NEWS

အထည်ချုပ်လုပ်ငန်းခွင်အတွင်း လုံခြုံရေးဝန်ထမ်းများမှ ဗီဒီယိုမှတ်တမ်းတင်နေမှုအပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေရှိနေတယ်လို့ အလုပ်သမားတွေပြော

CoverLogo
1.8K Views

လှိုင်သာယာစက်မှုဇုန် ၅ ရွှေလီလမ်းမှာ ဖွင့်လှစ်ထားတဲ့  SHUNRONG Garment  (MYANMAR) CO,LTD    စက်ရုံမှာ အလုပ်သမားတွေအလုပ်လုပ်နေစဉ် စက်လိုင်းအတွင်းကို လုံခြုံရေး တွေ လှည့်ပတ်နေပြီး ဗီဒီယို ရိုက်ကူးတာ အလုပ်သမားတွေကို ရိုင်းစိုင်းစွာပြောဆိုတာနဲ့ အမျိုးသမီးသန့်စင်ခန်းတွေကိုပါ ဝင်ထွက် နေတာတွေရှိလို့ အမျိုးသမီးလုပ်သားတွေအတွက် အခက်တွေ့စရာဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထာတာမရှိဘဲ အလုပ်သမား ၃၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေရှိနေတဲ့ အဆိုပါ စက်ရုံမှာ CMP, ဆောက်လုပ်ရေး ဝတ်စုံ။ ကိုယ်ပိုင် brand စတာတွေချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

"စက်ရုံမှာ သောက်ရေသန့်စက်ပျက်နေတာ အဲ့ဒါကြောင့် အလုပ်သမားတွေက ရေကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အပြင်ကနေ ဝယ်သောက်နေရတာရှိတယ် ပြီးတော့ လုံခြုံရေး ဝန်ထမ်း အမျိုးသားတွေက အလုပ်သမားတွေကို အော်ဟစ်တာ ရိုင်းရိုင်းစိုင်းစိုင်းပြောတတွေရှိတယ် မိန်းကလေးသန့်စင်ခန်းတွေထဲထိ ခနခန အဝင်အထွက်လုပ်တာတွေ ပြီးရင် မိန်းကလေးတွေ အလုပ်လုပ်နေရင် အထည်ကို အသဲအသန်ချုပ်နေရတာလေ အဲ့တာကို လုံခြုံရေးတွေက စက်လိုင်းထဲထိ လှည့်ပတ်တယ် ဗီဒီယိုရိုက်တာတွေရှိတယ် စက်ချုပ်နေရတာ တခါတလေ ဒူး ပေါ် ပေါင်ပေါ်တာရှိတော့ ကာအိဒြေပျက်တာပေါ့ အဲ့လိုမျိုးမလုပ်စေချင်ဘူး"လို့ စက်ရုံအလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ ဈေးမရောင်းရ ( ဝမ်တိန် လက်မှတ်ထိုးရမည်) ဟုဆို ကာ စည်းကမ်းချက်သတ်မှတ်ထားပြီး HR Manager ကိုယ်တိုင်ဖန်စီပစ္စည်းတွေရောင်းချနေတာကို တွေ့ရတယ်လို့ လည်း အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမား တစ်ဦးချုပ်လုပ်နိုင်တာထက်ပိုတဲ့ စံချိန်သတ်မှတ် တောင်းဆိုထားတယ်လို့ သိရပါတယ်။ အလုပ်သမားတစ်ဦးအတွက် တစ်နာရီလျှင် စံချိန် ၅၀ တောင်းခံထားပြီး  အောစူပါမှ ဆဲဆိုတာတွေ ပြုလုပ်လေ့ရှိပြီး ရုံးပိတ်ရက်တွေမှာပါ အချိန်ပိုကြေးမပေးဘဲ ခိုင်းစေတာတွေရှိနေတယ်လို့ ဆိုပါတယ်။

"တရားဝင် ရုံးပိတ်ရက်တွေ တနင်္ဂနွေလို နေ့တွေမှာ အချိန်ပိုအိုတီကို မနက် ၂ နာရီ ၃ နာရီလောက်ခေါ်တယ် ပိုက်ဆံမပေးဘဲ ခိုင်းတာပါ အဲ့တာကို မဆင်းဘဲ ငြင်းရင် အငြိုးထားတယ် နှိမ်တယ် ခွဲခြားဆက်ဆံတယ် အဲ့တာကို ကြောက်ပြီး မဖြစ်မနေဆင်းနေရတယ်" လို့ အမည်မဖော်လိုတဲ့ အလုပ်သမားက ပြောဆိုပါတယ်။

ယခင်က တစ်နေ့တာ အလုပ်ချိန် ပြီးချိန် အိုတီမဆင်းခင် ၁၅ မိနစ်ခန့် အနားပေးပြီး ယခုအချိန်မှာ အနားမပေးတော့ဘဲ အိုတီ တဆက်တည်း ဆင်းခိုင်းနေတာတွေပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။

ဒါ့အပြင် အလုပ်ထွက်သွားတဲ့အလုပ်သမားတွေကို ဒေးကြေးသာပေးချေပြီး ကျွမ်းကျင်ကြေး ရှားပါးစရိတ်များမပေးဘဲ ဖြတ်တောက်ထားတာ အလုပ်သမားတွေလုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိပါက အရေးပေါ် အသုံးပြုရန် ဆေးဝါးနဲ့ ပတ်တီးစ စတာတွေမရှိလို့ ပိတ်စ အပိုတွေကို ပတ်တီအဖြစ်အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

စက်ရုံလုပ်ငန်းခွင်အတွင်း လျှပ်စစ်ဓါတ်အားချွေတာပြီး ပန်ကာ များအသုံးပြုခြင်းရပ်နားထားတာကြောင့် အလွန်အကျွံချွေးထွက်ကာ အလုပ်လုပ်ရန် ခက်ခဲလာတာတွေလည်း ရှိနေတယ်လို့ အခက်တွေ့နေတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

"နောက်ထပ်ပြောရမယ်ဆိုရင်တော့ cutting ပိုင်းက အလုပ်သမားတွေကို ကွန်တိန်နာပေါ်က ပိတ်လိပ်တွေချခိုင်းတယ် ပြီးရင် အိုတီကြေးနဲ့ ရှင်းပေးတယ် ၂ နာရီ လုပ်ရရင် ၁ နာရီ ခွဲစာနဲ့တွက်ပေးတယ် ပိတ်တွေက အရမ်းလေးတော့ အလုပ်သမားတွေက မနိုင်ဘူးလေ နားခွင့်လည်းမပေးဘူး ရေလဲ မသောက်ရဘူး အလုပ်ဆင်းချိန်မှာ ကားလာရင်လဲ ချပေးရတာပဲ အလကားချပေးရတာ ကြာလာတော့ အဆင်မပြေတော့ဘူး"လို့  အလုပ်သမားထပ်မံပြောဆိုပါတယ်။

အလုပ်ရှင်အနေနဲ့ လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေအတွက်  သောက်ရေ စီမံပေးဖို့ အမျိုးသမီး အလုပ်သမားတွေ အတွက် သီးသန့်နေရာတွေကို   အကာအကွယ်ပေးဖို့ နဲ့ လုပ်ငန်းခွင်ထိခိုက်မှုတွေအပါအဝင် လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာရပ်တွေ ရှိပါက အလုပ်ရှင်အနေနဲ့ တာဝန်ယူစေချင်တယ်လို့ အလုပ်သမားတွေကတောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026