NEWS

"ဥပဒေအရ နေရာတကာလုပ်လို့ မရဘူး" ဆိုပြီး လှိုင်သာယာမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးမှူး ပြောဆို

CoverLogo
681 Views

လှိုင်သာယာမြိုနယ် (အနောက်ပိုင်း) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးမှူးက တာဝန်ရှိသူက အလုပ်သမား တွေရဲ့ နစ်နာနေမှုတွေကို ဖြေရှင်းမပေးဘဲ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  
ဒါ့အပြင် ဥပဒေအရ နေရာတကာလုပ်လို့ မရဘူး ဆိုပြီး  ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“EC စာချုပ်ကို ထောက်ပြ ပြောနေတာ  အဆင်မပြေဘူး၊ ဒီ ဥပဒေတွေကို အကုန်သိတယ်၊ ဥပေဒအရ နေရာတကာ လုပ်ဆောင်လို့ မရဘူး။ မင်းအရမ်း တတ်နေရင် ငါ့နေရာ လာထိုင်ပြီး မင်းရှင်းပေးလိုက်" ဆိုပြီး ပြောဆိုခဲ့ပါတယ်။  

လက်ရှိ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးမှူးအဖြစ်  ဦးစီးမှူး ဦးတင်မောင်ထူး ဆိုသူ တာဝန်ထမ်းဆောင်နေပါတယ်။ 

ဖြေရှင်းပေးဖို့ တိုင်ကြားထားတဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါတိုင်း အော်ဟစ် ပြောဆိုတာ၊ ငေါက်ငမ်းတာနဲ့ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲတာတွေလုပ်ဆောင်နေတာလို့ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့  Myanmar Jiale Fashion Co.,Ltd -2 အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

အင်အား ၅၅  ဦးပါ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းဖို့ကို ပြီးခဲ့တဲ့ ၂ လကျော် ဇွန်လ ၁၀ ရက်ကတည်းက လှိုင်သာယာမြိုနယ် (အရှေ့ပိုင်း) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီမှူးဆီ တင်ပြထားရာမှာ ဦးစီးမှူး ဦးတင်မောင်ထူးလွှဲပြောင်းထားတာကို လက်ရှိအချိန်အထိ ဆောင်ရွက်ပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။  

"အခြေခံအလုပ်သမား အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်ပေးပါရန်" တင်ပြထားတဲ့ ပုံစံဖောင်တွေကို စိစစ်မပေးဘူး။  ပုံစံ(၆) ထုတ်လည်း မပေးဘူး။  လျစ်လျူရှူထားတယ်။  ဦးစီးမှူးမေးတော့  မအားသေးဘူးလို့ပဲ အထပ်ထပ်  ပြောတယ်၊ ဆောင်ရွက်ပေးတာ မရှိဘူး။” လို့ ပြောပါတယ်။ 

ဇွန် ၁၇ ရက်မှာ Myanmar Jiale Fashion Co.,Ltd -2 စက်ရုံက ကြိုပို့ယာဉ် စီစဉ်မပေးတာ၊ လုပ်ငန်းရှင် က ပွိင့်ချတာနဲ့ ပုံမှန် အချိန်ပို မဆင်း ခိုင်းဘဲ တန်းတူအခွင့်အရေးမပေးတာနဲ့ ဇူလိုင် ၁ ရက်မှာ သဘောဆန္ဒမပါဘဲ ဌာနရွှေ့ပြောင်းခိုင်းစေခိုင်းတာတွေကို  EC စာချုပ်ဖောက်ဖျက်မှုနဲ့ တိုင်ကြားထားပေမဲ့ လက်ရှိအချိန်အထိ ဖြေရှင်း  မပေးဘဲ အမှုကိစ္စမေးမြန်းတဲ့ အချိန်တိုင်း ဦးတင်မောင်ထူးက  အော်ဟစ် ပြောဆိုပြီး အကြောင်း အမျိုးမျိုးပြ ရှောင်းတိမ်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

"အီးစီချိုးဖောက်လို့ တိုင်ထားတာ။ ရုံးချိန်းတွေ ချိန်းပြီး ဖြေရှင်းပေးတာ မရှိဘူး။ လက်ရှိအချိန်ထိ ညှိနှိုင်းနေတုန်းပဲ  ရှိနေ ပါသေးတယ်"လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူက ပြောပါတယ်။

Myanmar Jiale Fashion Co.,Ltd -2 အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်းမှာ အလုပ်သမား ၄၀၀ ကျော် လုပ်ကိုင်နေတယ်လို့ Myanmar Labour News က သိထားပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026