NEWS

အထည်စံချိန်အလွန်အကျွံတောင်းခံနေပြီး လုပ်ငန်းခွင်အတွင်း ဥပဒေမဲ့ အလုပ်ထုတ်မှုများကျူးလွန်နေဟုဆို

CoverLogo
759 Views

Vaile Bleue အမှတ်တံဆိပ် ဝယ်လွန်ထည် စွပ်ကျယ်နဲ့ ဂျပန်ထည်တွေကို ချုပ်လုပ်နေတဲ့ Best Choice Garment Co,Ltd မှာ အထည်စံချိန်တွေကို အလုပ်သမားချုပ်လုပ်နိုင်တာထက် အလွန်အကျွံတောင်းခံတာ ခွင့်ခံစားခွင့်မပေးတာ နဲ့ ဥပဒေမဲ့အလုပ်ထုတ်တာတွေ ရှိနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်မှာဖွင့်လှစ်ထားတဲ့ အဆိုပါ တရုတ်နိုင်ငံသားပိုင်စက်ရုံမှာ အလုပ်သမားအင်အား ၅၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်။အဆိုပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂလည်းဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

“စံချိန်တောင်းတော့ လိုင်းတစ်လိုင်းလုံးအနေနဲ့ တောင်းတာ အထည်အရေအတွက်ကို ပုံမှန်တောင်းတာမျိုးမဟုတ်ဘဲ ဒီနေ့ ၆၀ တောင်းရင် နောက်နေ့ ၈၀ တောင်းတယ် ဒီနေ့ စတိုင်အသစ်ချိန်ရင် ဒီနေ့ အထည်အရေအတွက်ကိုတောင်းတယ် တလိုင်းလုံးအနေနဲ့စံချိန်တောင်းရင်လည်း အလုပ်မလာတဲ့အလုပ်သမားအတွက်ပါထည့်ပြီးတောင်းတော့ ဘယ်လိုလုပ်အဆင်ပြေမှာလဲ အထည်စံချိန်ပြည့်ရင် အလုပ်ရှင်ဘက်ကပေးတဲ့  ဆုကြေး ၅၀၀၀ ကနေ ၁၀၀၀၀ ကျပ်ရတယ် ဒါပေမဲ့ အဲ့ဒါက အမြဲတမ်းရတာမဟုတ်ဘူး စံချိန်ကို တဖက်သတ်ကြီး သတ်မှတ်ပြီးတောင်းတော့ မပြည့်တဲ့ရက်ကများပါတယ်အဲ့လိုမပြည့်ဘူးဆိုရင်တော့ ဝမ်တိမ်လက်မှတ်ထိုးခိုင်းတာ အလုပ်ထုတ်တာတွေပါလုပ်တယ်”လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတိုင်းခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်ခံစားခွင့်မရှိဘဲ ခွင့်တိုင်ပါကလည်း လစာဖြတ်တောက်လို့ တရက်ပျက်ပါက ဒေးကြေး ၅၆၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၁၅၀၀၀ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။

“ခွင့်ခံစားခွင့်က မရနေဘူးပေါ့ ခွင့်တိုင်လည်း အဖြတ်ခံရတယ် ရှောင်တခင်ခွင့်ဆိုတာလည်းမရဘူးပေါ့ မကြာသေးခင်ကဆို အချိန်ပိုတွေ မနားမနေဆင်းရတယ် အောလင်း အောနိုက်တွေ တနင်္ဂနွေ ပိတ်ရက်တွေမှာပါဆင်းရတာ အခုကအော်ဒါတွေ ပြတ်တော့မှာမို့ မခေါ်တော့တာ”လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ အပြစ်မရှိဘဲ ဥပဒေမဲ့ အလုပ်ထုတ်တာတွေမလုပ်ဖို့ တဖက်သက် တောင်းခံတဲ့စံချိန်မရပါက အောစူပါများမှ ဝမ်တိမ်လက်မှတ်ထိုးခိုင်းခြင်းမပြုရန် ခွင့်ခံစားခွင့်ပေးရန်နဲ့ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ သတ်မှတ်တောင်းခံဖို့ တောင်းဆိုချင်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026