NEWS

BONTECH Manufacturing စက်ရုံ အချိန်အပို အလွန်အကျွံခိုင်းစေ ကိုယ်ဝန်ဆောင်တွေကိုပါ ညလုံးပေါက်အချိန်ပိုဆင်းခိုင်း

CoverLogo
626 Views

ရွှေပြည်သာမြို့နယ် ၊ သဘာဝမှတ်တိုင်၊ ပတ္တမြားလမ်း၊ သာဓုကန်စက်မှုဇုန်တွင် ဖွင့်လှစ်ထားသော  BONTECH  Manufacturing Company အထည်ချုပ်စက်ရုံဟာ  စက်ရုံရှိအလုပ်သမားတွေကို အချိန်ပိုအောလင်း (ညလုံးပေါက်) ခေါ်ယူလျှက်ရှိရာ ကိုယ်၀န်ဆောင် များပါမကျန်ခေါ်ယူလျှက်ရှိတာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ 

အချိန်ပိုခေါ်ယူတာနဲ့ပတ်သက်ပြီး စက်တင်ဘာ ၈ ရက် တနင်္ဂနွနေ့အား အချိန်ပို ဆင်းခိုင်းရာ အလုပ်သမားများမှ မဆင်းနိုင်ကြောင်း ပြောသဖြင့် ယနေ့ စက်တင်ဘာ ၇  ရက်နေ့စနေနေ့အား OT All Lin အားကိုယ်ဝန်ဆောင် များပါမကျန် အတင်းအကျပ် ဆင်းခိုင်းနေတာကြောင့်  အလုပ်သမားများမှ STUM အား အကူအညီတောင်းခံခဲ့ပါတယ်။

အဆိုပါ  အထည်ချုပ်စက်ရုံမှာ အချိန်ပို အောလင်း အောနိုက်ခေါ်တာတွေ မနက် (၅း၀၀) အထိ အချိန်ပိုဆင်းခိုင်းပြီး နောက်နေ့ (၁၂း၀၀) အထိ အတင်းအကျပ်ဆင်းခိုင်းတာ  အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်တာ ကိုယ်၀န်ဆောင်အလုပ်သမားပါမကျန်  အချိန်ပိုအတင်းအကျပ်ခေါ်ယူနေတာကြောင့် စက်ရုံကအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့အလုပ်သမားကပြောပါတယ်။
 
အဆိုပါစက်ရုံဟာ အလုပ်သမားတွေကို အချိန်ပိုအောနိုက် /အောလင်းခေါ်တာတွေရှိပြီး အောနိုက်ခေါ်လျှင် ည (၁၂း၀၀) အထိခေါ်ကာည ၁၂ နာရီနောက်ပိုင်း အလုပ်ဆင်းလျှင် အလုပ်သမားများက စက်ရုံတွင် ဖြစ်သလိုအိပ်ကြရပြီး မနက် (၅း၀၀) ထပြန်ရကာ နံနက် (၈း၀၀) အလုပ်ချိန်အမီပြန်ဝင်ကြရတာကြောင့် အိပ်ချိန်လုံလောက်မှုမရှိဘဲ မူးဝေတာ ကျန်းမာရေးထိခိုက်တာတွေဖြစ်ပေါ်နေတာကြောင့် အကူအညီ လိုအပ်နေတယ် လို့ သိရပါတယ်။ 

အောလင်း /အောနိုက်များကို လုပ်ငန်းလိုအပ်ချက်အရ ခေါ်ခြင်းဖြစ်လို့ အလုပ်သမားများ သဘောဆန္ဒအရ မဆင်းချင်ပါကပြန်ရန်ခွင့်ပြုပေးပေမဲ့ အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေ ကို ဖိအားပေးခိုင်းစေခြင်း၊ ကျွမ်းကျင်ကြေးချမယ်လို့ခြိမ်းခြောက် ပြောဆိုတာတွေကြောင့်  အလုပ်သမားများက မိမိသဘောဖြင့် အချိန်ပိုဆင်းခြင်းဖြစ်ကြောင်းကို လက်မှတ်ထိုးရတာတွေလည်း  ရှိနေတယ်လို့ ပြောကြားချက်အရ သိရပါတယ်။

လုပ်ငန်းခွင်မှာ  တရုတ်နိုင်ငံသားတိုက်ရိုက်အုပ်ချုပ် ခိုင်းစေနေတာရှိပြီး  အစိုးရ ရုံးပိတ်ရက်များနှင့် တနင်္ဂနွေ ပိတ်ရက်များအား အချိန်ပိုအတင်းအကျပ်ခေါ်ယူနေတဲ့အပေါ် ပြီးခဲ့တဲ့ဇွန်လလယ်ပိုင်းကလည်း  အလုပ်သမားတွေက တိုင်ကြားမှုပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

တိုင်ကြားပေမယ့် အရေးယူမှုတစုံတရာမရှိဘဲ ယခုထပ်မံပြီးတော့  ကိုယ်၀န်ဆောင်အလုပ်သမားကိုပါ  အချိန်ပိုအတင်းအကျပ်ခေါ်ယူလာတာလို့ ပြောပါတယ်။ 

စက်ရုံသည် ယခင်က မြေကွက်အမှတ်(၄)၊ မြေတိုင်းရပ်ကွက်အမှတ်(င-၁၂)၊ သာဓုကန်စက်မှုဇုန်မှာ Yangon Panatex အထည်ချုပ်အမည်နှင့် ဖွင့်လှစ်ခဲ့ရာမှ  Bontech Manufacturing Garment အမည်ဖြင့်ပြောင်းလဲဖွင့်လှစ်ပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ကာ (COVER GUARD / PIONEER/ Tech-Wear/ VIZWELL) စတဲ့ အမှတ်တံဆိပ်တွေကို အလုပ်သမားဦးရေ (၇၀၀) ဝန်းကျင်ချုပ်လုပ်နေပြီး အောလင်းအောနိုက်ခေါ်ယူရာမှာ အလုပ်သမား ၁၅၀ ကနေ ၂၀၀ ၀န်းကျင်အထိခေါ်ယူတယ်လို့ သိရပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026