NEWS

စက်ရုံ အလုပ်ရုံအတွင်းအပူလွန်ကဲမှုတွေကို ဖြေရှင်းပေးရန်အလုပ်သမားတွေလိုလားနေ

CoverLogo
1.6K Views

ရန်ကုန်မြို့အတွင်းက စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ အခြေခံအလုပ်သမားအများစုဟာ ရာသီဥတုအပူချိန်လွန်ကဲမှုနဲ့အတူ စက်ရုံတွင်းလေ၀င်လေထွက်မကောင်းတဲ့ အပူဒဏ်တွေကြောင့် ချွေးထွက်လွန်မူးဝေနေတာတွေဖြစ်နေလို့  အကူညီတောင်းခံလာတာတွေရှိနေတယ်လို့  အလုပ်သမားအဖွဲ့အစည်းများထံမှ သိရပါတယ်။

“အလုပ်သမားတွေအနေနဲ့ ရာသီဥတုပူပြင်းလွန်းတဲ့အတွက် အပူဒဏ်ကိုခံစားနေရတဲ့ အချို့စက်ရုံတွေရှိပါ တယ်။တိုင်ကြားလာတာတွေလည်းရှိပါတယ်။  အလုပ်ရုံစစ်ဆေးရေးတွေက  သေချာစစ်ဆေးမှုတွေမလုပ်ပေးတော့ လေ၀င်လေထွက်မကောင်းတာနဲ့အခန်းတွင်းအပူချိန်များတာတွေဖြစ်ပေါ်နေပြီး  အလုပ်သမားတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဘဲ ဓာတ်ဆား၀ယ်သောက်ရတာတွေလုပ်နေရပါတယ်”လို့  ဆိုပါတယ်။

လတ်တလောကာလတွေမှာ အပူချိန်ပြင်းထန်လို့ အလုပ်မလုပ်နိုင်တဲ့အထိဖြစ်နေရလို့ စံချိန်တွေမမီ အလုပ်မလုပ်နိုင်ဘဲမူးမော်တာ တွေပါရှိလာလို့ ခွင့်ယူရတဲ့အခါမှာလည်း လစာဖြတ်တောက်ခံရမှုတွေ ရှိတဲ့အပြင် စံချိန်မပြည့်မီပါက  အချိန်ပိုဆင်းပေးရတာတွေလည်းရှိနေတာကြောင့်  အလုပ်သမားတွေ ဟာ စက်ရုံမှာအခက်အခဲဖြစ်ပေါ်မှုများပြားလာတာကြောင့်  သမဂ္ဂတွေဆီမှာအကြံဥာဏ်တောင်းခံတာတွေ ဆွေးနွေးတိုင်ပင်တာတွေ ထုတ်ဖော်ပြောဆိုလာတဲ့စက်ရုံတွေအများအပြားရှိလာတယ်လို့ သိရပါတယ်။

“ရွှေပြည်သာထဲမှာတင်လာအကူညီတောင်းခံတာ ၄ရုံရှိတယ်။ အခြားစက်ရုံတွေရောများပါတယ်။ သူတို့လာပြောတာတွေကို သူတို့စိတ်ပူတယ်စိုးရိမ်ကြတယ် သူတို့ကိုငြိုးတေးထားခံရမှာတွေကိုကြောက်နေတယ်။ လျို့ဝှက် ထားပေးပါမတိုင်ချင်တော့ဘူးဆိုတာတွေလည်းအများကြီးပါပဲ။  ကျွန်မတို့စက်ရုံကတော့ ဒီအပူရှိန်ပြင်းထန်လို့ အလုပ်သမားတွေအလုပ်မလုပ်နိုင်ဖြစ်နေတာကို သူတို့အတတ်နိုင်ဆုံးဆောင်ရွက်ပေးမယ်ဆိုပြီး ညှိနှိုင်းပြီးလို့အဆင်ပြေသွားတယ်”လို့  အလုပ်သမားသမဂ္ဂအဖွဲ့၀င်အလုပ်သမားတစ်ဦးကဆိုပါတယ်။

အဲ့ဒီလိုအပူရှိန်ပြင်းထန်တဲ့အပြင်  အလုပ်သမားများအပူဒဏ်သက်သာစွာဖြင့်  ၀င်ရောက်လုပ်ကိုင်နိုင်ရန်နဲ့ စက်ရုံအတွင်းကဆေးပေးခန်းတွေမှာ  အပူလွန်ကဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ကျန်းမာရေးလိုအပ်ချက်များကိုပါ စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ကို အကူညီတောင်းခံလာတဲ့စက်ရုံတွေရဲ့  ကုန်အမှတ်တံဆိပ်များထံသို့  အကြောင်းကြားဖို့ဆောင်ရွက်နေတယ်လို့  အလုပ်သမားအဖွဲ့ချုပ်တစ်ခုကဆိုပါတယ်။

“အရမ်းပူလို့ခေါင်းတွေမူးလာရင် စက်ရုံကဆေးခန်းမှာခဏနားပြီး အလုပ်ပြန်လုပ်ကြတယ်လို့ အလုပ်သမားကပြောလာတယ်။ ဘာလို့လဲဆိုသူတို့နားလိုက်ရင်ပိုက်ဆံတွေမတရားဖြတ်တောက်ခံရလို့ပါတဲ့။ အလုပ်သမားတွေကတော့  မတိုင်ချင်ဘူး။ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ကပါ။ ကုန်အမှတ်တံဆိပ်ကိုအဖွဲ့ချုပ်အနေနဲ့ အကြောင်းကြားဖို့လုပ်နေပါပြီ ”လို့ ၎င်းကဆိုပါတယ်။
 
အပူချိန်မြင့်မားမှုကြောင့်  လုပ်ငန်းခွင်တွင်းအခက်အခဲဖြစ်လို့  အကူညီတောင်းခံလာကြတာတွေဟာ  မင်္ဂလာဒုံ၊လှိုင်သာယာနဲ့ရွှေပြည်သာစတဲ့ စက်မှုဇုန်တွေထဲကစက်ရုံတွေက အလုပ်သမားတွေဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews 
Photo-အထည်ချုပ်လုပ်ငန်းခွင်တစ်ခု။


Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026