NEWS

၂ ရက်ထက်ကျော်ပြီး ခွင့်ယူပါက အထည်ကြေးဖြတ်တောက်ရန် ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းနေတယ်လို့ ဆို

CoverLogo
2.1K Views

စစ်တပ် အာဏာသိမ်းမှုမဖြစ်ပွားခင်အချိန် က  Myanmar Jiale Fashion Garment မှာ အထည်ချုပ်အလုပ်သမားတွေအနေနဲ့ အထည်ကြေး ၅၅ ရာခိုင်နှုန်း အလုပ်ရှင်မှ အထည်ကြေး ၄၅ ရာခိုင်နှုန်းဖြင့် လုပ်ကိုင်နေရာမှ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားတွေကို ၄၀ ရာခိုင်နှုန်းထိ လျှော့ချပေးခဲ့တဲ့အတွက် ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ရတာလို့ အလုပ်သမားတွေထံကသိရပါတယ်။

အဲ့ဒီလို အလုပ်သမားတွေရပိုင်ခွင့်ဖြစ်တဲ့အထည်ကြေးတွေထဲက ဖြတ်တောက်ခံထားရတဲ့ လ ၂၀ စာ ပမာဏကို အလုပ်သမားတွေက ပြန်လည် တောင်းဆိုရာမှာတော့ အလုပ်ရှင်ဘက်က ၂၀၂၃ ဖေဖော်ဝါရီနဲ့ မတ်လမှာ  ပြန်လည်ပေးချေဖို့ သဘောတူခဲ့ပြီးနောက် လက်ရှိမှာ ခွင့် ၂ ရက်ထက်ကျော်လွန်ပျက်ကွက်ပါက အထည်ကြေး ၄၀ ရာခိုင်နှုန်းသာ လက်ခံယူရမယ်လို့ ပြောဆိုကာ စက်ရုံတွင်းရှိ  WCC  မှ လက်မှတ်ထိုးခိုင်းတာတွေပြုလုပ်နေတာကြောင့် အခက်တွေ့နေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့ နယ် ရွှေသံလွင်စက်မှုဇုန် ချင်းတွင်းလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး H&M, ZARA, OYSHO  စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာလဲ မရှိဘူးလို့သိရပါတယ်။

"အရင်ချုပ်ဆိုထားတဲ့စာချုပ်ကို အာဏာသိမ်းပြီးနောက်မှာ အလုပ်ရှင်ဘက်ကနေချိုးဖောက်လိုက်တယ်။ ချိုးဖောက်လိုက်တာဘာလဲဆိုရင် အလုပ်သမားတွေက အထည်စျေး ၅၅ရာခိုင်နှုန်းရတယ်။ အလုပ်ရှင်၄၅ရာခိုင်နှုန်းရတယ်။ အဲ့ဒါကိုအာဏသိမ်းပြီးတဲ့အချိန် ငါးလပိုင်းမှာအလုပ်ရှင်ကနေ အလုပ်သမားတွေရဲ့သဘောတူညီချက်မရှိဘဲနဲ့ အထည်စျေးကို ၅၅ ရာခိုင်နှုန်းမဟုတ်တော့ဘဲ ၄၀ ရာခိုင်နှုန်းပဲပေးတော့မယ်ဆိုပြီး တရား၀င်စာချပြီးတော့ ၅လပိုင်း၅ရက်နေ့လစာမှာပဲ ဖြတ်တောက်ပစ်လိုက်တယ်။ အခုချိန်ထိပဲဖြတ်တောက်လိုက်တယ်။ အဲ့လိုဖြတ်တောက်လိုက်လို့ အလုပ်သမားအဖွဲ့ချုပ်တွေအနေနဲ့က အခုချိန်ထိဆွေးနွေးညှိနှိုင်းပေးတယ်။ အဲ့လို အခြေအနေမှာ  ၂၀၂၃ဖေဖော်ဝါရီမှာ ပြန်လည်ပေးပါလို့ပြောတော့ အလုပ်ရှင်ဘက်ကသဘောတူတယ်ပြန်ပေးမယ်လို့ပြောပြီးတော့  အခုလက်ရှိ အလုပ်ရှင်ရဲ့ WCCကနေ ဘယ်လိုလုပ်သလဲဆိုရင်  လူမှုဖူလုံရေးအရဆေးခွင့်တွေ တိုင်မယ်ဆိုရင် အလုပ်ဆင်းခဲ့သလိုသတ်မှတ်ပေးရမယ်ဆိုတာပါတယ်။ ဒါပေမဲ့ခုကအလုပ်ရှင်က ဥပဒေမှာပေးထားတဲ့ခွင့်တွေကို နှစ်ရက်ထက်ကျော်ပျက်တယ်ဆိုရင် ပေးထားတဲ့အထည်ကြေးတွေကို ၄၀ရာခိုင်နှုန်းပဲပေးမယ်ဆိုပြီး အတင်းအဓမ္မလက်မှတ်ထိုးခိုင်းတယ်။  အဲ့ဒါကိုအလုပ်သမားတွေက သဘောမတူနိုင်ဘူးဖြစ်နေတယ်။ အဲ့လိုအခြေအနေရှိနေတယ်။"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

