NEWS

"အရင်က ဥပဒေအကြောင်းလာမပြောနဲ့ အခုကအရင်နဲ့ မတူဘူး"လို့ ပြောဆိုတဲ့ စက်ရုံမန်နေဂျာရဲ့ ဥပဒေမဲ့ လုပ်ရပ်ကို အလုပ်သမားများ မခံမရပ်နိုင်ဖြစ်နေ

CoverLogo
1.5K Views

"အရင်က ဥပဒေအကြောင်းလာမပြောနဲ့ အခုကအရင်နဲ့ မတူဘူး"လို့ ပြောဆိုပြီး  လုပ်ငန်းခွင် အတွင်းက စက်ရုံမန်နေဂျာရဲ့ ဥပဒေမဲ့  လုပ်ရပ်ကို  Myanmar Guotai Huasheng Glory စက်ရုံအလုပ်သမားတွေ မခံမရပ်နိုင်ဖြစ်နေပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ်  EC contract  ကို အလုပ်ရှင်ဘက်က လိုက်နာမှုမရှိသလို ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားပါက ဖြေရှင်းပေးတာမရှိဘဲ ဖိနှိပ်မှုတွေ ပြုလုပ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။

PRIMARK၊ esmara၊ INEXTENSO   စတဲ့ အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဲ့ဒီစက်ရုံဟာ  လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဦးထွန်းညိုလမ်းမှာ အလုပ်သမား ၇၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာပါ။

"အလုပ်ဆင်းရက် ၆ ရက်မှာ အလုပ်ရှင်တောင်းထားတဲ့စံချိန်ပြည့်ရင် ဆုကြေးရတယ် အခုမန်နေဂျာက ဆုကြေးမပေးချင်လို့ စံချိန်တွေကို တိုးတောင်းတယ် ဆုကြေးတွေကိုလည်း တနင်္ဂနွေ အိုတီဆင်းမှ ပေးတယ် မဆင်းရင်မပေးဘူး"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားက‌ ပြောပါတယ်။

အရင်က လုပ်ငန်းခွင်ထဲမှာ အလုပ်သမား သမဂ္ဂဖွဲ့စည်းထားပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သမဂ္ဂပြိုကွဲသွားကာ အရင်က အဖွဲ့ဝင်ဖူးတဲ့ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာတွေ ပြုလုပ်နေတယ်လို့ အဲ့ဒီဖြစ်ရပ်ကို မြင်တွေ့ရတဲ့ အလုပ်သမားတွေက ပြောဆိုပါတယ်။ ခွဲခြားဆက်ဆံမှုတွေကို တာဝန်ရှိသူထံသွားရောက် တိုင်ကြားပါကလည်း ဖြေရှင်းပေးတာမရှိဘူးလို့ ဆိုပါတယ်။

၂၀၂၂ ဒီဇင်ဘာက လုပ်ငန်းခွင်ထဲမှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ အလုပ်သမားကို ထောက်ပံ့ဖို့ အလုပ်သမားတွေဆီက ငွေကြေး အတင်းအဓမ္မကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကျန်းမာရေး ထိခိုက်သွားတဲ့ အလုပ်သမားတွေကိုလည်း အကြောင်းပြချက် မခိုင်လုံဟု ဆိုတာ တာဝန်ယူမှုမရှိဘဲ ထောက်ပံ့ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

"အလုပ်ထဲမှာလည်း နေ့တိုင်း နားမခံသာအောင် ဆဲဆိုခံရတယ် ဆဲတဲ့လူက ယောက်ကျားလေးဖြစ်ပြီး အဆဲခံရတာက အမျိုးသမီးတွေပါ ပြောလိုက်ဆဲလိုက်တာ ဂုဏ်သိက္ခာမဲ့လွန်းတယ်"လို့ မခံမရပ်နိုင်ဖြစ်နေတဲ့ အမျိုးသမီးအလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ   EC စာချုပ်လိုက်နာဖို့နဲ့ ဥပဒေမဲ့တွေ မလုပ်ဖို့ လိုလားနေကြပါတယ်။အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ဟောာင်းတွေကို ခွဲခြားဆက်ဆံခြင်းမပြုဖို့၊  လုပ်ငန်းခွင်ထဲ ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောဖို့ နဲ့ ငွေကြေး အတင်းကောက်ခံတာတွေ မလုပ်ဖို့ လည်း ထပ်မံတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

#MyanmarLabourNews

 

 


Related posts

Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026