NEWS

အထောက်အထားမပြည့်စုံလို့ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေကို စစ်ကောင်စီ ထံ  ပြန်မပို့ဖို့ အိမ်နီးချင်းနိုင်ငံများကို NUG အထူးမေတ္တာရပ်ခံ

CoverLogo
283 Views

ပြည်ပနိုင်ငံတွေ ကို သွားရောက် အလုပ်လုပ်ကိုင်ရာ မှာ အထောက်အထား မပြည့်မစုံ လို့ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအလုပ်သမားတွေ ကို စစ်ကောင်စီ ထံ သို့ ပြန်လည် လွှဲပြောင်း ပို့ဆောင် ခြင်း ဟာ အလုပ်သမားတွေကို  သေတွင်းထဲ သို့ ပို့ဆောင် နေတဲ့ သဘော ဖြစ်နေတဲ့ အတွက် ပြန်မပို့ ဘဲ  လူသားချင်းစာနာထောက်ထားစွာဖြင့်  ကူညီစောင့်ရှောက်ပေး ဖို့ အိမ်နီးချင်းနိုင်ငံတွေ ကို  အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အထူး မေတ္တာရပ်ခံ လိုက်ပါတယ်။

 

မတ်လ ၄ ရက်နေ့ က ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ပြည်သူလူထုနှင့်နိုင်ငံတကာ သို့ သတင်းစကားပြောကြားခြင်း (Press Briefing)အစီစဉ် ၅/၂၀၂၅  မှာ ကြားခဲ့တာဖြစ်ပါတယ်။

 

"အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို အကြမ်း ဖက်စစ်အုပ်စုလက်ကို ပြန်လည်အပ်နှံခြင်းဟာ သေတွင်းထဲ ပြန်ပို့တာနဲ့ အတူတူပဲ ဖြစ်တာကြောင့်  မိမိတို့နိုင်ငံအလိုက်ထုတ်ပြန်ထားကြတဲ့ “မိခင်နိုင်ငံသို့ပြန်ပို့ခံရချိန် မှာ အသက်အန္တရာယ် ကျရောက်နိုင်လျှင် ပြန်ပို့ခြင်းကိုတားမြစ်သည့် ဥပဒေ၊ ညွှန်ကြားချက် တွေနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ကူညီစောင့်ရှောက် ပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်""လို့ ဦးနေဘုန်းလတ်ကပြောကြားခဲ့ပါတယ်။

 

စစ်ကောင်စီအနေနဲ့ အဓမ္မ စစ်သားစုဆောင်း ခြင်းတွေ ကို လုပ်ဆောင်နေတာမှာ တစ်နှစ် အတွင်း အပတ်စဉ် ၁၀ ခု နီးပါး အထိ ရှိလာပြီးပေါ် တာဆွဲခြင်း၊ အိမ်နီးချင်းနိုင်ငံများမှ ပြန်ပို့တဲ့ အလုပ်သမား တွေကို အဓမ္မစစ်သားစုဆောင်းခြင်း၊ အမျိုးသမီးတွေကိုပါ အဓမ္မစစ်သားစုဆောင်းဖို့ စတင်လာခြင်း၊ အကျဉ်းထောင်များမှ  လူငယ်များကို အဓမ္မစစ်သားစုဆောင်းခြင်း၊ လူငယ်များ၏ နိုင်ငံတကာထွက်ခွာမှုကို ပိတ်ပင်ခြင်း၊ နိုင်ငံတကာ ရောက်ရှိနေသူတွေကို  လက်ပါးစေ သံရုံးများမှတဆင့် အကျပ်ကိုင်ပြီး တိုင်းပြည်အတွင်း ပြန်လည် ဝင်ရောက် အဓမ္မစစ်မှုထမ်းစေရန် ကြိုးစားခြင်းများကို လုပ်ဆောင်လာတာတွေ လည်း ရှိတယ်လို့ ဆိုပါတယ်။

 

အခုလို စစ်ကောင်စီ ရဲ့ လုပ်ရပ်တွေ အပေါ် နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့တွေနဲ့ အလုပ်သမားအဖွဲ့စည်းတွေ အနေနဲ့ အရေးယူပေးဖို့ကိုလည်း ဦးနေဘုန်းလတ်က ဆက်လက်ပြောကြားပါတယ်။

 

""ရှေ့တန်းစစ်မြေပြင်ကိုပို့နေတာ ဒီကိစ္စဟာ နိုင်ငံ နဲ့ ချီပြီး အဓမ္မအလုပ်စေခိုင်းမှု ဖြစ်ပြီးတော့ အဆိုးရွားဆုံး လူ့အခွင့်ရေး ချိုးဖောက်မှု ဖြစ်တာကြောင့် နိုင်ငံတကာလူ့အခွင့်ရေးဆိုင်ရာ အဖွဲ့စည်းတွေ နဲ့ အလုပ်သမားရေးရာအဖွဲ့စည်းတွေ အနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူမှု ပြုလုပ်ဆောင်ရွက်ကြဖို့ အထူးမေတ္တာရပ်ခံ ပန်ကြားလိုပါတယ်""လို့ပြောကြားပါတယ်။

 

ဒါ့အပြင် ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ သက်ဆိုင်ရာနိုင်ငံအလိုက် လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုတွေ စံနှုန်းတွေကို လေးစားလိုက်နာပြီး သဟဇာတဖြစ်အောင် နေထိုင်ကြဖို့ ကိုလည်း NUG က အထူးတိုက်တွန်း ပြောကြားထားပါတယ်။

 

 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026