NEWS

အချိန်ပို အတင်းအကြပ်ခိုင်းစေမှု၊ လုပ်အားခဖြတ်တောက်မှုနဲ့ အလကားနီးပါး ခိုင်းစေမှုတွေဖြစ်ပေါ်နေပြီး နိုင်ငံရေးအခြေအနေအရ တောင်းဆိုရန်ခက်ခဲနေဟုဆို

CoverLogo
1.5K Views

လုပ်ငန်းခွင်အတွင်းမှာ အချိန်ပိုအတင်းအကြပ်စေခိုင်းတာတွေရှိနေပြီး အချိန်ပိုကြေးဖြတ်တောက်တာတွေ ဉပဒေပါ ခွင့်ခံစားခွင့်တွေ မရရှိတာနဲ့ ခွဲခြားဆက်ဆံမှုတွေ ခြိမ်းခြောက်ခံရမှုတွေ အလုပ်ဌာန ပြောင်းလဲ ခိုင်းစေတာတွေ လုပ်ငန်းခွင်အတွင်းမှာ ကြုံတွေ့နေရပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ  တိုင်ကြားတောင်းဆိုရန် ခက်ခဲနေတယ်လို့ MYANMAR DIXDAIN Garment စက်ရုံလုပ်သားတွေကပြောပါတယ်။

အဆိုပါ အထည်ချုပ်စက်ရုံမှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့ အနော်ရထာစက်မှုဇုန် ပဒံရပ်ကွက်၊အနော်ရထားလမ်းနှင့်ဧရာဝတီလမ်းထောင့်မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၆၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင်  ဖြစ်ပြီး Find-Out,GRATEX စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်တာ လို့ သိရပါတယ်။

"အလုပ်သမားတွေကို အောနိုက်၊အောလင်း ( ညလုံးပေါက်အဆိုင်း) အတင်းအဓမ္မဆင်းခိုင်းပြီး၊နောက်နေ့အိပ်ချင်တော့ အလုပ်သမားတွေ အလုပ်နားရင်‌၊တစ်ညလုံးဆင်းခဲ့တဲ့ အချိန်ပိုအိုတီကြေး တွေ မပေးဘဲ မန်နေဂျာက သူသဘောနဲ့သူ အလုပ်မဆင်းတဲ့ရက်အတွက် အလုပ်ချိန်၈နာရီနဲ့ချိန်လိုက်ပါတယ် တစ်ညလုံးမ အိပ်ပဲ ဆင်းထားကို အလုပ်သမားကိုလည်း မမေးဘဲ ခုလိုလုပ်တာက ခေါင်းပုံဖြတ်တာပဲလေ" လို့ ယင်းစက်ရုံမှာအလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါ အောနိုက်၊အောလင်း များနေ့စဥ်ဆင်းရပြီးနောက်နေ့အိပ်ရေးပျက်လို့မဆင်းနိုင်သည့် ရက်များလည်းရှိနေခြင်းကိုအလုပ်ရှင်ဘက်မှအခွင့်ကောင်းယူကာတနင်္လာနေ့ရက်ပျက်ရင်၊တနင်္ဂနွေနေ့ ပိတ်ရက်ခအလုပ်သမားများကိုဖြတ်တောက်ခြင်း၊စနေနေ့ရက်ပျက်လျှင်လည်း၊တနင်္ဂနွေနေ့ပိတ်ရက်ခများကိုအလုပ်သမားများထံ ဖြတ်တောက်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်င လုပ်ငန်းခွင်အတွင်းကိုဗစ်ဆေးထိုးပေးမည် အလုပ်သမားတစ်ဦးကိုအပ်ဖိုးဆိုပြီးတစ်ဦးလျှင်(၅၀၀)ကျပ်ကောက်ခံခြင်း အလုပ်သမားများခံစားခွင့်ရှိသောဥပဒေပါခံစားခွင့်များဖြစ်သောခွင့်ရက်များ၊ဆေးခွင့်များလည်းခံစားခွင့်မရှိခြင်း တစ်ကတ် ( ticket ) ကြေးစက်ရုံဟုပြောထားပြီး ပွိုင့်ကြေးများမရရှိဘူးလို့လည်း အလုပ်သမားတွေကပြောဆိုပါတယ်။

"အလုပ်သမားများသဘောဆန္ဒမပါဘဲ လဲ အလုပ်ရှင်ဘက်က အချိန်ပိုအိုတီကိုမနားမနေခေါ်ယူနေပြီး၊မဆင်းလျှင်လည်းခွဲခြားဆက်ဆံတာတွေ ကြုံရတယ် ရက်စားဆင်းထားလို့ အလုပ်ပိတ်ပေးရမယ့် ရက်မှာလည်း အရေးကြီးတယ်ဆိုပြီး အိုတီမဆင်းမနေရ ဆင်းရတယ် ဆင်းရတဲ့ရက်ကိုလည်း အချိန်ပိုကြေးမပေးဘဲ ၄၈၀၀ နဲ့ပဲရှင်းပေးတာပါ။" လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ယင်းကဲ့သို့ ချိုးဖောက်ခံရခြင်းတွေရှိနေပေမယ့် ခေတ်ကာလ နိုင်ငံရေးအခြေအနေအရ စစ်အာဏာရှင်လက်ထက်မှာ မပြောရဲတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့  အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ 
၁။ အလုပ်သမားများအချိန်ပိုအိုတီကြေးများကိုမှန်မှန်ကန်ကန်အလုပ်ရှင်မှရှင်းပေးရန်။
၂။အလုပ်သမားများညမအိပ်ပဲဆင်းထားရသောအချိန်ပိုအိုတီများကိုHrမန်နေဂျာမှမိမိဆန္ဒဖြင့်အလည်း လှယ်လုပ်မတရားလုပ်‌ခြင်းမနေပြုလုပ်ရန်။
၃။ အလုပ်သမားများအလုပ်ဆင်းချိန်၊တက်ချိန်ကိုအတည်တကျသတ်မှတ်ပေးရန်။
၄။ အချိန်ပိုအိုတီများကိုအလုပ်သမားများဆန္ဒပါမှသာအချိန်ပိုခေါ်ယူရန်။
၅။ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်နှင့်အလုပ်ပိတ်ရက်များကိုခံစားခွင့်ပေးရန် စတာတွေ လုပ်ဆောင်ပေးစေချင်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

MyanmarLabourNews


Related posts

Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026