NEWS

Alpha Ecc ကုမ္ပဏီ ဗဟိုဘဏ် ဒေါ်လာဈေးနှင့် လစာရှင်းပေး၊ ဝန်ထမ်းများ အခက်အခဲများစွာ ဖြစ်နေ

CoverLogo
617 Views

ကျွန်တော်တို့က Alpha Ecc ကုမ္ပဏီ က ၀န်ထမ်းတွေပါ။ ကုမ္ပဏီကတော့ ဒဂုံဆိပ်ဆိပ်ကမ်းစက်မှုဇုန်မှာပါ။ Oil and gas offshore service (ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှု)  လုပ်ငန်းတွေ လုပ်ပါတယ်။

ကျွန်တော်တို့ ဝန်ထမ်းတွေလည်း ဒေါ်လာနဲ့ လုပ်ခလစာ ရတဲ့ ၀န်ထမ်းတွေပါ။ ဒါပေမဲ့ ကုမ္ပဏီဘက်က လုပ်ခလစာကို ရှင်းပေးတဲ့ပုံစံက မတရား ခံနေရလို့ပါ။

ဝန်ထမ်းတွေကို ဗဟိုဘဏ်သတ်မှတ်စျေး ၂၁၀၀ နဲ့တွက်ချက်ပြီး ကုမ္ပဏီက လုပ်ခလစာ ရှင်းပေးပါတယ်။ ဒီလိုနည်းနဲ့  Alpha Ecc Myanmar ကုမ္ပဏီ တာဝန်ရှိသူတွေက ဝန်ထမ်းတွေကို ခေါင်းပုံဖြတ်နေတာပါ။ 
ဒေါ်လာကို ပုဂ္ဂလိကဘဏ်တွေကနေ ၃၄၀၀ ၀န်းကျင်နဲ့ တရားဝင် ရောင်း၀ယ်ခိုင်းတာ ဗဟိုဘဏ်ကလည်း ကြေညာထားတာလည်း သိပြီး ဖြစ်မှာပါ။

အဲ့ဒါကို ပုဂ္ဂလိကဘဏ်ပေါက်ဈေးအတိုင်း လစာရှင်းပေးဖို့ ၀န်ထမ်းတွေ စုပြောတော့လဲ အမျိုးမျိုး အကြောင်းပြပြီး  မပေးပါဘူး ။ 
ကုမ္ပဏီကတော့ ဖေါက်သည်တွေ  Client ဆီက ဒေါ်လာနဲ့ယူပြီး ဝန်ဆောင်မှု ပေးပါတယ်။ 
ပုဂ္ဂလိက ဘဏ်တွေက သတ်မှတ်ထားတဲ့ ဒေါ်လာစျေး ၃၄၀၀ ဝန်းကျင်နဲ့ ကုမ္ပဏီက ထုတ်ရောင်းတယ်၊ ဝန်ထမ်းတွေကိုတော့  ၂၁၀၀ နဲ့ပဲ လစာကို ရှင်းပေး နေတာပါ ။ ဝန်ထမ်းတွေမှာ  သိရက်နဲ့ ခံနေရတာပါ။ 
ခေက်ပျက်မို့ ဒီလို ရှင်းပေးတာ မကြိုက်ရင် အလုပ်ထွက်  ဆိုပြီး လုပ်ချင်သလို လုပ်နေတာပါ။

ကျွန်တော်တို့ ကုမ္ပဏီက အလုပ်သမား အငှားကုမ္ပဏီပါ ။ လစာကို UAB ဘဏ်နဲ့ လစာ ပေးပါတယ် ။ UAB ဘဏ်မှာ တဒေါ်လာ ၃၃၇၆ ကျပ် ဈေးဖွင့်တာကို တွေ့နေရပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေကိုတော့  ဗဟိုဘဏ် ပေါက်စျေး ၂၁၀၀ နဲ့ပဲ ရှင်းပေးပါတယ်။ စျေးက အတော်တော် ကွာတာကို  တွေ့ရမှာပါ။

ဖေါက်သည် Client ဆီက ရတဲ့ ဝန်ဆောင်ခ ဒေါ်လာတွေကို ကုမ္မဏီ bank acc ထဲကနေ Myanmar plaza အပေါ်ဆုံးထပ်က VVIP bank မှာ တဒေါ်လာ ၃၄၀၀ ဝန်းကျင်နဲ လဲလှယ်တယ်။ လုပ်ခလစာကိုတော့ UAB ဘဏ်မှာ  ကျပ် ၂၁၀၀  စျေးနဲ့ လစာ တွက်ပေးတာပါ။  ဝန်ထမ်းအလုပ်သမားတွေမှာ တဒေါ်လာကို ၁၃၀၀ ဝန်းကျင် နစ်နာပါတယ်၊ ကုမ္ပဏီတာဝန်ရှိသူတွေရဲ့ လူလည်လုပ်တာ ခံနေရပါတယ်။

ကျွန်တော်တို့မှာ လစာကို  ဒေါ်လာနဲ့ ရတယ်ဆိုပေမဲ့၊ ရတဲ့ လစာက အောက်ခြေ အလုပ်သမားက တစ်လ ဒေါ်လာ ၁၅၀ ပါ ၊ လုပ်သက်ကြာတဲ့သူက ဒေါ်လာ ၃၀၀ ၀န်းကျင်၊  Super အဆင့်မှ ၄၀၀ ပဲ ရကြတာပါ။ ကုမ္ပဏီက လစာ ရှင်းပေးတဲ့ ဒေါ်လာဈေးနဲ့ တွက်ကြည့်ရင် ဘာမှ မရတာတွေ့ရမှာပါ။
ကုမ္ပဏီမှာ ဝန်ထမ်း  ၁၀၀ နဲ့ ၁၂၀ ကြားထဲ ရှိပါတယ်။ လူသစ်တွေ ထက်ခန့်ထားတာရှိပါတယ်။  ဗီယက်နမ် ရှယ်ယာ နိုင်ငံခြားကုမ္မဏီပါ။ 

#အချက်အလက်  (Alpha ECC Myanmar Private Limited စက်ရုံဟာရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်ထဲက ကွမ်းအစ်မင်းသားကြီးလမ်းမှာ ရှိပါတယ်။ ရှာဖွေထားတဲ့ အချက်အလက်တွေအရ ဗီယက်နမ်နိုင်ငံမှာ အခြေစိုက် တဲ့ ကုမ္ပဏီလို့  သိရပါတယ်။ မြန်မာနိုင်ငံက ကုမ္ပဏီမှာတော့ လုပ်သား ၁၀၀ ဝန်းကျင် ရှိပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါ အကြောင်းပြပြီး ကုမ္ပဏီဘက်က လစာ ၇၀ ရာခိုင်နှုန်း ဖြတ်ထောက်ထားလို့ Myanmar Labour News မှာ သတင်းဖော်ပြဖူးပါတယ်။ အဲ့သတင်းဖော်ပြ အပြီး GM အပြောင်းအလဲ ပြုလုပ်ခဲ့တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီ GM တာဝန်ကို အိန္ဒိယနွယ်ဖွားတဦးက ဦးဆောင် လုပ်ကိုင် နေတယ်လို့ သိထားပါတယ်။ ) 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026