NEWS

အခွန်ဆောင်ရသည့်အတွက် လာအို စက်ရုံမှာ တနေ့ ၂ နာရီ အပိုလုပ်ခိုင်း၊ မြန်မာ အေဂျင်စီက ပွဲခယူ၊ လျှော်ကြေးတောင်းဟုဆို

CoverLogo
396 Views
 
သက်ဆိုင်ရာ လူကြီးမင်းတွေကို အသိပေးပါတယ်။
လာအိုနိုင်ငံက Everlao အထည်ချုပ် စက်ရုံကိုတိုင်ကြားချင်ပါတယ်ရှင့်။
ညီမတို့မှာ လေယာဥ်နဲလာရပြီး ၊ အောက်လမ်းကလာရသလို အနိမ်ခံနေရတယ်။ မြန်မာနိုင်ငံက လေတလုံး မိုးတလုံး ပြောခဲ့တဲ့ အေဂျင်စီကလည်း ဘာမှ မကူညီပါဘူး။
စက်ရုံမှာ အော်ဒါမရှိလို့ အလုပ်တွေ ပိတ်ပြီး၊ ပိုက်ဆံတွေ ဖြတ်ပါတယ်ရှင့်။ မြန်မာခေါင်းဆောင်တွေလည်း မဖြေရှင်းပေးဘူးရှင့်။
သူတို့ လုပ်သမျှ ခံနေရတယ်။
အောက်လမ်းနဲ့လာသလို ဖြစ်နေပါတယ်။
ညမတို့လစာတွေ ဖြတ်ရုံတင်မဟုတ်ဘူး။ ထမင်းဖိုးတွေ ပါမပေးဘူးရှင့်။
ညီမတို အဓိက လိုအပ်တာက အလုပ်ချိန် ၈ နာရီနဲ့ ဒီထက်ပိုတာကို အချိန်ပိုလို သတ်မှတ်ပေးစေချင်တာပါ။
ဒါပေမဲ့ ဒီအလုပ်ချိန်ကိစ္စက အခုချိန် ထိ အဆင်မပြေသေးပါဘူး ။ ထပ်ပြီးတောင်းဆို ပါတယ်။
အလုပ်ချိန်က ၈ နာရီ မှန်တယ်။ ဒါပေမဲ့ တစ်နေ့ ၁၀ နာရီ ဆင်းခိုင်းတာက ၊ အခွန်ဆောင်ရတာတွေ အတွက်လို စက်ရုံဘက် ပြောပါတယ် ။ စာချုပ်ထဲမှာလဲ ပါပြီးသားလို ပြောပါတယ်။ ညီမတို စာချုပ်မှာ အလုပ်ချိန် ၁၀ နာရီ ဆိုတာ မပါ,ပါဘူး။
လာအို လူမျိုးတွေကိုတော့ ညနေ ၅ နာရီ(အလုပ်ချိန် ၈ နာရီ) နောက်ပိုင်းကို အချိန်ပို သတ်မှတ်ပေးထား ပါတယ်။ ညီမတို မြန်မာတွေပဲ တနေ့ ၁၀ နာရီလုပ်ပေးရတာပါ။
လာအိုမှာ အလုပ်ချိန်က တစ်နေ့ ၈ နာရီ ပါပဲ။ ညီမတို တိတိကျကျ သိထားရပါ တယ်။
စက်ရုံမှာ အလုပ်သမားတွေကို ရိုင်းပြတဲစကားလုံးတွေနဲ့ အော်စူပါက ပြောဆိုပါတယ်။
ကျန်းမာရေး မကောင်းလို ခွင့်တိုင်ရင်လည်း (၃ရက်ထက် ခွင့်ပိုယူရင်) လျော်ကြေးပေးပြီးပြန်တဲ့။
မိသားစုကို ပြန်ပို့ရတာနဲ့ ဒီနိုင်ငံကိုလာလို့ ကုန်ကျစရိတ်တွေကလည်း မကျေသေးဘူး။ ဒါနဲ့ အပြောဆိုခံ ဘဝနဲ့ နေနေရပါတယ်။
ကျန်းမာရေး မကောင်းလို ပြန်ချင်တဲ့လူတွေကို လျော်ကြေး ဒေါ်လာ ၃၉၀ ၊ ကိုယ့်ဆန္ဒနဲ့ ကိုယ်ပြန်ချင်ရင် ဒေါ်လာ ၇၂၀ လျော်ကြေး သက်မှတ်ထားပါတယ်.။
၃၉၀ ကတော့ စက်ရုံက အကုန်ကျခံပီးခေါ်ထားတဲ့ ကုန်ကျစရိတ်တွေ ပြန်တောင်းတာ။ ကျန်တဲ့ ၃၀၀ ကတော့ မြန်မာ အေးဂျင့်စီကို ပေးရမယ်ပြောပါတယ်။ ကျန်တဲ့ ၃၀ က အခွန်လို ပြောထားပါတယ်။
နေမကောင်းရင် အလုပ်ကိုလာစရာမလိုဘူး။ ခွင့်တိုင်ရင်ရတယ်ဆိုပြီး၊ အခုတော့ ၃ရက်ထက် ပိုယူရင် ပြန်တဲ့။
သူဌေးက အိန္ဒိယ ပါ။စကားပြန်နဲ့ စူပါတွေ အောစူပါတွေက မြန်မာတွေပါ။
စကားပြန်ကလည်း တရုတ်တွေဘက်ကပဲ ပြောဆိုဆက်ဆံပါတယ်။ စူပါတွေ အော်စူပါက အရမ်းကို ဖိနှိပ်ပါတယ်။ သူတိုနဲ့ အဆင်ပြေတဲ့သူဆိုရင် ဘာတခုမှမပြောပါဘူး။
