NEWS

လုပ်ငန်းခွင်အတွင်း ခွင့်ခံစားခွင့်မရတာ၊ အချိန်ပိုအတင်းအကြပ် ခိုင်းစေတာတွေရှိနေတယ်လို့ဆို

CoverLogo
2.4K Views

English Below

လုပ်ငန်းခွင်အတွင်းမှာ(၁၉၅၁) ခုနှစ်ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေအရ  ဉပဒေပါ ခွင့်ခံစားခွင့်တွေ ဖြစ်တဲ့ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်တွေအတွက် ခွင့်ခံစားခွင့်မပေးတာ ၊ လုပ်ငန်းကြီးကြပ်သူများမှ လုပ်ငန်းခွင်အတွင်း အလုပ်သမားများအပေါ် ရိုင်းစိုင်းစွာ ဆဲဆိုတာနဲ့ ဝန်ထမ်းအချင်းချင်းအရှက်ရအောင် ပြောဆိုဆက်ဆံမှုတွေရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေကပြောပါတယ် ။

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် ၄ ပန်းပဲခေါင်မောင်ခတ်လမ်းမှာဖွင့်လှစ်ထားတဲ့ SYSMM Apparel Manufacturing စက်ရုံမှာ အခုလို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဒါ့အပြင် အများပြည်သူအလုပ်ပိတ်ရက်တွေဖြစ်တဲ့ တနင်္ဂနွေနေ့တွေမှာလည်း အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အချိန်ပိုအတင်းအကြပ် ခိုင်းစေတာတွေလည်း ပြလုပ်နေတယ်လို့ ဆိုပါတယ်၊။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၁၂၀၀  ကျော်ရှိပြီး အလုပ်သမားများအား မချုပ်လုပ်နိုင်သည့် အထည်စံချိန်များကိုပိုမို တောင်းခံခြင်းနှင့် တောင်းထားသောအထည်စံချိန်ပြည့်မှသာလျှင် အထည်ကြေးပေး၍ အထည်စံချိန်မပြည့် ပါက အလုပ်မှပြန်လွတ်ခြင်း အထည်ကြေးမပေးခြင်းများပြုလုပ်တယ်လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမာတွေကပြောဆိုပါတယ်။

  1. ယင်းစက်ရုံမှအလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကတော့ 
    အများပြည်သူအလုပ်ပိတ်ရက်ဖြစ်ကြသည့် တနင်္ဂနွေနေ့များအားအချိန်ပိုခေါ်ယူပါက အလုပ်သမားများ သဘောဆန္ဒကိုမေးပြီးမှသာခေါ်ယူရန်။
  2.  အောစူပါ၊ စူပါ ၊ လီတာများမှ အလုပ်သမားများအ‌ပေါ် ရိုင်းစိုင်းစွာ မပြုမူ၊ မဆက်ဆံဆိုရန်။
  3. ဥပဒေပါခံစားခွင်များအားအပြည့်အဝပေးရန်။
  4. စက်ရုံလုပ်ငန်းခွင်တွင် အလုပ်သမားများနားနေဆောင်ထမင်းစားဆောင်တွင်စားပွဲခုံများလုံလောက်စွာဖြင့် စီစဥ်ပေးရန်။
  5. အချိန်ပိုဆင်းထားသောအချိန်ပိုကြေးအားပြန်လည်တွက်ချက်ပေးရန်။တို့ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ စက်ရုံမှာ BERSHKA, STRADIVARIUS, SINSAY, MOHITO စတဲ့ အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

Workers are suffering from forced overtimes and not getting their rightful leaves

Date - 11/8/22

Workers of SYSMM Apparel Manufacturing factory in Shwe Pyi Thar Industrial Zone, Pabe Khaung Maung Khat road reported that there have been several violations of labour rights given by The Leave and Holidays Act (1951) and mistreatment with verbal assaults by the supervisors causing humiliation within the workplace.

Furthermore, it is also said that forced overtime in public holidays such as Sundays without the consent of workers are common. 

“There are over 1200 workers in this factory who are suffering from inconceivable demands by the factory. We only get paid when we complete them. Unless, workers are dismissed without receiving any worthy wage for the products they made,” said a discontented worker.

The appeal of the workers from this factory are as follows.

  1. To ask the consent of the workers for the overtime shifts in public holidays such as Sunday.
  2. Supervisors and foremen must stop mistreating workers, both verbally and physically, in the workplace.
  3. To conceive all the rights given by the law.
  4. To provide adequate furniture in the workers' lounge.
  5. To re-calculate and pay the due overtime bonuses for unpaid shifts.


SYSMM is a garment factory manufacturing for brands such as BERSHKA, STRADIVARIUS, SINSAY, MOHITO

(Thanks to Notes of Workers for translation)

MyanmarLabourNews

 

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026