NEWS

အလုပ်ရှင်ဘက်က ဖွဲ့စည်းထားတဲ့ WCC အစားအသစ်ပြန်ဖွဲ့ပေးဖို့ အလုပ်သမားတွေတောင်းဆို

CoverLogo
1.9K Views

အလုပ်သမား ဦးရေ ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံမှာ အလုပ်သမားသမဂ္ဂ Labour Union ဖွဲ့စည်းထားတာမရှိဘဲ အလုပ်ရှင်ဘက်က ဖွဲ့စည်းထားတဲ့ အလုပ်သမားညှိနှိုင်း ရေးကော်မတီ WCC ဖွဲ့စည်းထားပြီး လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုနဲ့ အခက်အခဲတွေ တင်ပြရာမှာ ဖြေရှင်းပေးတာမရှိဘဲ အကူအညီမဲ့နေတယ်လို့ Tianjin Fashion Milestone အထည်ချုပ်စက်ရုံ အလုပ်သမားတွေကပြောဆိုပါတယ်။

WCC က လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေ အပေါ် ဖြေရှင်းပေးတာမရှိလို့ အသစ်ဖွဲ့စည်းပေးဖို့ ‌တောင်းဆိုလိုတယ်လို့ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ အဲ့ဒီစက်ရုံက အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားတွေ အနေနဲ့ အလုပ်ရှင်ဖွဲ့စည်းပေးထားတဲ့ WCC အလုပ်သမားညှိနှိုင်းရေးကော်မတီကို အသစ် ပြန်လည် ဖွဲ့စည်းပေးဖို့ တောင်းဆိုရာမှာတော့ သက်တမ်း ၃ နှစ်ရှိကြောင်းနှင့် ပြန်လည် ဖွဲ့စည်းပေးဖို့မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး     PRIMARK အမှတ်တံဆိပ် အနွေးထည်အင်္ကျီနှင့် အခြားဒီဇိုင်းတွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတစ်ဦး ချုပ်လုပ်နိုင်တဲ့ စံချိန်ထက်ပိုမိုတောင်းခံတာတွေ ရှိပြီး ကြိုးစားချုပ်လုပ်ပေမယ့် ကြီးကြပ်သူတွေက အော်ဟစ်ဆဲဆို ခိုင်းစေတာ တွေ ပြုလုပ်နေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"စံချိန်က ရှေ့ပွိုင့်ဆိုရင် တစ်နာရီကို ၅၀ တောင်းတယ် နောက်ပွိုင့်ဆိုရင် ၆၀ စံချိန်မပြည့်မှာကြောက်လို့ ရေမသောက် အိမ်သာမသွားဘဲ ချုပ်တာတောင် စူပါတွေ လိုင်းခေါင်းဆောင်တွေ နားမခံသာအောင် အော်ဟစ်တောင်းနေကြတာ အထည်စစ်တွေဆိုလည်း စစ်နိုင်တဲ့ အရေအတွက်ထက်ပိုပြီးစစ်နေတာ"လို့ လုပ်ငန်းခွင်ဆိုင်ရာအခြေအနေကို အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်ပြောင်းလဲခိုင်းစေတာ အိုတီအတင်းအကြပ်ခိုင်းစေတာတွေလည်းရှိပြီး အိုတီမဆင်းတဲ့ အလုပ်သမားတွေအတွက် ဖယ်ရီ စီစဉ်ပေးတာမရှိလို့ မကြာခဏ လုယက်ခံနေရတာတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဆိုပါ အဆင်မပြေမှုတွေကို WCC ထံတင်ပြ အကူအညီတောင်းပေမယ့် ဆွေနွေးပေးတာမရှိဘဲ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေကို လစ်လျူရှု့ထားတယ်လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားတွေက ပြောဆိုပါတယ်။

" လုပ်ငန်းခွင်ထဲမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ စနေနေ့မှာ ရှောင်တခင်ခွင့်ယူလို့မရဘူး စနေနေ့ ရက်ပျက်လို့မရဘူးပေါ့ဗျာ ပျက်ရင်တော့ ဘယ်လိုခွင့်ပဲယူယူ  ဒေးကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေးတွေ အဖြတ်ခံရတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။
 
ယင်းကဲ့သို့ လုပ်ငန်းခွင်ထဲမှာ ချိုးဖောက်ခံရတာတွေကို ဖြေရှင်းပေးဖို့နဲ့ အလုပ်သမားတွေအတွက် သင့်တော်သလို ညှိနှိုင်းပေးနိုင်မဲ့ WCC အဖွဲ့အစည်းကိုလဲ ပြန်လည်ဖွဲ့စည်းပေးဖို့တောင်းဆိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

#MyanmarLabourNews

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026