NEWS

သမဂ္ဂခေါင်းဆောင်လုပ်ခဲ့ဘူးတဲ့အကြောင်းပြချက်နဲ့ လုပ်ငန်းခွင်အသစ်မှာ ၃ ရက်အတွင်းအလုပ်ထုတ်၊ အလုပ်သမား သမဂ္ဂလုပ်ခဲ့တဲ့ အမဲစက်က ဘယ်စက်ရုံမှ အလုပ်မရစေရကြောင်းခြိမ်းခြောက်

CoverLogo
2.1K Views

ယခင်အလုပ်မှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်အဖြစ် လုပ်ခဲ့ဖူးတဲ့ အကြောင်းပြချက်နဲ့  လုပ်ငန်းခွင်အသစ်မှာ အလုပ်ခန့်အပ်ခံရပြီး လုပ်ငန်းခွင် ဝင်ပြီး ၃ ရက်အကြာမှာတော့ သမဂ္ဂခေါင်းဆောင်လုပ်ခဲ့ဖူးတာကို သိရှိသွားပြီး အလုပ်မှ ထုတ်ပယ်ခဲ့တယ်လို့  Best Choice Garment Co.ltd  ကနေ အလုပ်ထုတ်ခံခဲ့ရတဲ့အလုပ်သမားကပြောပါတယ်။

"စက်တင်ဘာလ ၁၉ ရက်နေ့က  အလုပ်စဝင်‌တာပါ။ အလုပ်ရှင်ဘက်က တောင်းတဲ့ စာရွတ်စာတမ်း အပြည့်စုံပေးပြီး အလုပ်လျှောက်ခဲ့တာပါ။ အလုပ်ရှင်ဘက်ကလည်း စိတ်ကြိုက် အင်တာဗျူးပြီး  တစ်ခါထဲ ၄၈၀၀ ကျပ်တန်းပေးတယ် ။  အလုပ်ခန့်ပြီး အလုပ်ဆင်းတော့လည်း ဇစ်ပါပေါင်းတဲ့ ပွိုင့်မှာပဲ အလုပ်လုပ်ရပါတယ်။အလုပ်ဝင်ပြီး သုံးရက်မြောက်နေ့မှာ စက်ရုံမန်နေဂျာ၊ production မန်နေဂျာ ၊ အောစူပါတို့ သုံးဦးကနေ ကျွန်မကို အလုပ်သမား ခေါင်းဆောင် လုပ်ခဲ့လို့ဆိုပြီး  အလုပ်ကထွက်ပေးဖို့ ခေါ်ပြောတယ်" လို့ အဆိုပါ အလုပ်ထုတ်ပယ်ခံရတဲ့ သမဂ္ဂခေါင်းဆောင်ဟောင်းဖြစ်ခဲ့တဲ့ အလုပ်သမားက ပြောဆိုပါတယ်။

ရန်ကုန်တိုင်း၊  လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် မှာဖွင့်လှစ်ထားတဲ့ Best Choice Garment Co.ltd     အထည်ချုပ်စက်ရုံမှာအလုပ်သမား အင်အား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ BELOVED   အမှတ်တံဆိပ်ကို ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

"အလုပ်ထုပ်တာ လက်မခံဘူး ပြောတော့ နောက်နေ့ပြန်ချိန်းတယ် ညှိပေးမယ်လို့ မန်နေဂျာက ပြောပါတယ် နောက်နေ့ ညနေ လေးနာရီလောက် တစ်ခါထပ်ခေါ်တယ် ငွေ ၅၀၀၀၀ နဲ့ အလုပ်ဆင်းရက်ကို လုပ်အားခကို ခေါ်ပေးတယ် အလုပ်ထွက်ပေးဖို့ ထပ်ပြီးဖိအားပေး ပြောပြီး အောစူပါ (  All Super)က  နင်တို့ အလုပ်သမား သမဂ္ဂလုပ်ခဲ့တဲ့ အမဲစက်က ဘယ်စက်ရုံမှ အလုပ်မရစေရဘူးလို့လည်း ပြောတယ်"လို့  အလုပ်သမားကပြောပြပါတယ်။

"အလုပ်က မထွက်ပေးနိုင်ဘူး အပြစ်မရှိဘဲ  အလုပ်ပဲအတင်း ထွက်ခိုင်းနေတာ နည်းလမ်းမကျဘူးလို့ ပြောတော့ အောစူပါ က မနက်ဖြန် ငါလိုင်းထဲမှာ မမြင်ချင်ဘူးလို့ ထပ်ပြောတယ် မမြင်ချင်လဲ ကျွန်မက အပြစ်မရှိလို့ ပုံမှန် အလုပ်ချိန်ကို လာမယ် ပုံမှန် အလုပ်ဆင်းချိန် ဆင်းမယ်ပြောခဲ့တယ်၊ အလုပ်ထွက်ခိုင်းတာ အဆင်မပြေတော့ ၂၁  ရက်နေ့မှာ မန်နေဂျာက  နို့တစ် တစ်လကြိုပေးတာဆိုပြီး လက်မှတ်အတင်းထိုးခိုင်းတယ် ၊ လက်မှတ်မထိုးတော့  wcc ကိုခေါ်လာပြီး နို့တစ်ပေးတာကို wcc ကိုအသိပေးတာဆိုပြီး ဖိအားပေးတာခံခဲ့ရတယ်"လို့ ဆိုပါတယ်။

"ကျွန်မ အလုပ်မထွက်ရင်  ကျွန်မလိုင်းက စူပါကိုပါ အလုပ်ထွက်ဆိုပြီး ပြောလာတာနဲ့ ကိုယ့်အတွက် အခြားသောသူ အလုပ်ထွက်ရမှာစိုးလို့  ဖိအားလည်း အမျိုးမျိုး ပေးလို့  နို့တစ်မပြည့်ခင် အလုပ်ထွက်လိုက်ရပါတယ်" လို့ အလုပ်သမားကထပ်ပြောပါတယ်။

ယင်းကဲ့သို စက်ရုံအတွင်းမှာ အလုပ်သမားအခွင့်အရေးထိခိုက်အောင် ပြုလုပ်တာနဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ချိုးဖောက်တာတွေ ရှိနေပြီး ဉပဒေနဲ့မညီဘဲ အလုပ်ထုတ်တာနဲ့ အလုပ်သမားသမဂ္ဂတွေကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ် ဖြိုခွဲတာတွေကိုရှောင်ရှားကြဖို့ ယင်းက တောင်းဆိုတယ်လို့ ဆိုပါတယ်။

 

MyanmarLabourNews

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026