အဆင်မပြေတဲ့သူဆိုရင်တော့၊ အရမ်းကိုမဲတာပါ။
ဌာနတွေက ခေါင်းဆောင်က တရုတ်လူမျိုးတွေပါ။
တခုခုဆိုရင် တရုတ်အမျိုးသမီးနဲ့ပဲ ခြိမ်းခြောက်ပါတယ်။
ညီမတို့ကို လာအို စက်ရုံ သူဌေးက စာရိတ်ငြိမ်း နဲ့ ခေါ်တာပါ။ အခုကျတော့ ကုန်ကျစရိတ်တွေများလိုဆိုပြီး
အသံတွေ ထွက်လာပါတယ်။
မြန်မာအေဂျင်စီ အကြောင်းတွေ။ ပြောပြချင်ပါတယ်။
ညီမတို့ရဲ့ မြန်မာအေဂျင်စီက အားထန် (Ar Htan ) ပါ ။
မြန်မာ အေဂျင့်စီက လာတဲ့ အလုပ်သမားတွေ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ ကုန်ကျစရိတ်တွေ ရှိနေပါတယ်။
ဘယ်ချိန် ပြန်ပြန် လျော်ကြေးက ရှိနေတယ်။ ဒါကို ညီမတို မရှင်းလင်းဘူး။ ညီမတို အလုပ်သမားတွေ မြန်မာ အေးဂျင့်စီနဲ့ စက်ရုံ ကြားထဲ ညှပ်နေတာပါ။
မြန်မာ အေးဂျင့်က ကြားကနေ အရမ်း ဖြတ်စားထားပါတယ်။
စက်ရုံ သူဌေးဘက်က ကုန်ကြစရိတ်တွေ ခံပေမဲ့ အဲ့ဒီ ကုန်ကျစာရိတ်တွေကို အေဂျင်စီက တောင်းတယ်။
အေးဂျင့် တိုက်ရိုက်ဆို တစ်ယောက် ၅ သိန်း အင်တာဗျူး အောင်ရင် သွင်းရပါတယ်။
ကိုယ်စားလှယ်နဲ့ တဆင့်ဆို တယောက် ၁၈ သိန်း။
ကိုယ်စားလှယ် လက်အောက်က တစ်ဆင့် ပွဲစား ခေါ်ရင်တော့ ၂၂ သိန်းပါ။
ညီမတိုက ပွဲစားမိတော့ ၂၄ သိန်း ပေးခဲ့ရတယ်။ အင်တာဗျူးအောင်လို ထွတ်ရက် သိရတော့ ဒေါ်လာ ၁၀၀ ထပ်သွင်းရပါတယ်။
အေဂျင်စီက စာချုပ်တစ်စုံကို ညီမတိုကို ပေးရမှာ၊ ဒါပေမဲ့ မပေးထားဘူး။ အေဂျင်စီကပဲ သိမ်းထားတယ်။
အားထန် အေဂျင်စီက စာချုပ်ကတော့ ၃ စုံစာကို ပေါင်းချုပ်ထားတာဆိုတော့ စာရွက်တွေထပ် နေတယ်။
လာအိုရောက်တော့ စာချုပ်ထပ်ချုပ်တယ်။ အဲစာချုပ်မှာ အလုပ်ချိန် ၁၀ နာရီ ပါတယ် ပြောတယ်။ အဲဒီအလုပ်ချိန်က စာချုပ်ထဲမှာ မတွေ့ရဘူး။
အေးဂျင်စီက ပြောတော့ ဘယ်လိုနည်းနဲ့မှ လစာ ဖြတ်လို မရဘူးလို ပြောတယ်။
ဒါပေမဲ့ အထည်မရှိလို့ စက်ရုံပိတ်ရင် အဲဒီနေ့အတွက် ညီမတိုကို လစာ ၄ ဒေါ်လာ ဖြတ်ထားတယ်။
ဘာကြောင့်လဲ မေးတော့တရုတ်တွေက ဖြတ်ခိုင်းတာတဲ့၊ အလုပ်သမားတွေက လက်မခံပါဘူး။
ဘာကြောင့် ဖြစ်ဖြစ် အလုပ်ချိန် ၁၀ နာရီ အထိ ဆင်းနေရတာပဲ။ စကားပြန်ကလည်း တရုတ်တွေဘက်ကဆိုတော့ ဘာမှမပြောပေးပါဘူး။
အလုပ်သမားတွေဘက်ကို ပြန်မကြည့်ပေးပါဘူး ။
ညီမတိုမှာ မိသားစု ဝမ်းစာ ရှိသေးတယ်။ လာအိုကို လာတော့လဲ ချေးငှားပြီး လာကြတာဆိုတော့ ဆက်လုပ်နေရတဲ့ သဘောပါပဲ။
စက်ရုံသူဌေးက စာရိတ်ခံ(zero call) ခေါ်ထားပေမဲ့ အေးဂျင်စီကကို ပေးရတာက မနည်းဘူး။ လျော်ကြေးပေးဖို ဆိုတာက မလွယ်တော့ဘူး။
စက်ရုံရဲ့ ဖိနှိပ်တာတွေ မခံနိုင်တော့လို့ တိုင်ကြားရတာပါ။
Myanmar Labour News က ကူညီပေးတာကို ကျေးဇူးတင်ပါတယ် ရှင့်။
လေးစားစွာဖြင့်
လာအိုရောက် မြန်မာလုပ်သမားများ

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026