NEWS

လှည်းကူး Jun Coporation အထည်ချုပ် စနေနေ့တိုင်း အချိန်ပို အောလင်း ခိုင်းစေ

CoverLogo
616 Views

#ပေးစာ
အောက်တိုဘာ ၂၀၊ ၂၀၂၄

အယ်ဒီတာ အကိုအမများရှင့် ။

ညီမတို့က Jun Coporation Co.,Ltd အထည်ချုပ် စက်ရုံပါ။ စက်ရုံက လှည်းကူး၊ ဇရပ်ကွင်းနားမှာပါ။ အရင်တခါ အကူအညီတောင်းဖူးပါတယ် ရှင့်။

အခု ထပ်ပြီး အကူညီတောင်းပါတယ်။

အရင်ကဆို စနေ့နေရောက်ရင် ညီမတို့ စက်ရုံ တစ်ရုံလုံး ပျော်ခဲ့ ရပါတယ်။
ခုတော့ စနေ့နေရောက်မှာ ကြောက်နေရပါပြီ ။ အချိန်ပို အော်လင်းတွေ အပတ်တိုင်း ခေါ်နေလို့ပါရှင့် ။

အရင် တစ်ခါကထက် အခု ပိုဆိုးလာနေလို့ပါ။

အကိုတို့ မီဒီယာမှာ သတင်းရေးတော့ စက်ရုံဘက် အချိန်ပို ခေါ်တာတွေ နည်းနည်းငြိမ်သွားပါသေးတယ် ။ အဲ့တုန်းကလည်း ဘယ်အဖွဲ့မှ လာစစ်တာ မရှိခဲ့ပါဘူး ။
အခု ပိုဆိုးလာပါပြီ ရှင့် ။

ဩဂုတ်မှာ စနေနေ့ ၄ ရက်လုံး အောလင်း ဆင်းခဲ့ရပါတယ်။ စက်တင်ဘာလထဲမှာလည်း စနေနေ့တိုင်း အောလင်း ဆင်းရပါတယ်။ အခု အောက်တိုဘာလမှာ စနေနေ့ တရက် ဆင်းထားရပါပြီ။ အပတ်တိုင်း စနေ့နေဆိုရင် အောင်လင်း ဆင်းရပါတယ်ရှင့် ။ အောလင်းဆိုတာ မနက် ၅ နာရီအထိ လုပ်ရတာပါ။ အပြန်မှာ တော့ ကြိုပို့တွေနဲ့ ပြန်ရပါတယ်။

ဒါပေမဲ့ အပတ်တိုင်း အောလင်းဆင်းနေရတော့ စိတ်တွေ ပင်ပန်းလာပါတယ်။

အလုပ်ချိန်က မနက် ၇ နာရီ ၂၀ မိနစ်ကနေ ညနေ ၇ နာရီ ၅၀ အထိ လုပ်ရပါတယ်။ အချိန်ပို နေ့တိုင်းလုပ်ပေး နေရတာပါရှင့် ။

ညနေ ၄ နာရီခွဲရင် နာရီအနားပေးပါတယ်။ အောလင်းဆင်းရတိုင် ည ၈ နာရီမှာ ညစာအတွက် အနားပေး ပါတယ်။ ထမင်းဖိုး ၂၅၀၀ လည်းရပါတယ်။

အောလင်း အပတ်တိုင်းဆင်းနေရတာက ညီမတို့အတွက် အဆင်မပြေလို့ပါရှင့်။ ကူညီပေးစေလိုပါတယ် ရှင့်။

#အချက်အလက် - Jun Coporation Co.,Ltd အထည်ချုပ်စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုးပါ။ အလုပ်သမား စုစုပေါင်း ၁၀၀၀ ကျော် ရှိပါတယ်။ WCC အဖွဲ့ရှိပေမဲ့ အဖွဲ့ဝင်တွေကတော့ အလုပ်သမားတွေ ရွေးချယ်ခဲ့ သူတွေ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ (၇လပိုင်း) ၃၁ ရက်မှာ စက်ရုံအလုပ်သမားတွေက အခွင့်အရေး တွေ နစ်နာတဲ့အကြောင်း Myanmar Labour News ရဲ့ ပေးကဏ္ဍမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဆေးမှုတွေ မရှိခဲ့လို့ ဩဂုတ်လထဲမှာ စနေနေ့တိုင်း အချိန်ပို အောလင်းတွေ ဆက်တိုက် ခိုင်းစေခဲ့ တာကို တွေ့ရပါတယ်။ ဇူလိုင်လ ပေးစာမှာတော့ တနင်္ဂနွေနေ့တွေ လုပ်ကိုင်ပေးရတာ၊ ခွင့်မရတာ၊ လုပ်ခလစာ ဖြတ်တောက်ခံရတာ၊ ဂရိတ်ချမယ်ဆိုပြီး ခြိမ်းခြောက်တာ၊ အောလင်းတွေ လုပ်ကိုင်ပေး ရတယ်ဆိုပြီး အလုပ်သမားတွေက ပြောဆိုထားပါတယ်။)


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026