NEWS

ဥပဒေမဲ့အလုပ်ဖြုတ်တာတွေ လစာတွေဖြတ်တောက်တာတွေအပြင် အချိန်ပိုအလကားဆင်းခိုင်းနေတယ်လို့ HUIYUAN Garment စက်ရုံမှအလုပ်သမားများပြောဆို

CoverLogo
2K Views

စက်ရုံဖက်က အလုပ်သမားတွေအပေါ်ဥပဒေမဲ့အလုပ်ထုတ်တာတွေ၊ အကြောင်းအမျိုးမျိုးပြပြီးလစာဖြတ်တောက်တာတွေအပြင်စံချိန်တွေအလွန်အကျွံတိုးတောင်းပြီး အချိန်ပိုလုပ်အားခမပေးဘဲ ဆင်းခိုင်းနေတဲ့အတွက် HUIYUAN Garmentစက်ရုံမှအလုပ်သမားများအခက်ကြုံနေရတယ်လို့နစ်နာသူအလုပ်သမားတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။

HUIYUAN Garment အထည်ချုပ်စက်ရုံဟာရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်မှု့ဇုန်ထဲကခြံအမှတ်---- မှာလုပ်သားဦးရေ ၆၀၀ နီးပါးနဲ့ လည်ပတ်လုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားပိုင်စက်ရုံတခုလဲဖြစ်ပါတယ်။

"ခုအစမ်းခန့် ၃လ ကျော်နေတဲ့သူတွေကိုလဲအတည်ပြုဝန်ထမ်းမခန့်သေးဘူး သူတို့အဆင်ပြေတဲ့အချိန်မှခန့်မယ်ပြောနေတယ် စံချိန်တွေဆိုလဲမတရားတိုးတောင်းပြီးရင်အချိန်ပိုတွေအလကားဆင်းခိုင်းတယ် အလုပ်ကနှစ်ရက်ပျက်တာနဲ့ဖြုတ်ပစ်တာ မိသားစုတခုခုဖြစ်လို့တောင်ဘာမှလုပ်မရဘူး"လို့ အလုပ်သမားတဦးကပြောပါတယ်။

အဆိုပါစက်ရုံအလုပ်သမားတွေအနေနဲ့လစဥ်တိုင်းစက်ရုံဖက်ကလူမှု့ဖူလုံရေးကြေးဖြတ်တောက်တာခံနေရပေမယ့် လူမှု့ဖူလုံရေးအကျိုးခံစားခွင့်များဘာတခုမှမရတဲ့အပြင်နေထိုင်မကောင်းဖြစ်လို့ခွင့်တင်ပြီးရက်ပျက်ပါကလဲစက်ရုံဖက်ကတရက်ကို ၁၇၂၀၀ ကျပ်တိတိလစာထဲကဖြတ်တောက်ခံရတယ်လို့ဆိုပါတယ်။

"စူပါဆိုတဲ့သူတွေကလဲနေ့စဥ်နဲ့အမျှမနက်လင်းတာနဲ့အဆဲနဲ့စတာပဲတော်တော်ကြမ်းကြမ်းတမ်းတမ်းတွေပြောတာ အလုပ်သမားတွေအနေနဲ့ကလဲဘယ်လိုမှပြန်ပြောလို့မရတဲ့အခြေအနေဖြစ်နေတယ်ပြီးတော့ စက်ရုံထဲမှာအသက်မပြည့်သေးတဲ့လုပ်သားတွေအများကြီးခေါ်ခိုင်းနေတယ် အလုပ်စခန့်ပြီးရင်လဲတရက်အလကားဆင်းခိုင်းတယ်" လို့အထက်ပါစက်ရုံမှအမည်မဖော်လိုသူအလုပ်သမားတဦးကပြောပါတယ်။

HUIYUAN Garment စက်ရုံမှအလုပ်သမားများအနေနဲ့
အလုပ်၀င်ရောက်လျှင်မည်သည့်စာရွက်စာတမ်းမှမလိုဘဲ မှတ်ပုံတင်တစ်ခုသာလိုအပ်ပြီး အစမ်းခန့်အလုပ်သမားအများဆုံးခေါ်ယူကာစံချိန်မတရားတောင်ခံသည့်အတွက်မချုပ်လုပ်နိုင်ခြင်း၊ဆဲဆို‌ခြင်းများအတွက်အလုပ်သမားများအလုပ်ထွက် အလုပ်၀င်သည့်ကိစ္စရက်များမှာနေ့တိုင်းလိုလိုရှိနေပြီး အလုပ်အကိုင်မတည်မြဲတဲ့အခြေအနေကိုကြုံတွေ့နေရတယ်လို့သိရပါတယ်။

အထက်ပါစက်ရုံအလုပ်သမားများအနေနဲ့ ၃လပြည့်ပြီးသောအလုပ်သမားများကိုအတည်ပြုဝန်ထမ်းခန့်အပ်ပေးရန်၊
စူပါများမှဆဲဆိုမှုများပြုုလုပ်နေခြင်းမပြုလုပ်ရန်၊ အချိန်ပို အလကားဆင်းပေးရခြင်းများမပြုလုပ်ရန်၊ လူမှု့ဖူလုံ​ရေးနှင့်အလုပ်သမားဥပဒေပါအတိုင်းခံစားခွင့်များရရှိရန်စတဲ့အချက်တွေကိုရရှိဖို့လိုလားနေကြပါတယ်။

အခုလိုအလုပ်သမားအခွင့်အရေးတွေများစွာချိုးဖောက်ခံနေရပေမယ့် စက်ရုံမှာသမဂ္ဂမရှိတဲ့အတွက်ပိုအခက်ကြုံနေရတယ်လို့အလုပ်သမားတွေဖက်ကပြောဆိုနေကြပါတယ်။

HUIYUAN Garmentအထည်ချုပ်စက်ရုံဟာ sinsay အမှတ်တံဆိပ်အထည်တွေချုပ်လုပ်ဖြန့်ချီနေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတယ်။

 


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026