NEWS

အထည်ချုပ်လုပ်သားများအလုပ်ပိတ်ရက်မရှိဘဲအလုပ်လုပ်ကိုင်နေရ၊ တနင်္ဂနွေနေ့အိုတီခေါ်ပါက အလုပ်သမားတွေရဲ့ သဘောဆန္ဒအရသာ ခေါ်ယူဖို့ တောင်းဆို

CoverLogo
1.2K Views

ဥပဒေပါခံစားခွင်များဖြစ်ကြသည့် (၁၉၅၁) ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေပါခံစားခွင်များပေးဖို့ နဲ့ အလုပ်ပိတ်ရက်တွေမှာအချိန်ပိုတွေ အတင်းအဓမ္မခေါ်ယူနေတာတွေကြောင့်အခက်တွေ့နေရတယ်လို့ CSG2 စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ဖန်ချက်ဝန်ဦးရွှေအိုလမ်းမှာ အလုပ်သမား ၁၅၀ ကျော်နဲ့ ဖွင့်လှစ်ထားတဲ့ တရုတ်လူမျိုးပိုင် စက်ရုံမှာ အလုပ်ပိတ်ရက်တွေမှာ အိုတီမဖြစ်မနေဆင်းပေးနေရတာအပါအဝင် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
အဆိုပါ စက်ရုံမှာ REVOLUTION RACE, SOULCAL & CO စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲတွင် အောစူပါ၊ စူပါ၊ လီတာများမှ အလုပ်နှင့် မသက်ဆိုင်ပဲလုပ်ငန်းခွင်တွင် အလုပ်သမားအပါ် ရိုင်းစိုင်းစွာဆဲဆိုခြင်း နှင့်ဝန်ထမ်းအချင်းချင်းအရှက်ရစေရန် အော်ဟစ်ပြောဆိုခြင်းများပြုလုပ်လျှက်ရှိတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အများပြည်သူအလုပ်ပိတ်ရက်များ နဲ့ တနင်္ဂနွေနေ့များတွင် အလုပ်သမားများ၏ သဘောဆန္ဒ မပါပဲ အချိန်ပိုအားအတင်းအကျပ်ခိုင်းစေကာ ဥပဒေပါခံစားခွင်များဖြစ်ကြသည့် (၁၉၅၁)ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေပါခံစားခွင့်များအား မရရှိဘူးလို့ သိရပါတယ်။

“ညဘက် ALL လင်း၊ ALL Night တွေလည်း အလုပ်သမားတွေ သဘောဆန္ဒမပါပဲ အတင်းအကျပ်ဆင်းခိုင်းပါတယ်”လို့ အဆိုပါ စက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

အလုပ်သမားများသည် ရရှိထားသော ကျွမ်းကျင်ကြေး Great  A, B, C အား ဥပဒေပါခံစားခွင့်ဖြင့် အလုပ် ရက်ပျက်ပါက Great အဆင့် A , B, C, ကျွမ်းကျင်းကြေးအားချခံရခြင်း အလုပ်ရှင်အနေဖြင့် အလုပ်သမားများအား တနင်္ဂနွေနေ့ရုံးပိတ်ရက်များကိုဒေးကြေးပေပြီး အခြားသော အစိုးရ ရုံးပိတ်ရက်မျာကို  ဒေးကြေးမပေးခြင်းများပြုလုပ်လျှက်ရှိတယ်လို့ လည်း အလုပ်သမားတွေကပြောပါတယ်။

ဒါ့အပြင် နေ့စားဝန်ထမ်းများကို အစမ်းခန့်ကာလ(၃)လ ပြည့်ပါက အမြဲတမ်းဝန်ထမ်းမခန့်ဘဲ အလုပ်ဖြုတ်ပစ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူများမှ ရိုင်းစိုင်းစွာဆဲဆိုခြင်းများ မပြုလုပ်ဖို့နဲ့ 
တနင်္ဂနွေတွင် အချိန်ပိုခေါ်ယူပါက အလုပ်သမားများ၏ သဘောဆန္ဒအရ သာအချိန်ပိုခေါ်ယူရန်  ဥပဒေပါသက်မှတ်ထားသည့် အချိန်ပို အတိုင်းခေါ်ယူရန်နှင့် ALLလင်း၊ ALL night များကိုမခေါ်ရန် အစိုးရ ရုံးပိတ်ရက်များတွင် ခိုင်းစေပါက အားဒေးကြေးပေးရန် တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

MyanmarLabourNews

 


Related posts

Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026