NEWS

MoU ဖြင့်ဝင်ရောက်လာတဲ့ အလုပ်သမား ၈ဝ ကျော် ၃ ရက်သာအလုပ်ဆင်းရလို့ အခက် အခက်အခဲကြုံတွေ့နေ

CoverLogo
964 Views

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဝရိန်လုပ်ငန်း၌ဝင်ရောက်လုပ်ကိုင်ဖို့ နှစ်နိုင်ငံသဘောတူစာချုပ် MoUဖြင့် စာချုပ်ချုပ်ဆိုပြီးဝင်ရောက်လာတဲ့ MoU မြန်မာအလုပ်သမား၈၀ ကျော် လုပ်ငန်းခွင်မှာ၃ရက်သာ ဝင်ရောက်ခဲ့ရလို့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမား၈၀ ကျော်ဟာ ပြည်ပကိုအလုပ်သမားစေလွှတ်နေတဲ့ အောင်ဘုဏ်းမြတ်ဟိန်း အေဂျင်စီမှ စာချုပ်ဖြင့် စေလွှတ်ခဲ့သူများဖြစ်ပြီး  စာချုပ်ပါလုပ်ငန်းခွင်၌ ၃ရက်တည်းသာလျှင်အလုပ်ဆင်းရပြီး  တစ်လခန့်ကြာအလုပ်မဆင်းရတာကြောင့် နေရေးစားရေး အ ခက်များကြုံတွေ့နေရလို့ ထိုင်းရောက်မြန်မာအလုပ်သမားကိုကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့သို့ အကူညီတောင်းခံလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

" MOU အလုပ်သမား ၂၀၀ ကျော်ကိုဝန်ဆောင် ခတွေအဆမတန်ယူပြီးပို့ထားတဲ့ Aung Phone Myat Hein အေဂျင်စီမှတာဂန်ရှိသူများအမြန်ဆုံးတာဝန်ယူဖြေရှင်းပေးပါ။ ထိုင်းနိုင်ငံချွန်ဘူရီတွင် ရောက်ရှိနေသောMOUအလုပ်သမား
ပထမတစ်သုတ် ၄၀ ဦးနှင့်ဒုတိယတစ်သုတ် ၄၅ဦး စာချုပ်ပါစည်းကမ်းများချိုးဖောက်ခံရသဖြင့်ထပ်မံပြီးကိုရဲမင်းဦးဆောင်သော MHAC မဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာ" တယ်လို့ ၎င်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ အလုပ်သမား​တွေဟာ အခြားမြန်မာ MoU အလုပ်သမား ၁၆၆ ဦးနှင့်အတူ ချွန်ဘူရီခရိုင်ရှိ ဝရိန်လုပ်ငန်း၌ အ လုပ်လုပ်ကိုင်ရန် အောင်ဘုဏ်းမြတ်ဟိန်း အေဂျင်စီနှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီ ၆ ရက်က ပုသိမ်မြို့တွင် စာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပြီး အေဂျင်စီအား ဝန်ဆောင်ခအဖြစ်တစ်ဦးလျင်ငွေကျပ် ၂၆ သိန်းမှ သိန်း ၃၀ အထိပေးချေကာ  မေ ၉ ရက်မှာ စမတ်ကတ်ရိုက်ပြီး မေလ ၁၂ ရက်မှာတော့  ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မေ၁၆ ရက်မှစ၍ ၃ရက်သာ အလုပ်ဆင်းခဲ့ရတယ်လို့ ဆိုထားပါတယ်။

အဲ့ဒီအလုပ်သမား ၈၀ ကျော်က အလုပ်မဆင်းရတာ တစ်လခန့်အထိရှိလာလို့ အခက်အခဲအခဲများကြုံတွေ့နေတဲ့အ​ပေါ်  အောင်ဘုဏ်းမြတ်ဟိန်း အေဂျင်စီထံ ဆက်သွယ် ပြောဆိုခဲ့ပေမဲ့ ဖြေရှင်း ပေးခြင်းမရှိလို့ ယခုလို အလုပ်သမားရေးကူညီသူများထံသို့ အကူညီတောင်းခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
လစာနှင့်နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်သည့်သူဌေးကို အလုပ်သမားရုံးသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၈၀ အလုပ်ပြန်ရ
Jun 28, 2025
Cover
အဝေးပြေး ဘတ်စ်ကား ဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅၀ ခန့် အထောက်အထားမရှိသဖြင့် ထိုင်းရဲ ဖမ်းဆီး
Jun 28, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် ရွှေ့ပြောင်း လုပ်သား ၁၃၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့
Jun 28, 2025
Cover
စာရွက်စာတမ်းအတုဖြင့် အေဂျင်စီ များထံ အချက်အလက် တောင်းယူမှုရှိနေဟုဆို
Jun 26, 2025
Cover
ပြည်ပထွက်ခွင့် တင်းကျပ်မှုကြောင့် အလုပ်သမားတွေ ချေးငွေပိကာ နစ်နာဆုံးရှုံးမှုများနေ
Jun 24, 2025
Cover
ကန်ချနဘူရီတွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ ကျော်အဖမ်းခံရ
Jun 23, 2025
Cover
ထိုင်းနိုင်ငံရေးအခြေအနေကြောင့် ရွှေ့ပြောင်းလုပ်သား သက်တမ်းတိုးလုပ်ငန်းစဉ်ကြန့်ကြာမည်ကို စိုးရိမ်ရ
Jun 22, 2025
Cover
လုံခြုံရေးစိုးရိမ်ရမှုကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို နေရပ် ပြန်မပို့ဖို့ ACR တောင်းဆို
Jun 20, 2025