NEWS

"ဥပဒေအရ နေရာတကာလုပ်လို့ မရဘူး" ဆိုပြီး လှိုင်သာယာမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးမှူး ပြောဆို

CoverLogo
503 Views

လှိုင်သာယာမြိုနယ် (အနောက်ပိုင်း) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးမှူးက တာဝန်ရှိသူက အလုပ်သမား တွေရဲ့ နစ်နာနေမှုတွေကို ဖြေရှင်းမပေးဘဲ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  
ဒါ့အပြင် ဥပဒေအရ နေရာတကာလုပ်လို့ မရဘူး ဆိုပြီး  ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“EC စာချုပ်ကို ထောက်ပြ ပြောနေတာ  အဆင်မပြေဘူး၊ ဒီ ဥပဒေတွေကို အကုန်သိတယ်၊ ဥပေဒအရ နေရာတကာ လုပ်ဆောင်လို့ မရဘူး။ မင်းအရမ်း တတ်နေရင် ငါ့နေရာ လာထိုင်ပြီး မင်းရှင်းပေးလိုက်" ဆိုပြီး ပြောဆိုခဲ့ပါတယ်။  

လက်ရှိ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးမှူးအဖြစ်  ဦးစီးမှူး ဦးတင်မောင်ထူး ဆိုသူ တာဝန်ထမ်းဆောင်နေပါတယ်။ 

ဖြေရှင်းပေးဖို့ တိုင်ကြားထားတဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါတိုင်း အော်ဟစ် ပြောဆိုတာ၊ ငေါက်ငမ်းတာနဲ့ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲတာတွေလုပ်ဆောင်နေတာလို့ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့  Myanmar Jiale Fashion Co.,Ltd -2 အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

အင်အား ၅၅  ဦးပါ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းဖို့ကို ပြီးခဲ့တဲ့ ၂ လကျော် ဇွန်လ ၁၀ ရက်ကတည်းက လှိုင်သာယာမြိုနယ် (အရှေ့ပိုင်း) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီမှူးဆီ တင်ပြထားရာမှာ ဦးစီးမှူး ဦးတင်မောင်ထူးလွှဲပြောင်းထားတာကို လက်ရှိအချိန်အထိ ဆောင်ရွက်ပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။  

"အခြေခံအလုပ်သမား အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်ပေးပါရန်" တင်ပြထားတဲ့ ပုံစံဖောင်တွေကို စိစစ်မပေးဘူး။  ပုံစံ(၆) ထုတ်လည်း မပေးဘူး။  လျစ်လျူရှူထားတယ်။  ဦးစီးမှူးမေးတော့  မအားသေးဘူးလို့ပဲ အထပ်ထပ်  ပြောတယ်၊ ဆောင်ရွက်ပေးတာ မရှိဘူး။” လို့ ပြောပါတယ်။ 

ဇွန် ၁၇ ရက်မှာ Myanmar Jiale Fashion Co.,Ltd -2 စက်ရုံက ကြိုပို့ယာဉ် စီစဉ်မပေးတာ၊ လုပ်ငန်းရှင် က ပွိင့်ချတာနဲ့ ပုံမှန် အချိန်ပို မဆင်း ခိုင်းဘဲ တန်းတူအခွင့်အရေးမပေးတာနဲ့ ဇူလိုင် ၁ ရက်မှာ သဘောဆန္ဒမပါဘဲ ဌာနရွှေ့ပြောင်းခိုင်းစေခိုင်းတာတွေကို  EC စာချုပ်ဖောက်ဖျက်မှုနဲ့ တိုင်ကြားထားပေမဲ့ လက်ရှိအချိန်အထိ ဖြေရှင်း  မပေးဘဲ အမှုကိစ္စမေးမြန်းတဲ့ အချိန်တိုင်း ဦးတင်မောင်ထူးက  အော်ဟစ် ပြောဆိုပြီး အကြောင်း အမျိုးမျိုးပြ ရှောင်းတိမ်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

"အီးစီချိုးဖောက်လို့ တိုင်ထားတာ။ ရုံးချိန်းတွေ ချိန်းပြီး ဖြေရှင်းပေးတာ မရှိဘူး။ လက်ရှိအချိန်ထိ ညှိနှိုင်းနေတုန်းပဲ  ရှိနေ ပါသေးတယ်"လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူက ပြောပါတယ်။

Myanmar Jiale Fashion Co.,Ltd -2 အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်းမှာ အလုပ်သမား ၄၀၀ ကျော် လုပ်ကိုင်နေတယ်လို့ Myanmar Labour News က သိထားပါတယ်။


Related posts

Cover
Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်
Aug 13, 2025
Cover
မီလားဂါးဒင်းဖိနပ်စက်ရုံမှာ လုပ်ခတိုးပေးရေးတောင်းဆိုမှုပြုလုပ်
Aug 13, 2025
Cover
လုပ်အားခေါင်းပုံဖြတ်ပြီး ဆဲဆိုခိုင်းစေခံနေရ
Aug 13, 2025
Cover
ယာဉ်မောင်းတွေ ပစ်ထားခဲ့တဲ့ မြန်မာ ၅၀ ကျော် အဖမ်းခံရ
Aug 12, 2025
Cover
Tianjin Fashion Milestone စက်ရုံမှူး အထည် ဆုကြေးမပေးဘဲ ခြိမ်းခြောက်ခိုင်းစေ
Aug 11, 2025
Cover
Myanmar S.Flamingo Garment ကြီးကြပ်ရေးမှူးများ ငွေကြေးတောင်းယူနေ
Aug 11, 2025
Cover
New Plus အထည်ချုပ် ဆုကြေး ခွဲခြားပေး
Aug 11, 2025
Cover
တရုတ်နိုင်ငံ Longchuan Depin Clothing အထည်ချုပ်စက်ရုံ အလုပ်ချိန် စော လုပ်ခိုင်းပြီး အချိန်ပိုခ မပေး
Aug 11, 2025