NEWS

ဥပဒေပါခွင့်ခံစားခွင့်တွေမရရှိဘူးလို့အလုပ်သမားတွေပြော

CoverLogo
2.5K Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ အမှတ်၁၃ရပ်ကွက်ရှိ DONGLONG(Pathein)အထည်ချုပ်စက်ရုံမှာ အလုပ်သမားများတွေအနေနဲ့  ဥပဒေပါခွင့် ခံစားခွင့်တွေမရရှိဘူးလို့ အလုပ်သမားတွေထံက သိရပါတယ်။

"နေမကောင်းလို့ ခွင့်ယူရင်ခွင့်မရဘူး အပြောအဆိုခံရတယ်။ အလုပ်သမားတွေကလည်း သူတို့ရဲ့ဥပဒေပါခွင့်တွေကို မသိလို့မယူတဲ့သူရှိသလို သိလို့ယူရင်လဲအပြောအဆိုခံရတယ်။ နေမကောင်းလို့ ခွင့်တိုင်မရတော့ အလုပ်ကိုလာတယ် အလုပ်ကျတော့မသက်သာလို့ ဂိတ်ပတ်တောင်းရင်တောင်မရဘူး ၊ မိုးလင်းကမိုးချုပ် Leader/Super တွေအဆဲခံရတယ် တချို့ Super/Leader တွေဆို နာမည်တောင်မခေါ်ဘူး ဖာ- မ ၊ ဖေ- မ လို့တောင်ခေါ်တယ် ၊ အလုပ်သမားတချို့ဆိုရင် Leader/Superတွေရဲ့ ခေါင်း​​ ခေါက်တာတို့ပေါင်တွေ ကျောကုန်းတွေရိုက်တာတို့ခံရတယ်၊ အထည်ပဲကျရင်လည်း လစာထဲကဖြတ်တယ်၊ Super တွေက လိုင်းသားတွေကို အထည်တွေနဲ့ပေါက်တာလဲတွေ့တယ် " လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ နှစ်ထောင်ကျော်နဲ့ Muji တံဆိပ်ကိုချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာ ဉပဒေပါ ခွင့်ခံစားခွင့်တွေ ခံစားခွင့်မရတာ အပြင် လုပ်ငန်းခွင်ထဲမှာ ရိုင်းစိုင်းစွာ ဆဲဆိုနေတာတွေကို တာဝန်ရှိသူတွေဖြေရှင်းပေးစေလိုတယ်လို့ အဲ့ဒီစက်ရုံက အမည်မဖော်လိုတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews
 


Related posts

Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025
Cover
Myanto Garment လစာအတွက် ဘဏ်ကတ် အတင်းအကျပ် လုပ်ခိုင်း
Dec 18, 2025
Cover
Saifeom International Garment Myanmar အထည်ချုပ်စက်ရုံ ပိတ်ရက်မရှိ လုပ်ကိုင်ခိုင်း
Dec 18, 2025
Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025