NEWS

S-M MYANMAR အထည်ချုပ်စက်ရုံ မှာ လစာတိုးပေးပြီး ကျွမ်းကျင်ကြေးတွေဖြတ်တောက်လိုက်တာကြောင့် အလုပ်သမားများအခက်အခဲဖြစ်နေ

CoverLogo
1.2K Views

အလုပ်သမားတွေကို  ဒေးကြေး အမြင့်ဆုံး (၇၀၀၀)  အနိမ့်ဆုံး (၅၂၀၀)ကျပ်ကို မကြာသေးခင်အချိန်က တိုးမြှင့်ထားပြီး ဒေးကြေးမတိုးခင်က သတ်မှတ်ထားတဲ့ ကျွမ်းကျင်ကြေးများကို အလုပ်ရှင်ဘက်က လျော့ချလိုက်တာကြောင့် ယခင်ရရှိတဲ့လစာထက်လျော့နည်းသွားလို့ အခက်တွေ့နေတယ်လို့ လှိုင်သာယာမြို့နယ် ရွှေသံလွင် စက်မှုဇုန် ၄ မှာဖွင့်လှစ်ထားတဲ့ S-M MYANMAR Garment CO,LTD   အထည်ချုပ်စက်ရုံလုပ်သားတွေကပြောပါတယ်။

ကျွမ်းကျင်ကြေးအဖြစ်  A++(၉၀၀၀၀)၊ A+(၇၀၀၀၀)၊ A (၅၀၀၀၀)၊ B( ၃၀၀၀၀)၊ C (၂၀၀၀၀) ကျပ်ရရှိသော်လည်း လစာတိုးပေးပြီးသောအခါ ကျွမ်းကျင်ကြေးများကို A++၊ A+၊ A အဆင့်သမားများမှာ (၂၀၀၀၀) ကျပ်၊ B,C အဆင့်သမားများကို (၁၀၀၀၀) ကျပ်အဖြစ်သို့   ဂရိတ်ကြေးများကို လျော့ချပြီး ပေးခြင်းကြောင့် အလုပ်သမားများ လစာလျော့နည်းသွားတာကြောင့် အဆင်ပြေမှုမရှိဘူးလို့အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၂၀၀ ဝန်းကျင်နဲ့ mayorl အမှတ်တံဆိပ်ချုပ်လုပ်နေတာလို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ  အလုပ်သမားများ၏ ဥပဒေပါခံစားခွင့် ခံစားခွင့်ဖြစ်သော ရှောင်တခင်ခွင့်၊ လူမှုဖူလုံရေးဆေးခွင့်များကို ခံစားခွင့်မပေးခြင်း၊ ထိုခံစားခွင်မပေးသည့်အပြင် အလုပ်သမားများ အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး  (၇၀၀၀) ကျပ်၊ (၅၂၀၀)ကျပ်၊  ရက်မှန်ကြေး (၂၀၀၀၀)ကျပ်၊ အလုပ်သမားလစာထဲမှ ဖြတ်တောက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

"အလုပ်သမားတွေဘက်က တခါတလေ နေမကောင်းလို့ အလုပ်ပျက်တာမျိုးကိုမလိုချင်ဘူးလို့ ပြောတယ် ခွင့်ယူတာနဲ့ အလုပ်ထွက်ရမယ်လို့ ဖိအားပေးတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲတွင် အလုပ်သမားများ မချုပ်လုပ်နိုင်သော စံချိန်များကို မတရားတောင်းခံခြင်း၊ စက်လိုင်းတစ်လိုင်းထဲတွင် စူပါ၊ အလုပ်သမား (၄၀) ရှိပြီး လိုင်းပေါက်အထည်ထွက် (၃၅) ထည်ပေးရခြင်း၊ အဆိုပါ အနွေးထည်အထည်များမှာ ချုပ်လုပ်ရသည့်မှာ ခက်ခဲခြင်း၊ ချုပ်လုပ်သူ လူနည်းခြင်းကြောင့် အိမ်သာမသွား၊ ရေမသောက်ဘဲ အထည်ပြည့်မှီရန် အသဲအသန်ချုပ်လုပ်ရခြင်း၊ ထိုသို့ချုပ်လုပ်ရာတွင် အလုပ်ရှင်ဘက်မှ စံချိန်တောင်းသလောက်မပေးနိုင်သော အလုပ်သမားများကို "အလုပ်မလာနဲ့တော့"ဟုပြောပြီး ဖိအားပေးခိုင်းစေတာတွေရှိတယ်လို့ ဆိုပါတယ်။  


"စံချိန်မပေးနိုင်တဲ့အလုပ်သမားကို အောစူပါ စူပါတွေက ဆဲဆိုတာတွေ ဂုဏ်သိက္ခာမရှိအောင် အော်ဟစ်ပြောဆိုတာတွေ နေ့တိုင်းလုပ်ပါတယ် အထည်စံချိန်မပေးနိုင်ဘူးဆိုရင် မိမိဆန္ဒနဲ့အလုပ်ထွက်ရပါတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမား သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ခံစားခွင့်ရှိသော ခွင့်များပေးရာတွင် ခွဲခြားဆက်ဆံပြီး မပေးရန်၊ အလုပ်ရှင်မှ လျော့ချလိုက်သော ဂရိတ်ကြေးကို  ယခင်အတိုင်းပြန်းပေးရန်၊ အောစူပါ၊ စူပါများမှအလုပ်သမားများကို ဆဲဆိုခြင်း မပြုလုပ်ရန်နှင့်လုံခြုံရေးများမှ အော်ဟစ်ဆဲဆိုခြင်း မပြုလုပ်ရန်၊ လစာထုတ်ပေးရာတွင် အလုပ်ချိန်ထဲတွင်သာ လစာထုတ်ပေးရန်၊  အလုပ်သမားချုပ်လုပ်နိုင်သော စံချန်ကိုသာတောင်းခံရန်စတာတွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews
 


Related posts

Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026