NEWS

အချိန်ပိုအလွန်အကျွံဆင်းရန်ခိုင်းစေ၊ မဆင်းပါက ခွဲခြားဆက်ဆံသည့်အပြင် ဝမ်တိန် ထိုးရမည်ဟု ပြောဆိုနေ

CoverLogo
936 Views

Fitex (Myanmar) Garment ဖစ်တက် (မြန်မာ) အထည်ချုပ်စက်ရုံမှာ အချိန်ပိုတွေ အလွန် အကျွံခေါ်ယူနေပြီး အချိန်ပိုမဆင်းနိုင်သူတွေကို လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံတာတွေအပြင် ဝမ်တိန်ထိုးရမယ် လို့ ပြောဆိုတာတွေ ရှိနေလို့ အခက်အခဲဖြစ်နေရတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

လက်ရှိမှာ စက်ရုံအလုပ်သမားတွေဟာ အချိန်ပိုတွေကို နေ့တိုင်းလိုလို ဆင်းနေရတဲ့အတွက် ကျန်းမာရေးအရ ထိ ခိုက်တာတွေ ရှိလာပြီး လုပ်ငန်းခွင်တွင်းမှာ ဆေးခန်းမရှိတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ကျန်းမာ ရေးအရ ဆေးခန်းပြရန် ဂိတ်ပတ်တောင်းပါက မပေးဘဲ ဆဲဆိုတာတွေ၊ နာမခံသာအောင် ပြောဆိုတာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အထည်စံချိန်တွေကို အလုပ်သမားတွေ ချုပ်နိုင်တာထက် ပိုမိုတောင်းခံနေပြီး စံချိန်မပြည့်ပါက အော်စူပါ၊ စူပါတွေက စက်လိုင်းထဲလာပြီး အော်ဟစ်ကာ မခံသာအောင် ပြောဆိုနေတာကြောင့် ဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေတာပါ။

ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံသား ပိုင်ဆိုင်တာဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ယောအတွင်း ဝန်ဦးဖိုးလှိုင်လမ်းနဲ့ ဦးအောင်သူလမ်းထောင့်၊ ရွှေလင်ဗန်းဆေးရုံရှေ့မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

အလုပ်သ မားအင်အား (၈၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာ မရှိဘဲ WCC ကော်မတီသာ ရှိနေတာ ဖြစ်ပါတယ်။ 

စက်ရုံမှာ FSBN, SMOG,AMISU စတဲ့ အမှတ်တံဆိပ်နဲ့ ရှပ်အင်္ကျီ အမျိုးမျိုုး၊ ဘောင်းဘီအရှည်၊ အတိုစတာကို ချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းခွင်တွင်းမှု ချိုးဖောက်မှုများစွာ ရှိနေ တာပဲ ဖြစ်ပါတယ်။

“အလုပ်ချိန်ကတော့ မနက် (၇) နာရီခွဲကနေ ည (၇) နာရီထိ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အချိန်ပိုတွေကို  အ လုပ်ချိန်ပြီးရင် အချိန်ပိုတွေကို ည (၉) နာရီ၊ (၁၂) နာရီ၊ မနက် (၅) နာရီထိ အမျိုးမျိုးခေါ်ပါတယ်။ လူခွဲခေါ်တာလည်း ရှိတယ်။ တစ်စက်ရုံလုံး ဆင်းရတာလည်း ရှိပါတယ်။ အချိန်ပိုတွေကို အလုပ်သမားတွေ ဆင်းချင်လား၊ မဆင်းချင် ဘူးလား စာရင်းကောက်တာတို့၊ လက်မှတ်ထိုးတာတို့ မရှိပါဘူး။ စက်ရုံဘက်က တာဝန်ရှိသူတွေက ခေါ်ချင်သလို ခေါ်ပါတယ်။ တနင်္ဂနွေပိတ်ရက်တွေလည်း ဆင်းရပါတယ်။ အချိန်ပိုမဆင်းရင် စက်ရုံက မန်နေဂျာ၊ အော်စူပါ၊ စူပါတွေက ပြောဆိုပါတယ်။ ဝမ်တိန် ထိုးရမယ်လို့လည်း ပြောပါတယ်။ နောက်ပြီး အချိန်ပိုမဆင်းတဲ့ အလုပ်သမား တွေကိုလည်း အမျိုးမျိုးခွဲခြား ဆက်ဆံပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

