NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့များကိုတိုင်ကြားပါက ရဲနှင့်စစ်တပ်ခေါ်ပြီးဖမ်းခိုင်းမည်ဟု Full Way garment Factory အထည်ချုပ်စက်ရုံမှအလုပ်သမားများခြိမ်းခြောက်ခံထားရ

CoverLogo
1.8K Views

လုပ်ငန်းခွင်တွင်ဖိနှိပ်ချူပ်ချယ်ခံရခြင်း အလုပ်သမားဥပဒေပါ ရပိုင်ခွင့်အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရကြောင်းကို အလုပ် သမားရုံးများနှင့်အလုပ်သမားအရေးကိုဆောင်ရွက်နေသောသူများတိုင်ကြားမည်ဆိုပါက ရဲနှင့်စစ်တပ်  ကိုခေါ်ဖမ်းခိုင်းမည်ဟု Full Way Garment Factory အထည်ချုပ်စက်ရုံရှိတာဝန်ရှိသူတွေကအလုပ်သမားတွေအပေါ်လုပ်ငန်းခွင်အတွင်းခြိမ်းခြောက်ထားတယ်လို့သိရပါတယ်။

Full Way garment Factory အထည်ချုပ်စက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရွှေသံလွင် စက်မှု့ဇုန်အမှတ်၂၊ မင်းဧရာလမ်းမှာ လုပ်သားဦးရေ ၃၀၀ နဲ့လည်ပတ်လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးပိုင်စက်ရုံတခုလဲဖြစ်တယ်လို့သိရပါတယ်။

"စက်ရုံအလုပ်ရှင်ကိုယ်စားစီမံအုပ်ချုပ်သူစူပါ၊ အောစူပါတွေဆိုအလုပ်နဲ့မသက်ဆိုင်လဲဆဲတယ် လုပ်ငန်းခွင်းထဲမှာဝန်ထမ်းအချင်းချင်းမျက်နှာမပြရဲလောက်အောင်ကို မိဘနဲ့ရောတိရိစ္ဆာန်နဲ့ရောနှိုင်းပြီးဆဲတာ ပြီးတော့ဥပဒေမှာအတိအလင်းပါပြီးသားဖြစ်တဲ့ ပိတ်ရက်ခံစားခွင့်တွေဘာတခုမှမပေးဘူး တရက်လေးပျက်လိုက်တာနဲ့ အဲ့ပျက်တဲ့အလုပ်သမားကိုနောက်ရက်တွေဆိုအငြိုးထားပြီးဆက်ဆံတာ ဝမ်တိန်ထိုးခိုင်းတာတွေလုပ်တာ"လို့အဆိုပါစက်ရုံမှ အလုပ်သမားတဦးကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်အတွင်း ချိုးဖောက်ခံရသည့် အခြေအနေများကို အလုပ်သမားရုံးများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများကို တိုင်ကြားမည်ဆိုပါက ရဲနှင့်စစ်တပ်ခေါ်ဖမ်းခိုင်းမယ်လို့ လည်း လုပ်ငန်းခွင်အတွင်းမှာ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်လုပ်ငန်းခွင်အတွင်းအလုပ်ရှင်အနေဖြင့် အလုပ်သမားများမချုပ်လုပ်နိုင်သည့် အထည်စံချိန်များကိုပိုမိုတောင်းခံ ခြင်းနှင့်စက် လိုင်းရှိလူဦးရေကိုအချိုးကျစား၍တွက်ပြီး အိမ်သာသွားချိန်၊ သောက်ရေသောက်ချိန် စက်ပျက်ချိန်တွေ ထည့်မတွက်ဘဲ အထည်အရေအတွက်တောင်းခံနေတဲ့အပြင် သတ်မှတ်အထည်စံချိန်မပြည့်ပါက လုပ်ခလစာထဲမှ ဂရိတ်အဆင့်ချခြင်း ကျွမ်းကျင်ကြေးဖြတ်တောက်ခြင်းတွေကိုလဲစက်ရုံဖက်ကပြုလုပ်နေတယ်လို့သိရပါတယ်။

"နေထိုင်မကောင်းလို့အလုပ်ကိုလူမှု့ဖူလုံရေး ဆေးခွင့်နဲ့နားတာတောင်ကျွမ်းကျင်ကြေးရက်မှန်ကြေးဖြတ်ပြီး ဂရိတ်ချတယ်ပြီးတော့အလုပ်ကနေဥပဒေမဲ့ထုတ်ပစ်တာတွေလဲလုပ်တယ် ပြီးတော့တနေ့ကိုအလုပ်ချိန်၈နာရီထက်ကျော်ပြီးအလုပ်ခေါ်တယ်အလုပ်သမားတွေပဆန္ဒမပါလို့ အိုတီမဆင်းရင်လဲဝန်တိမ်ထိုးခိုင်းတယ်"လို့ Full Way garment factory စက်ရုံမှအလုပ်သမားတဦးကဆက်ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ အထည်ချုပ်စက်ရုံမှအလုပ်သမားတွေအနေနဲ့ ဥပ‌ဒေပါခံစားခွင့်များဖြစ်သည့် (၁၉၅၁)ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပ‌ဒေပါခံစားခွင်များရရန်၊ လုပ်ငန်းခွင်တွင်အလုပ်ရှင်၏ စီမံအုပ်ချူပ်သူများဖြစ်ကြတဲ့ အော်စူပါ စူပါ လီတာများမှအလုပ်သမားအပေါ် ရိုင်းစိုင်းစွာဖြင့်ဆဲဆိုခြင်းနှင့်ဝန်ထမ်းများအရှက်ရစေရန်အော်ဟစ်ပြောဆိုခြင်းမပြုလုပ်ရန်၊လုပ်ငန်းခွင်တွင်အလုပ်သမားအမှန်တကယ်ချုပ်လုပ်နိုင်တဲ့အထည်စံချိန်ကိုသာတောင်းရန်၊
အလုပ်သမားများကို အချိန်ပို OT ခေါ်ရာတွင်အလုပ်သမားသဘောဆန္ဒကိုကောက်ယူပြီတော့မှသာ အချိန်ပိုခေါ်ယူရန်၊အလုပ်သမားများကျန်မာ‌ရေးမကောင်းသည့်အခါလူမှုဖူလုံရေးဆေးခွင်ဖြင့်အလုပ်နားပါက ကျွမ်းကျင်ကြေး ရက်မှန်ကြေးမဖြတ်တောက်ရန်နှင့် အဆင့်ဂရိတ်မချရန်၊အစရှိတဲ့တောင်းဆိုချက်တွေကိုစက်ရုံဖက်ကအမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးကြဖို့လိုလားနေကြပါတယ်။

Full Wat garment factoryအထည်ချုပ်စက်ရုံဟာ FRISTADS အမှတ်တံဆိပ်အထည်များချုပ်လုပ်ပြီးစျေးကွက်ကိုဖြန့်ချီနေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026