NEWS

BOHUA FASHION အထည်ချုပ်စက်ရုံမှာ ဆဲဆိုပြီး အထည်စံချိန် နှစ်ဆ တောင်း

CoverLogo
916 Views

BOHUA FASHION အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်ထဲမှာ တာဝန်ရှိသူတွေက အလုပ်သမားတွေကို စံချိန် (Hourly) တောင်းခံရာ အလုပ်သမားများမချုပ်လုပ်နိုင်သော စံချိန် နှစ်ဆတိုး တောင်းဆိုပြီး ဆဲဆိုမှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေ Myanmar Labour News ကို ပြောပါတယ်။ 


“ အလုပ်သမားတဦးကို ချုပ်နိုင်တာ ၂၀လောက်ဆို စက်ရုံဘက်က ၄၅တည်ကနေ ၅၀ အထိ တောင်းတယ်။  သူတို့ ဘက်ကတောင်းသလောက် အလုပ်သမားတွေက မပေးနိုင်ရင် အပျင်းခိုတယ်၊ -ာသယ်မတွေ၊ ငါ တောင်းသလောက်မပေးနိုင်လျှင် အလုပ်ထွက်ကြ လို့ အောစူပါ၊ စူပါတွေက နေတိုင်းဆဲဆို နေတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။ 


BOHUA FASHION အထည်ချုပ်စက်ရုံက အောစူပါ၊ စူပါတွေဟာ မတရားပြောဆိုတဲ့အပြင်  ခွဲခြား ဆက်ဆံမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ 


“အထည် စံချိန်ကို မရရအောင် ဖိအားပေးတယ်။ စကားကို မှန်မှန်ကန်ကန် မပြောဘူး။ လကုန်ရင် ဒေးကြေး ၅၆၀၀ ပေးမယ်ဆိုပြီး တလလုံး အလုပ်လုပ်ပြီးမှ အစည်းဝေးခေါ်ပြီး အထည်စံချိန်မရလို့ ဒေးကြေး (၄၈၀၀)ကျပ် ပဲပေးတော့မယ်ဆိုပြီး ပြောတယ်။ အလုပ်သမားတွေကြားထဲမှာ ဘက်လိုက်တယ်၊ ခွဲခြားဆက်ဆံတယ်။ အချိန်ပိုခေါ်တာတောင် စက်လိုင်းကို ရွေးသေးတယ်။ ပြီးတော့သူတို့မလိုအပ့်တဲ့ line က.. လူတွေဆိုတစ်လိုင်းလုံးကိုဖျက်ပစ်ပါတယ်ဘာကြေးညာကြေးဆိုပြီး....ဥဗမာ=သီတင်းကျွတ်ကန်တော့ဖို့ဆိုပြီး တ ယောက်ကို ၄၀၀၀ တောင်းပါတယ် စက်ရုံရှိလူအကုန်လုံးကိုတောင်းတာ ညမတို့အတွက်၄၀၀၀ ဆိုတာတန်ဖိုးရှိပါတယ်ညမမတို့ကမရှိပါဘူး မရှိလို့လုပ်စားတာကိုမတရားလဲခိုင်းသေးအလုပ်သမားတွေ ဆီကပိုက်ဆံလဲပြန်တောင်းပါသေးတယ်” လို့ အလုပ်သမား တဦးက ရှင်းပြပါတယ်။ 


စက်ရုံက အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းရာမှာလည်း စက်လိုင်းတွေကို ရွေးချယ်ခေါ်ယူသလို သက်မှတ် အထည်မပြီးပါက အချိန်ပိုလုပ်ခမရဘဲ အလကားလုပ်ကိုင်ပေးရတယ်လို့ လည်း အလုပ်သမားတွေက ရှင်းပြပါတယ်။ 


ဒါ့အပြင် အချိန်ပိုလုပ်ကိုင်ရာ စားသောက်ရေးကို ဂရုစိုက် စီစဉ်တာမရှိသလို နေအိမ် အပြန်အတွက် ဖယ်ရီ ပေးတာလည်း မရှိတာကြောင့် အမျိုးသမီးအလုပ်သမားတွေအတွက် လုံခြုံမှု မရှိဘူးလို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပြပါတယ်။ 


“အရေးကြီးလို့ဆိုပြီး အချိန်ပိုအိုတီကို စက်လိုင်းတွေရွေးပြီးခေါ်တယ်။ အလုပ်ရှင်ဘက် ကတောင်းတဲ့ အထည်ကိုမရရင် ချိန်ပိုကြေးမရတော့ဘူး။  အလကားဆင်းပေးရပါတယ်။ အောနိုက်၊ အောလင်းတွေ ခေါ်လို့ စက်ရုံက ထမင်းကျွေးလည်း ေ-စာ သာသာပဲ စားရတယ်။ အောလင်းခေါ်ပြီး၊ မနက် ၄ နာရီ ဖယ်ရီမပေးဘဲ ပြန်ခိုင်းတယ်။ ကိုယ်အစီစဥ်နဲ့ပြန်ရတဲ့ မိန်းကလေးတွေအတွက် မလုံခြုံမခြုံနဲ့ အချိန်ပိုကို မဆင်းမနေရ ခေါ်ပြီး စက်ရုံဘက်က ဘာမှကို တာဝန်မယူမရှိတာ” လို့ ပြောပါတယ်။ 
စက်ရုံ လုပ်ငန်းခွင်ထဲမှာ ဆေးပေးခန်းနဲ့ ဆေးပစ္စည်းမရှိသလို ၊ အလုပ်သမားတွေ အသုံးပြုတဲ့ ရေအိမ် ၄  လုံးဟာ လုံခြုံမှုမရှိဘူးလို့ အမျိုးသမီးအလုပ်သမား က ဆက်ပြောပါတယ်။ 


“ လုပ်ငန်းခွင်က ဆေးပေးခန်းလည်းမရှိ၊ဆေးလည်မရှိနဲ့။ အလုပ်လုပ်နေရင်း ထိခိုက်ရင်တောင် ပလာစတာတို့ ၊ အရက်ပြန်တိုတောင် မရှိဘူး။  အလုပ်သမားတွေအတွက် အိမ်သာက ၄လုံးပဲရှိတာ အဲဒီထဲမှာ  တလုံးက မကောင်းဘူး၊ နောက် သုံးလုံးကြတော့လည်း တံခါးတွေမကောင်းဘူး။ မိန်းကလေးဆိုတော့ ဘယ်လို သုံးကြမလဲ၊ စဉ်းစားသာကြည့်ပါ” လို့ ပြောပါတယ်။ 
စက်ရုံကို စစ်ဆေးရေးအဖွဲ့တွေလာရောက်တိုင်း  အလုပ်သမားတချို့ကို စက်ရုံဘက်က ရွေးချယ် ကြိုတင် သင်ထားပေးပြီး ၊ သင်ကြားထားတဲ့အတိုင်း ဖြေကြားခိုင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 


BOHUA FASHION CO,LTD ကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က  အတွင်းဝန်လမ်းမှာ ရှိပြီး အလုပ်သမား ၅၀၀ လောက်နဲ့ လုပ်ငန်းလည်ပတ်နေတယ်လို့ သိရပါတယ်။ 


စက်ရုံကတော့ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး kids၊ NKD စတဲ့ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောကြားထားပါတယ်။ 
#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026