"အရင်က အလုပ်သမားတွေအနေနဲ့ ခွင့်ယူရင်   အထည်ကြေး ဖြတ်တောက်တာတွေမရှိဘဲ
အခုလို ဖြတ်တောက်ထားတဲ့ အထည်ကြေး တွေ ပြန်ပေးတော့မယ်ဆိုကာမှအတင်းလက်မှတ်ထိုးချုပ်ခိုင်းတယ်ဆိုတာက ဥပဒေကိုကျော်လွန်ပြီးတော့ အလုပ်ရှင်ကဖွဲ့ထားတဲ့ WCC ကနေ လက်မှတ်ထိုးလိုက်တာဖြစ်တယ်။ ဒါကြောင့်မို့  လုပ်ငန်းခွင်မှာအလုပ်ရှင်က ခွဲခြားဆက်ဆံတာဖြစ်တယ်။"လို့ အလုပ်သမားက ဆက်ပြောပါတယ်။

လက်ရှိလုပ်ငန်းခွင်ထဲမှာ စံချိန်တိုးတောင်းတာ အစမ်းခန့်ကာလ ကျော်လွန်ပြီးနောက်မှာ နေ့စားအဖြစ် ခိုင်းစေတာတွေ လည်းရှိနေပြီး စံချိန်မပြည့်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အချိန်ပိုအခမဲ့ ဆင်းခိုင်းတာတွေ မဆင်းရင် အလုပ်ဖြုတ်မယ်ဆိုတာတွေထိပါ ခြိမ်းခြောက်ခိုင်းစေတာတွေ လဲ ကြုံတွေ့နေရတယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။

"စက်ရုံမှာသမဂ္ဂမရှိပါဘူး။ အလုပ်ရှင်ကဖွဲ့ထားတဲ့ သူတို့ဖွဲ့ထားတဲ့ WCC ပဲရှိတယ်။ ရှေ့မှာပြောခဲ့တဲ့အချက်တွေကို လက်မှတ်ထိုးတာတွေလုပ်တယ်။ ဒါတွေကိုကျန်တဲ့အလုပ်သမားတွေက သဘောမတူလို့ဒါမျိုးပြောဆိုတာပါ။" လို့ ယင်းအလုပ်သမားက ဆက်ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ဉပဒေပါ ခွင့်ခံစားခွင့်တွေ လူမှုဖူလုံရေးခံစားခွင့်တွေရရှိဖို့နဲ့ အထည်ကြေးတွေ ဖြတ်တောက်ခြင်းမပြုဖို့ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews

 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026