NEWS

Princess Power Garment က အလုပ်သမားတွေ ဖူလုံရေးခံစားခွင့်အပြည့်အ၀ရရှိလို

CoverLogo
1.8K Views

ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် ရွှေပေါက်ကန်စက်မှုဇုန်က Princess Power Garment (သမီးတော်စွမ်းအား)အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ  လူမှုဖူလုံရေးခံစားခွင့်တွေမရ တာကြောင့်  ဖူလုံရေးခံစားခွင့်တွေအပြည့်အ၀ရရှိလိုတယ်လို့  အလုပ်သမားတွေက ဆိုပါတယ်။  

“ ခုကလူမှုဖူလုံရေးတွေလတိုင်းထည့်ရပြီး အခြားစက်ရုံတွေလို ခံစားခွင့်တွေမရတာ။ ရက်မှန်ကြေးကနှစ်သောင်းရတာရှိတယ်။ သုံးသောင်းရတာရှိတယ်။ တစ်ရက်ပျက်တာနဲ့ အကုန်ဖျက်ချပစ်တာ။ အမြဲတမ်း၀န်ထမ်းတွေကရှိတော့ရှိတယ်။  နေ့စားအလုပ်သင်နဲ့အသက်မပြည့်တဲ့သူတွေကျ  အမြဲတမ်း၀န်ထမ်းမပေးပါဘူး။  အသက်မပြည့်သေးတဲ့သူတွေကို  တစ်နေ့ ၃၆၀၀ကျပ်နဲ့ခန့်တယ်။  အသက်ပြည့်တာတော့ ၄၈၀၀ ပေးတယ်။ အမြဲတမ်း၀န်ထမ်းတွေက ဒေးကြေး၄၈၀၀နဲ့အချိန်ပိုကြေးရပါတယ်။ ဖူလုံရေးကြေးထည့်ရပေမဲ့ ခံစားခွင့်မရဘူး။ လုပ်သက်ခွင့်၁၀ရက်လည်းမရဘူး။ သင်္ကြန်နားနီး၁၀ရက်နဲ့ပြန်ကြတာ။ ခုကလုံး၀ကိုမပေးတာ။  ခုနှစ်ဆန်းတစ်ရက်နေ့စက်ရုံပြန်ဖွင့်မယ်ဆိုရင် ပြန်လာဆင်းပေး မဆင်းဘူးဆိုရင် ရှေ့ကသင်္ကြန်ပိတ်ရက်ပါမပေးဘူး။ နှစ်ကြေးတွေ ဖူလုံရေးအကျိုး ခံစားခွင့်တွေ ဘာမှမရပါဘူး။ ဒါတွေကို အလုပ်သမားအားလုံးက ရချင်ပါတယ်” လို့ အမည်မဖော်လိုတဲ့ အလုပ်သမားက ဆိုပါတယ်။  

အဲ့ဒီစက်ရုံမှာ နေ့စားသမားအဖြစ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၅၀နဲ့ အထက်အထိရှိနေပြီး  အဲ့ဒီအလုပ်သမားတွေက အမြဲတမ်း၀န်ထမ်းတွေအဖြစ်လုပ်ကိုင်ရတာမျိုးမရှိဘဲ  အသက်မပြည့်မီသေးတဲ့ အလုပ်သမားတွေက တစ်နေ့လုပ်ခ၃၆၀၀ကျပ်နဲ့သာ  လုပ်ကိုင်နေရတာဖြစ်ပြီး အသက်ပြည့်ပြီးသူတွေကတော့ ၄၈၀၀ကျပ်နဲ့နေ့စားအလုပ်သမားအဖြစ်လုပ်ကိုင်နေရကာ  အမြဲတမ်း၀န်ထမ်းတွေကတော့  တစ်နေ့လုပ်ခကျပ်၄၈၀၀နှုန်းနဲ့ အချိန်ပိုကြေးရရှိလုပ်ကိုင်နေကြတာဖြစ်တယ်လို့ သ်ိရပါတယ်။
 
အဆိုပါစက်ရုံဟာ မြန်မာနိုင်ငံသားပိုင်ဖြစ်ပြီး စက်ရုံတွင်းအလုပ်သမားအင်အား၂၀၀ကျော်ဖြင့်လည်ပတ်နေတာဖြစ်ပြီး ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေကို SPAO, Laura စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တင်ပို့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စက်ရုံတွင်းမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိသလို အလုပ်သမားအခွင့်အရေးနစ်နာဆုံးရှုံးမှုတွေရှိနေလို့   သက်ဆိုင်ရာဌာနတွေက ၀င်ရောက်စစ်ဆေးမှုတွေပြုလုပ်တဲ့အခါ  အလုပ်သမားကိုဖြေဆိုခွင့်မပေးထားဘဲ စက်ရုံရဲ့အကြီးအကဲတွေကသာ ဖြေဆိုပြီး  "အားလုံးပေးထားတယ်"လို့သာဦးစွာဖြေဆိုမှုတွေကြောင့်  အလုပ်သမားတွေအနေနဲ့  ထုတ်ဖော်ပြောဆိုခွင့်တွေမရခဲ့ဘဲ ရှိနေခဲ့တာလို့လည်းသိရပါတယ်။  

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ  လူမှုဖူလုံရေးကြေးလစဉ်ဖြတ်တောက်ထားမှုတွေရှိနေပေမဲ့  ဖူလုံရေးကတ်မရသလို   ဖူလုံရေးခံစားခွင့်နဲ့ခွင့်ရက်တွေမရတာကြောင့်  အဲ့ဒီခံစားခွင့်တွေကိုအပြည့်အ၀ရရှိလိုကြောင်း နေ့စားသမားတွေအနေနဲ့ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ပေးရန် နဲ့ အလုပ်သမားအခွင့်အရေးတွေ ရရှိလိုတယ်လို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026