NEWS

ဝါးတရာ VIP အာကစားပစ္စည်းစက်ရုံတွင် လုပ်ခလစာတိုးပေးရေး တောင်းဆိုမှု ပြုလုပ်နေ

CoverLogo
598 Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က ထိုင်ဝမ်နိုင်ငံသားပိုင်   Very Impressive Prospect (VIP) အားကစားပစ္စည်းစက်ရုံမှာ ဩဂုတ်လ ၁၃ ရက်က စပြီး လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက်  အလုပ်ရပ် တောင်းဆိုမှု ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


ဩဂုတ် ၁၄ ရက်မှာ အလုပ်သမားကိုယ်စားလှယ် ၅  ဦးကို မန်နေဂျာရုံးခန်းကို ခေါ်ယူပြီး ရွှေပြည်သာ ရဲအုပ် အပါအဝင် အလုပ်သမားရုံးက တာဝန်ရှိသူတွေက စစ်ဆေး ခြိမ်းခြောက်ခဲ့တယ်လို အလုပ်သမားတွေက ပြောပါတယ်။  


“မင်းတို့ ဒီအလုပ်သမားတွေကို  ဦးဆောင်နေတာ၊ မင်းတို့ကို ဥပဒေအရ ဖမ်းဆီးလို့ရတယ်၊ ဒီအလုပ်သမားတွေ တောင်းဆိုတာ ၃ ရက်ပြည့်လို့ အလုပ်ပြန်မဝင်ရင် ၊ တာဝန်ယူရမယ် ။ စက်ရုံကပေးတဲ့ ပိုက်ဆံကို ယူပြီး အလုပ်ပြန် ဝင်ရင်ဝင်၊ မဝင်ရင် ဖမ်းမယ်’’လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ပြောပါတယ်။ 


တောင်းဆိုမှုတွေ စတင်တဲ့ဩဂုတ် ၁၃ ရက်မှာ စစ်တပ်၊ ရဲ၊ထွေအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့  အလုပ်သမားရုံးက တာဝန်ရှိ တွေကို စက်ရုံပိုင်ရှင်က ခေါ်ယူပြီး အလုပ်သမားတွေကို ဖိအားပေး ခြိမ်းခြောက်ခဲ့တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ ဒါ့အပြင် အလုပ်ရှင်က စက်ရုံ ပိတ်သိမ်းမယ်ဆိုပြီး ထပ်မံ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါ တယ်။ 


“အရင် ဒီလိုတောင်းဆိုမှုလုပ်ရင် စစ်တပ် နဲ့ရဲတွေခေါ်ပြီး ရိုက်ခိုင်းတယ်၊ ခေါင်းဆောင်တွေရဲ့ အိမ်တွေအထိ လာရှာတာတွေရှိတယ်၊ နောက်ယောင်ခံ လိုက်တာတွေ လုပ်တယ်”လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။ 


၂၀၂၃ ခုနှစ်အတွင်းကလည်း စက်ရုံအတွင်း အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးနဲ့အလုပ်သမား အဖွဲ့အစည်းပေါ်ပေါက်ဖို့ ကြိုးပမ်းတဲ့ အလုပ်သမားတွေကို အလုပ်က ထုတ်ပယ်ခဲ့တဲ့အပြင်အလုပ်သမားတွေကို ဖမ်းစီးဖို့ကို VIP စက်ရုံ HR မန်နေဂျာ ဒေါ်မေသွယ်စိုးနဲ့ စက်ရုံမှူးတို့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြောဆို ခဲ့တယ်လို့လည်း သိရပါတယ်။    


အခြေခံလုပ်လခလစာ တိုးမြှင့်ပေးဖို့ ၊ ရက်မှန်ကြေး တိုးမြှင့်ပေးဖို့ ၊ ကျွမ်းကျင်ကြေးတိုးမြှင့်ပေးဖို့၊ အလုပ်ပိတ် ရက်မှာ အတင်းအဓမ္မ ခိုင်းစေတာတွေ မပြုလုပ်ဖို့၊  ဥပဒေပါ ခွင့်ရက်တွေ ရရှိဖို့ အပါအဝင် အချက် ၁၂ ချက်ကို (VIP) အားကစားပစ္စည်းစက်ရုံ အလုပ်သမားတွေက တောင်းဆိုနေပါတယ်။   


လက်ရှိအချိန်အထိ အလုပ်ဖြုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ် ပြန်လည် ခန့်ထားတာ မရှိသေးဘဲ တောင်းဆိုမှုတွေအတွက် စက်ရုံပိုင်ရှင်ဘက် ဆက်လက် ခြိမ်းခြောက်နေဆဲ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောဆိုတယ်ဆိုပြီး မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026