NEWS

ဥပဒေမဲ့အလုပ်ထုတ်ခံရတာကြောင့် Ooredoo Myanmar ကိုတရားစွဲဆိုထားတဲ့အမှု ၂၀၂၅ ဇန်နဝါရီသို့ ပြန်လည်ချိန်းဆို

CoverLogo
857 Views

ရန်ကုန်မြို့ အမှတ်---၊ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော Ooredoo Myanmar Limited တွင် ဝင်ရောက်လုပ်ကိုင်နေတဲအလုပ်သမားကိုနစ်နာကြေးမပေးဘဲ ရုတ်တရက်အလုပ်ထုတ်လိုက်လို့ အလုပ်သမားကတရားစွဲဆိုခဲ့ရာ ညှိနှိုင်းမှုမပြေလည်ဘဲ တရားရုံးလမ်းကြောင်းအတိုင်းသာသွားမယ်လို့ Ooredoo Myanmar ဘက်က တုန့်ပြန်လာတယ်လို့ အမှုနဲ့နီးစပ်သူက ပြောပါတယ်။

Ooredoo Myanmar မှာ  FTTH Senior Manager ရာထူးဖြင့် အလုပ်လုပ်နေသော ဝန်ထမ်းတစ်ဦးကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိ၊ ကြိုတင်အကြောင်းကြားခဲ့ခြင်းလည်းမရှိတဲ့အပြင် ဥပဒေပါရပိုင်ခွင့်များကိုပါ ပေးအပ်ခြင်းမရှိဘဲ Ooredoo Myanmar မှ အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။ 

အဲဒီလိုအလုပ်ထုတ်ခံရမှုကြောင့် သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ပေါင်းစပ်အဖွဲ့ဖြင့် ရုံးချိန်း ၂ကြိမ် ၊ ဗဟန်းမြို့ နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဖြင့်ရုံးချိန်း ၃ ကြိမ်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဖြင့် ရုံးချိန်း ၁ ကြိမ် စုစုပေါင်း ၆ ကြိမ်ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိဘဲ အလုပ်ထုတ်နစ်နာကြေးပင်မပေးဘဲ အလုပ်ထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ပြေလည်မှုမရရှိခဲ့တာကြောင့် ဇွန် ၁၇ရက်နေ့တွင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် စာထုတ်ပေးခဲ့တာကြောင့် သြဂုတ်လ ၁၆ ရက်နေ့တွင် တရားမမှုဖြင့် ကမာရွတ်ခရိုင်တရားရုံးတွင် စတင်တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။

"ပထမကသူတို့ညှိမယ်ပေ့ါ ညှိပြီးသူတို့အော်ရီဒူးရုံးကဘုတ်အဖွဲ့ထိုင်ပြီး ဆုံးဖြတ်ပေးမယ်လို့ပြောသေးတယ်။ ခုရုံးချိန်းကတော့ အဲလိုမဟုတ်တောဘဲ တရားရုံးရဲ့လမ်းကြောင်းအတိုင်းပဲဆက်သွားမယ်လို့ပြောတယ်"လို့ အလုပ်သမားကိုကူညီဆောင်ရွက်ပေးက ဆိုပါတယ်။ 

အဆိုပါတရားစွဲဆိုမှုအတွက် ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၁၀ ရက်နေ့က တရားရုံးမှာ ၈ကြိမ်မြောက် ရုံးချိန်းစတင်ခဲ့တာဖြစ်ပြီး လာမဲ့ ၂၀၂၅ခု နှစ်သစ် ၁လပိုင်း ၇ ရက်နေ့တွင် ကိုးကြိမ်မြောက်ရုံးချိန်းကို ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်။ 

အလုပ်မှထုတ်ပယ်ခံခဲ့ရလို့ Ooredoo Myanmar Limited ကို တရားစွဲဆိုထားတဲ့ အလုပ်သမားဟာ ဖိုက်ဘာ အင်တာ နက်အရောင်းဌာန ရန်ကုန်ရုံးချုပ်တွင် Senior Manager ရာထူးဖြင့် အမြဲတမ်းဝန်ထမ်းအဖြစ် ၂၀၂၀ ခုနှစ်ဧပြီ လ၁ ရက်နေ့မှစတင်ကာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ညနေ  ၅ နာရီတိတိအချိန်တွင် အလုပ်မှထုတ်ပယ်ခဲ့ပြီး အလုပ်ထုတ်စာနှင့် အတူ Ooredoo Myanmar Limited ထံမှ မည်သည့်တောင်းဆိုမှုမျှ မပြုလုပ်ပါ ဟူသော ဝန်ခံကတိစာချုပ်ကိုလည်း လက်မှတ်ထိုးခိုင်းခဲ့သေးတယ်"လို့လည်းသိရပါတယ်။ 

Ooredoo Myanmar Limited အနေဖြင့် ယခုလိုလုပ်သက် ၄ နှစ်ကျော် ၅ နှစ်နီးပါးလုပ်သက်ရှိတဲ့ ဝန်ထမ်းကိုအလုပ်မှထုတ်ပယ်ရခြင်းမှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC) ပါစည်းကမ်းချက်များနှင့်အညီ ထုတ်ပယ်ခြင်းဖြစ်လို့ နစ်နာကြေးမပေးဘဲ အလုပ်သမားဝန်ထမ်းဘက်မှ အလုပ်ထွက်စာတင်ကာနှုတ်ထွက်မှသာ Notice ကြေး (၁)လစာသာပေးမယ်လို့ဆိုခဲ့တလို့လည်း သိရပါတယ်။ 

Ooredoo Myanmar သည် ကာတာနိုင်ငံအခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၌ တယ်လီကွန်းလုပ်ငန်းကို ပထမဆုံးစတင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သလို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံတွင် တရားဝင် ဝင်ရောက် လုပ်ငန်းစတင်ခဲ့တာလို့ သိရပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026