NEWS

Myanmar LNY CAPS Co,Ltd စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများရှိနေ

CoverLogo
1.8K Views

နာမည်ကြီး အမှတ်တံဆိပ် ဦးထုတ် တွေ ချုပ်လုပ်ပြီး အမေရိကန် နိုင်ငံကို တင်ပို့ နေတဲ့ စက်ရုံဖြစ်တဲ့ Myanmar LNY CAPS Co,Ltd (ဦးထုပ်)စက်ရုံမှာ နေ့စားအလုပ်သမားတွေကို ၃၆၀၀ ကျပ်နှုန်းနဲ့ ခိုင်းစေနေပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်နေတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ အဆိုပါ စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေထံက သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) မက္ခရာမင်းကြီး မောင်ပျိုလမ်း  နှင့် ဒီပဲရင်းဝန်ထောက် ဦးမြဲ လမ်းထောင့်မှာ ဖွင့် လှစ်ထားတဲ့ အဆိုပါ စက်ရုံသည် ရုံ ၂ ဖြစ်ပြီး အလုပ်သမား ၇၅၀ ကျော်နဲ လည်ပတ်နေကာ လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ချုပ်လုပ်နေတဲ့ အမှတ်တံဆိပ်တွေ ကတော့ 47 CLEAN UP, FITCAP,OTTO, CAPAMERICA စတဲ့အမှတ်တံဆိပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လုပ်ငန်းလို အပ်ချက်အရဆိုကာ နေ့စားအလုပ်သမားတွေ ခေါ်ယူတာရှိပြီး ခေါ်စဉ်က ဒေးကြေး ၄၈၀၀ ကျပ်ပေးမည်ဟုဆိုထားပြီး နေ့စားသမားများကို လစာထုတ်ပေးရာမှာတော့ ၃၆၀၀ ကျပ်နှုန်း နဲ့သာရှင်းပေးတယ်လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ စူပါ လီတာများနှင့် သိကျွမ်းပြီး အလုပ်ဝင်ပါက အမြဲတမ်းဝန်ထမ်းအဖြစ်အလုပ်ရတာ နေ့စား အလုပ်သမားတွေကတော့ အစမ်းခန့် ၃ လကျော်သော်လည်း အမြဲတမ်းဝန်ထမ်းခန့်အပ်မခံရတာ စတဲ့ ခွဲခြားဆက်ဆံခံရမှုတွေ လည်းဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ဝင်ရောက်ပြီး ရက်အနည်းငယ်အတွင်း အလုပ်မှ ထွက်ပါက လုပ်ခရှင်းမပေးတာ စူပါ လီတာများရဲ့ ညွှန်ကြားချက်ကို လိုက်နာမှုမရှိပါက လုပ်ခလစာ ဖြတ်တောက်တာ ရာထူးချတာ အလုပ်မှ ထုတ်ပယ်တာ တွေ လည်း ပြု လုပ်တာတွေ ရှိနေတယ်လို့ အလုပ်သမားက ပြောပါတယ်။

လက်ရှိ လုပ်ငန်းခွင်ထဲမှာ အထည်ချုပ်စဉ် ပဲကျပါက လစာဖြတ်တောက်တာ ရှိပြီး အလုပ်သမားများမှ ကျေနပ်မှုမရှိတာကြောင့် လစာ ဖြတ်တောက်မှုအစား ဝမ်တိမ် လက်မှတ်ထိုးခိုင်းတာတွေ ပြုလုပ်ပြီး ဝမ်တိမ် မထိုးပါက လစာဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။

"အလုပ်သမားများအနေနဲ့လုပ်ခလစာထဲကနေ  သာမန်အထည်ပဲကျတာနဲ့  ဝမ်တိန်းထိုလျှင် ထိုး မထိုးလျှင် လစာထဲကနေ ငွေကြေးဖြတ်တောက် တယ်  ဘယ်လောက်ဖြတ်မယ်ဆိုတာတောင် မပြောဘဲ သူတို့ စိတ်ကြိုက်ဖြတ်တာ  စူပါလီတာ တွေကနေပြီးတော့ လည်း စံချိန်တွေ တိုးတောင်းတာ ဖိအားပေး ခိုင်းတာ တွေ လုပ်ပါတယ် အထည်စံချိန် မပြည့်ရင် တနင်္ဂနွေ ပိတ်ရက်တွေ မှာ လုပ်ခလစာ မရဘဲ ဆင်းပေးရတယ် " လို့ အဆိုပါ စက်ရုံမှ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်ထွက်ရာတွင်   ကြိုတင်အကြောင်းကြားမှုမရှိပါက လုပ်ခလစာ ထုတ်မပေးခြင်း ၊ မိသားစုမှ ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူပါက လည်း မရှင်းပေးခြင်း များပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ် ။ ယင်းကဲ့ သို့ လုပ်ခလစာ မထုတ်ပေးနိုင်ကြောင်းကို လည်း စက်ရုံမှာ ကြေညာထားတယ်လို့ ဆိုပါတယ်။

အထက်ပါ ဖိနှိပ်မှု အခြေအနေများကို အလုပ်သမား များအနေနဲ့ တိုင်ကြားရဲသည့် အခြေအနေမရှိခြင်းနှင့် ထုတ်ဖော်ပြောဆိုရန်ခက်ခဲနေတယ်လို့လည်း အလုပ်သမားတွေကဆိုပါတယ်။

လုပ်ငန်းခွင်ထဲက နေ့စားအလုပ်သမားတွေကို ၃ လပြည့်ပါက အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးရန် ၃၆၀၀ ကျပ်နဲ့ ရှင်းပေးထားတဲ့ အလုပ်သမားတွေကို ၄၈၀၀ နှုန်းဖြင့် ပြန်လည်တွက်ချက်ပေးရန် ၊ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ စံချိန်တောင်းခံရန် အထည်များ သာမန်ပဲကျသည်ကို ငွေကြေးဖြတ်တောက်မှုများ မပြုလုပ်ရန်နှင့် ဝမ်တိမ်လက်မှတ်ထိုးခိုင်းခြင်းမပြုလုပ်ရန်  အလုပ်သမားဥပ‌ဒေထက် ကျော်လွန်၍ ချုပ်ဆိုသော စာချုပ်ပါအချက်အလတ်များကို ပယ်ဖြတ်ပေးရန် အချိန်ပိုဆင်းရပါက အချိန်ပိုကြေးကို ဥပဒေနှင့် အညီတွက်ချက်ပေးရန် 
စက်ရုံမှ ချိုးဖောက်မှုများကို Brands အမှတ်တံဆိပ်များမှ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးသွားရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

 #MyanmarLabourNews

 

 


Related posts

Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026