NEWS

လုပ်သားအင်အားလျှော့ချတာနဲ့ အလုပ်ထုတ်ပယ်တာတွေကို ဥပဒေမဲ့လုပ်ဆောင်နေလို့ အလုပ်သမားတွေအခက်အခဲဖြစ်နေ

CoverLogo
2.4K Views

လုပ်ငန်းခွင်အတွင်း အော်ဒါမရှိတဲ့အကြောင်းပြချက်နဲ့ လုပ်သားအင်အားလျော့ချတာနဲ့ အလုပ်ထုတ်ပယ်တာတွေကို ဥပဒေမဲ့ ပြုလုပ်နေတာဖြစ်ပြီး အလုပ်ထုတ်ပယ်ခံရတဲ့အလုပ်သမားအတွက် မည်သည့် နစ်နာကြေးတစုံတရာမျှပေးချေခြင်းမရှိဘဲ ထုတ်ပယ်နေတာဖြစ်လို့ အလုပ်သမားတွေအခက်တွေ့နေတယ်လို့ ဆိုပါတယ်။

လှိုင်သာယာ မြို့နယ် စက်မှုဇုန် ၁  သံချက်ဝန် ဦးညွှန့် လမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်  NexStar Garment စက်ရုံမှာ လူဦးရေ (၁၅၀၀) ကျော်ဖြင့်ဖွင့် လှစ်ထားပြီး   JOHN Baner, Women’secret စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်တာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

"စက်ရုံက  ခြံဝန်းတစ်ခုထဲမှာ ရုံ (၃) ရုံ ခွဲထားတာပါ အလုပ်ရှင်ကနေပြီးတော့ အလုပ်သမားတွေကို အော်ဒါမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူ‌လျော့တယ်  ဥပဒေမဲ့ အလုပ်ထုတ်နေတယ် တရက် ပျက်ရင် အလုပ်ထုတ်မယ်ဆိုတော့ ကျမတို့မှာနေမကောင်းရင်တောင် အလုပ် မပျက်ရဲဘူး" လို့ အဆိုပါ စက်ရုံမှာ လုပ်ကိုင်နေတဲ့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းမှာအလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားကို အလုပ်ထုတ်ပယ်ပါက လုပ်သက်အလိုက်နစ်နာကြေး၊ လုပ်အားခ၊ လုပ်သက်နှစ်ကြေး ၊ တစ်လ ကြိုတင်အကြောင်းကြားခြင်းမရှိပါက နို့တစ်ကြေး စတာတွေပေးဆောင်ရမှာဖြစ်ပေမယ့် မြေပြင်မှာတော့ ဉပဒေလိုက်နာမှုမရှိဘဲ အလုပ်မှထုတ်ချင်သလိုထုတ်ပယ်နေတာဖြစ်ပေမယ့် အရေးယူခံရခြင်းမရှိဘဲ ဖြစ်နေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောဆိုပါတယ်။

အလုပ်သမားတွေကို အလုပ်တစ်ရက်ပျက်ပါက အလုပ်ထုတ်မယ်လို့ ပြောဆိုထားပြီး အလုပ်ထုတ်ခံရပါကလည်း မည်သည့်ခံစားခွင့်မှ ရရှိမှာမဟုတ်ဘူးလို့လည်း ပြောဆိုထားတဲ့အပြင် အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေကိုလည်း ယင်းအတိုင်းသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂ ရက်နေ့က ရုံ(၁) မီးပူတိုက်ဌာနရှိ လုပ်သက် တစ်နှစ်အောက် အလုပ်သမား ၁၉ ဦးကို အော်ဒါမရှိတဲ့အကြောင်းပြချက်နဲ့ ဉပဒေမဲ့အလုပ်ထုတ်ခဲ့ပြီး  ရုံ (၃)  Fishion ဌာနရှိ လုပ်သက် တစ်နှစ်အောက် အလုပ်သမား (၃၀) ကျော်ကိုလည်း ကြိုတင်ပြောထားခြင်း မရှိဘဲ  အလုပ်မှ ထုတ်ပယ်ခဲ့တယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားတွေကပြောဆိုပါတယ်။

၎င်းစက်ရုံသည် ယခင်ထဲက အလုပ်သမားများ ခံစားခွင့်ရှိသော ဥပဒေပါခံစားခွင့်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များလည်း မရရှိခြင်း၊ လူမှုဖူ လုံရေးကြေး လစဉ်လတိုင်း ပေးဆောင်ရသော်လည်း လူမှုဖူလုံရေး အကျိုးခံစားခွင့်၊ ဆေးခွင့်လည်း မရရှိခြင်း ဆေးခွင့်စာရွက် ပေးလျှင်လည်း အလုပ်ရှင်မှ ခွင့်မပေးသည့်အပြင် အလုပ်တစ်ရက်ပျက်သည့် အတွက် ဒေကြေး ဖြတ်‌တောက်ခြင်း၊ မခံမရပ်နိုင်အောင် ပြောဆိုတာတွေလုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဒါ့အပြင် တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်ကိုလည်း အလုပ်သမားများ အနားမပေးဘဲ  အပတ်စဉ် အချိန်ပိုအိုတီ ခေါ်ယူနေခြင်း နေ့စား အလုပ်သမားများ ခေါ်ယူပြီး စေခိုင်းခြင်း၊ နိုင်ငံခြားသား တရုတ် အမျိုးသမီးမှ အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်ခြင်း၊ ဆဲဆိုခြင်း၊ အလုပ်သမားများကို လက်ဖြင့်ရွယ်ခြင်း၊ လူပုံအလယ်မှာ‌ အော်ဟစ်ခြင်းများကို တရုတ် အမျိုးသမီးက ပြုလုပ်နေတာဖြစ်တဲ့အတွက် တိုင်ကြားရန် ခက်ခဲနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

MyanmarLabourNews

 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026