အချိန်ပိုတွေကို အလွန်အကျွံ ခေါ်ယူနေပေမယ့် အချိန်ပိုကြေး တွက်ချက်ရမှာတော့  မနက် (၇) နာရီခွဲကနေ ည (၆) နာရီအထိကို လစာထဲမှာ ထည့်သွင်းတွက်ချက်ပေးပြီး ည (၇) နာရီ နောက်ပိုင်းဆင်းရတဲ့ အချိန်ပိုတွေကိုတော့ နောက်တစ်ပတ် အင်္ဂါနေ့မှာ ရှင်းပေးမယ်လို့ ပြောဆိုနေပေမယ့် ရက်အတိအကျ ရှင်းပေးတာ မရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

သောက်ရေကိုလည်း သောက်ရေ၊ သုံးရေ အတူတူသုံးရပြီး သန့်ရှင်းမှုမရှိသလို အိမ်သာတွေကလည်း မသန့်ရှင်း တာကြောင့်  ကျန်းမာရေးအရ ထိခိုက်တာတွေ ရှိနေပါတယ်။ 

လုပ်ငန်းခွင်ထဲကို ဖုန်းနဲ့အခြားပစ္စည်းတွေ ယူဆောင် ခွင့် ကန့်သတ်ခံရတာကြောင့်လည်း အရေးပေါ်အခြေအနေတွေမှာ မိသားစုနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်ဖို့ အခက်အ ခဲတွေလည်း ရှိနေပါတယ်။

“အချိန်ပိုကြေးနဲ့ လုပ်ခလစာထုတ်တဲ့ရက်တွေဆိုလည်း စောစောထုတ်မပေးဘဲ  နောက်ကျမှ ထုတ်ပေးပါ တယ်။ အလုပ် လွှတ် ခါနီး (၁၀) မိနစ်အလိုမှ လစာကို ခေါ်ပေးပြီးတော့ ပိုက်ဆံပြည့်၊ မပြည့်စစ်တာနဲ့ ဖယ်ရီကားအမီ သွားရတာနဲ့ ပိုက်ဆံသေချာမစစ်လို့ အိမ်ရောက်လို့လိုရင်လည်း သူတို့ပေးတာပြည့်တယ်ဆိုပြီး ပြန်တောင်းမရပါ ဘူး။ စစ်ပြန်တော့လည်း ဖယ်ရီမမီလို့ အိမ်ပြန်လမ်းမှာ  အခက်အခဲတွေ ရှိပါတယ် ။ ဒီကာလက သွားရေးလာရေး အဆင် မပြေတာ သိရဲ့သားနဲ့ လစာထုတ်တဲ့ရက်ကလေးကို စောစောထုတ်ပေးလို့ရတာကို မထုတ်ပေးပဲ သူတို့ အထဲမှာ မပြီးမှာဆိုလို့ဆိုပြီး မိုးချုပ်မှ ထုတ်ပေးပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံက အလုပ်သမားတွေအနေနဲ့ အချိန်ပိုခေါ်ယူပါက အလုပ်သမားတွေ သဘောဆန္ဒ ကောက်ယူဖို့၊ အချိန်ပိုကြေးနဲ့ လုပ်ခလစာ ထုတ်တဲ့ရက်တွေမှာ အနည်းဆုံး မိနစ် (၃၀) စောထုတ်ပေးဖို့နဲ့ စနေနေ့ လစာထုတ်ရက်ကို အချိန်ပိုမခေါ်ဘဲ လစာထုတ်ပေးဖို့၊ သောက်ရေကို ရေသန့်ဗူး ဝယ်တိုက်ဖို့နဲ့ သောက်ရေနဲ့ လက်ဆေးဘေစင်တွေကို သီးသန့်ခွဲထားပေးဖို့၊အိမ်သာတွေ သန့်ရှင်းစွာထားဖို့၊ အလုပ်သမား (၈၀၀) နီးပါးရှိတဲ့ အတွက် ဆေးပေးခန်းနဲ့ ဆရာဝန် ထားပေးဖို့၊ ဖုန်းယူခွင့်ပေးဖို့ စတာတွေကို ဖြေရှင်းပေးစေလိုတယ်လို့ ပြောထားပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026