NEWS

အထည်စံချိန် အလွန်အကျွံ တောင်းခံခိုင်းစေ

CoverLogo
727 Views

လုပ်ငန်းခွင်အတွင်းမှာချုပ်လုပ်ရတဲ့အထည်စံချိန်ကို အလွန်အကျွံတောင်းခံထားပြီး အချိန်မီမပြီးစီးပါက အချိန်ပိုအခမဲ့ဆင်းပေးပြီးချုပ်လုပ်နေရကာ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရန်ကျင်းမြို့ စီမံမြို့သစ်စက်မှုဇုန် အမှတ် ၂ မှာဖွင့်လှစ်ထားတဲ့ Ying Jiang. ShiShang Co, Ltd မှာ မြန်မာအလုပ်သမား ၉၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေပြီး ပိုင်ရှင်မှာတရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါလုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။ချုပ်လုပ်တဲ့အမှတ်တံဆိပ်ကတော့  HEAT  အမှတ်တံဆိပ် အနွေးထည်ဂျာကင်တွေချုပ်တာလို့ ပြောပါတယ်။

လုပ်ငန်းခွင်မှာ သတ်မှတ်အလုပ်ချိန်က နံနက် ၈ နာရီကနေ ည ၇ နာရီ ၃၀ အထိ ဖြစ်ပြီး အထည်စံချိန်ကို ယင်းအလုပ်ချိန်အတွင်း အသည်းအသန်ချုပ်ပေမဲ့ မပြည့်နိုင်တာကြောင့် ည ၁၀ နာရီ ခန့်ထိ ညတိုင်းနီးပါး အခမဲ့ချုပ်လုပ်ပေးနေရတယ်လို့ အလုပ်သာမးကပြောပါတယ်။

"သူတို့အလုပ်စခေါ်တုန်းကတော့ အခုလိုတွေလုပ်ရမယ်လို့ မပြေထားဘဲ အလုပ်ထဲရောက်တော့ခိုင်းချင်သလိုခိုင်းတာ မြန်မာမှာ လီတာလောက်လုပ်တဲ့လူတွေကို စူပါရာထူးပေးပြီး မြှောက်ပေးတော့ သူတို့ကလဲ မြန်မာနိုင်ငံသားအချင်းချင်း ဆဲဆို အော်ဟစ်ပြီး မတရားခိုင်းနေတာ ဖေနဲ့ ကိုင်ပြီးဆဲတာ လိုင်းစူပါတွေက တရက်ထက်တရက်ပိုပြီးရိုင်းစိုင်းလာတာ တခုခုပြန်ပြောတာနဲ့ တရုတ်ရဲခေါ်ပြီးဖမ်းခိုင်းလိုက်မယ်ဆိုပြီးခြိမ်းခြောက်သေးတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

အခုလို အထည်စံချိန်သတ်မှတ်တောင်းခံရမှာလည်း စက်လိုင်းတလိုင်းလျင် အလုပ်သမား ၃၀ ရှိပြီး တရက်ကို ဝယ်လွန်ဂျာကင်အထည် ၃၅၀ တောင်းခံပြီး ချုပ်လုပ်လို့ မပြီးပါက ညဘက် ၁၀ နာရီဝန်းကျင်ထိ အိုတီကြေး မပေးဘဲ ချုပ်လုပ်စေတယ်လို့ ပြောပါတယ်။

"သူတို့တောင်းတဲ့အထည်စံချိန်ကို ဒီနေ့ ရေမသောက် အိမ်သာမသွားဘဲ ဆက်တိုက်အသည်းအသန်ချုပ်ပေးလို့ ပြည့်သွားရင် နောက်ရက် အဲ့ထက်ပိုတိုးပြီးတောင်းတာ ည ၁၀ နာရီ အချိန်ပိုဆင်းပြီး အဆောင်ပြန်ရောက်လို့ ၁၁ နာရီထိုးတာနဲ့ ရေချိုး အဝတ်လျှော်ချိန်တောင်မရဘဲ အဆောင်မီးတွေမှိတ်လိုက်ရော ထမင်းစားရင်လဲ ပုံစံနဲ့ထည့်ပေးပြီး ပေးသလောက်ပဲစားရတယ် ဗိုက်မပြည့်လည်း မရဘူး။ နေမကောင်းလို့အလုပ်ပျက်ရင် ယွမ် ၃၅၀ လောက်ဖြတ်ခံရတယ် လစာတိုးပေးမယ်ပြောပြီး အသည်းအသန်ခိုင်းပေမဲ့ မတိုးပေးဘူး"လို့ အလုပ်သမားကပြောပါတယ်။

လစာပေးချေမှုအနေနဲ့ ဒေးကြေး ယွမ် ၁၄၀၀ ရက်မှန်ကြေး ၂၀၀ သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။ 

အလုပ်သမားတွေအနေနဲ့ 
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံပေးရန်။
၂။ အလုပ်ရှင်ဘက် အလုပ်ချိန်ထက်ကျော်လွန်လုပ်ကိုင်ရသောအချိန်ကို အချိန်ပိုအိုတီကြေးပေး‌ရန်နှင့် အလကားခိုင်းခြင်း မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ထမင်းကျွေးရာတွင် ဝဝလင်လင်ကျွေးရန်။
၄။ စူပါများမှာ ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်း၊ တရုတ်ရဲများဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ခြင်း မပြုလုပ်ရန်။ 
၅။ အလုပ်ရှင်ဘက် အလုပ်သမားများ အသုံးပြုသော သုံးရေများနှင့် အိမ်သာရေများကို အဆင်ပြေအောင် ဆောင်ရွက်ပေးရန်စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့ ပြောပါတယ်။


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026