈၀၀ ကိုလိုချင်တာ အိုတီဆိုရင် တစ်နာရီကို ၁၄၀၀ အတိုင်းပဲလိုချင်တယ် အခုက ဒေးကြေး ၇၀၀၀ ပေးထားပြီး ပုတ်ပြတ်ဖြစ်သွားတာ ဘယ်လိုပြောလဲဆိုတော့ ရှင်းအောင်ပြောရရင် တစ်ရက်လုပ်ခ ၇၀၀၀ နဲ့တစ်လကို ၂၁၀၀၀၀ ရယ် တရက်မှ တပျက်ရင်ပေးတဲ့ ၁၅၀၀၀ စုစုပေါင်း ၂၂၅၀၀၀ ကျော်တဲ့ဟာကိုမှ ခံစားရတယ် တစ်လလုံးမချုပ်လောက်တဲ့အတွက် အထည်ကြေးနဲ့ မကိုက်တာ  အခုကျတော့ ပြီးခဲ့တဲ့လက ဆိုရင်စက်ရုံ ပိတ်တဲ့ ၄ ရက်စာဖြတ် တယ် ကျမက ၂ ရက်ပျက်တဲ့အတွက်တစ်လလုံးအတွက်  ၁၇၀၀၀၀ ပဲရတယ်။"လို့ အလုပ်သမကရှင်းပြပါတယ်။

အခြားစက်ရုံတွေလိုပဲ ဥပဒေသတ်မှတ်ချက်အတိုင်း ဒေးကြေး ၅၆၀၀ နဲ့ အိုတီကြေး ရရှိလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ အခုလို တစ်ရက်လျင် ဒေးကြေး ၇၀၀၀ နှုန်းနဲ့ သတ်မှတ်ခိုင်းစေတာက ၂၀၂၃ ဇွန်လမှာ စတင်ခဲ့တာဖြစ်ပြီး တစ်ရက်အလုပ်ချိန် မနက် ၈ နာရီကနေ ည ၁၀ နာရီထိ ( အရင်က ၁၁ နာရီထိ) တစ်ရက်ကို ၁၄ နာရီနှုန်း လုပ်ကိုင်နေရတာလို့ အလုပ်သမားကပြောပါတယ်။

"အထည်ကြေးနဲ့လုပ်တာကမဖြစ်နိုင်ဘူး အော်ဒါမရှိဘူးဆိုရင် ၂ ရက်တခါ ၃ ရက်တခါ ပိတ်ရင် ညီမတို့အတွက် လုပ်ခအပြည့်ပေးစေချင်တာ ကုန်ဈေးနှုန်းကလည်းကြီးတော့ လုပ်ခလစာကို အပြည့်လိုချင်တာ သူတို့ပေးတဲ့အထည်က လွယ်တာလဲရှိတယ် ခက်တာလဲရှိတယ် ချုပ်နိုင်တဲ့လူကလည်း ချုပ်နိုင်သလိုရတယ်  ည ၁၀ နာရီထိဆင်းတာတောင် မပြည့်မီတာတွေရှိတယ် "လို့ ကျွမ်းကျင်လုပ်သားဖြစ်သူ လုပ်သက်ကြာအလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေရဲ့ ခံစားခွင့်ဖြစ်တဲ့ ခွင့်ခံစားခွင့်လည်း မရရှိဘဲ အလုပ်တရက်ပျက်ပါက ဒေးကြေး ၇၀၀၀ နဲ့ ရက်မှန်ကြေး ၁၅၀၀၀ ဖြတ်တောက်ခံရပြီး စုစုပေါင်း ၂၂၀၀၀ ဖြတ်တောက်ခံရတာလို့ ဆိုပါတယ်။

"တခါတလေ ဆို ၄ ခွဲပြန်ရတာတွေရှိတယ် တခါတလေ ည ၈ နာရီ ၊ ည ၁၀ နာရီထိ လုပ်ရတာတွေရှိတယ် အလုပ်သမားတွေအတွက် အိုတီဆင်းရရင် အိုတီကြေးလိုချင်ပါတယ်။" လို့ ချုပ်လုပ်ရေးပိုင်းကအလုပ်သမားကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါစက်ရုံမှာအလုပ်သမား ၆၀၀ ကျော်နဲ့ လည်ပတ်နေပြီး  NEXT , CARTH, CELIO စတဲ့ အမှတ်တံဆိပ် တွေချုပ်လုပ်နေတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ လည်းပြောပါတယ်။

အခုလို ဒေးကြေးကို ပုတ်ပြတ်နဲ့သတ်မှတ်ထားပြီး စက်ရုံပိတ်ရက်တွေ ရှိခဲ့ရာမှာလည်း အဲ့ဒီရက်တွေအတွက် အခပေးချေတာမရှိလို့ ပေးချေစေလိုတယ်လို့ အလုပ်သမားကပြောပါတယ်။

"အလုပ်သမားတွေအပေါ်မှာချိုးဖောက်မှုတွေလုပ်တယ် ပြီးခဲ့တဲ့လ( အောက်တိုဘာ)က ၄ ရက်ပိတ်တယ် ဒေးကြေးမပေးဘူး  အောဒစ်က လာစစ်တော့ မပေးဘဲ ပေးပါတယ်ဆိုပြီးလက်မှတ်ထိုးခိုင်းတယ် ၄ ရက်ကို ၇၀ ရာခိုင်နှုန်း ပေးပါတယ် ၁၄၄၀၀ ပေးပါတယ်ဆိုပြီးတော့ လက်မှတ်ထိုးခိုင်းတာပါ။ကျမတို့ကိုတော့ အမှန်တကယ်မပေးပါဘူး"လို့ ယင်းကပြောပါတယ်။

အခုလိုအလုပ်ရှင်ဘက်က အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်နေမှုအပေါ် ဖြေရှင်းပေးစေလိုပြီး ယခင်လက စက်ရုံပိတ်ထားတဲ့ရက်တွေအတွက် လုပ်ခပေးစေလိုတာ ဖိအားပေးခိုင်းစေတာတွေ မလုပ်ဖို့နဲ့ ပုတ်ပြတ်စနစ်အစား ဒေးကြေးနဲ့ အိုတီကြေးကို သာ သတ်မှတ်ပေးဖို့လိုလားနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026