NEWS

လုပ်သားအခွင့်အရေးတောင်းဆိုဖို့ ကြိုးပမ်းတဲ့အလုပ်သမား ၃၂ ဦးအလုပ်ထုတ်ခံရ

CoverLogo
600 Views

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဖန်ချက်ဝန်ဦးရွှေအိုးလမ်းမှာဖွင့်လှစ်ထားတဲ့ Beaume International Garment မှာ အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုကြတဲ့အလုပ်သမားတွေထဲက ၃၂ ယောက်ကို တားဂတ်မပြည့်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ Beaume International Garment ဖွင့်လှစ်ထားတဲ့ စက်ရုံဝန်းထဲမှာ ယခင်က POPULAR International Garment ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ယခင် POPULAR စက်ရုံအလုပ်သမားတွေက ၂ ရုံစာလုပ်ကိုင်နေရတာတွေ အလုပ်သမားခံစားခွင့်တွေ မရတာကြောင့် ရုံခွဲပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့  Popular စက်ရုံတွင်လုပ်ခဲ့သောလုပ်သက်များကို တရားဝင်လုပ်သက်ဆက်ပေးရန် ဥပဒေပါ ခွင့်ခံစားခွင့်များ ပေးရန် တောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။

အဆိုပါ စက်ရုံဟာ POPULAR International Garment နဲ့ ဝန်းတခုထဲမှာဖွင့်လှစ်ထားတာဖြစ်ပြီး Beaume International Garment အနေနဲ့ ၂၀၂၀ မှာ  ထပ်မံဖွင့်လှစ်ကာ ယခင်စက်ရုံအလုပ်သမားတွေကို ပြောင်းလဲလုပ်ကိုင်စေပြီး ၂ ရုံလုံးမှာရောထွေးလုပ်ကိုင်နေရတာ ၃ နှစ်ကျော် ရှိပြီလို့ အလုပ်သမားကပြောပါတယ်။

"မနေ့ကပေါ့နော် ကျနော်တို့ အလုပ်မလုပ်တာတော့မဟုတ်ဘူး စံချိန်တွေလျော့ချတာမှာ ကျွန်တော်တို့နဲ့ အလုပ်တွဲမလုပ်နိုင်တော့ဘူးလို့ပြောတာ စက်ရုံနှစ်ရုံပေါင်းအလုပ်သမား ၁၀၀၀ ကျော်ရှိတယ်၊ အခုက ပေါ်ပျူလာက ၃၂ ယောက်ကို ဖြုတ်လိုက်တာ ရပိုင်ခွင့်တွေအကုန်ပေးမယ်ဆိုပြီးဖြုတ်လိုက်တာ"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေကို အလုပ်ထုတ်လျော်ကြေးပေးမယ်လို့ ဆိုကာ လှိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ညှိဖျန်ရုံးကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

"ဘာအပြစ်မှမရှိဘဲနဲ့ အလုပ်ထုတ်တာကျတော့ အဆင်မပြေဘူးပေါ့ သူတို့ပြောတာတော့ စံချိန်မပေးနိုင်လို့တဲ့ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ကို သူတို့မပေးဘူးလေ အဲ့တာကြောင့်မို့လို့ စက်ရုံကိုလဲ ရုံမခွဲပေးတဲ့အတွက် စံချိန်အပြည့်မပေးနိုင်သေးတာ သူတို့ခွဲပေးမယ်လို့ ပြောထားတဲ့ဟာခွဲပေးရင် စံချိန်ရအောင်ပေးမှာပဲလေ ရုံးတွေလဲတိုင်တယ်ဘာမှမထူးဘူး။ စံချိန်ကို ၂၀၀ တောင်းရင် ကျနော်တို့က ၁၀၀ ပဲပေးတယ်။ အခုက စံချိန်မပေးတဲ့လူတွေကိုချည်းပဲရွေးပြီးတော့ ဖြုတ်လိုက်တာ အခုပြဿနာက အာဏာမသိမ်းခင်တည်းကဖြစ်နေတာ"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေထဲမှာ အမျိုးသမီးလုပ်သား ၂၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။ လုပ်သက်အနေနဲ့ အနည်းဆုံး ၅ နှစ်ကနေ ၁၈ နှစ်ထိ အလုပ်သမားတွေပါဝင်နေတယ်လို့ ဆိုပါတယ်။

"အလုပ်သမားတွေက မထွက်ချင်ဘူး သူတို့ဘက်က မထွက်ရင် တရားစွဲလို့ရတယ်ဆိုပြီးအကျပ်ကိုင်တယ် အခုတော့ လျော်ကြေးကို ဘယ်လိုပေးမယ်ဆိုတာတောင်မသိရသေးဘူး"လို့ အလုပ်သမားကပြောပါတယ်။

POPULAR International Garment အလုပ်သမားတွေအနေနဲ့ မည်သည့်စက်ရုံတွင် အတည်တကျလုပ်ကိုင်ရမည်ကို သိရှိလိုတာ ယခင်စက်ရုံတွင် လုပ်ကိုင်ခဲ့သော လုပ်သက်များကို ထပ်ပေါင်းသတ်မှတ်ပေးတာမရှိလို့ ရှင်းရှင်းလင်းလင်း လုပ်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရှိခဲ့ဘဲ အခုလို အလုပ်သမားတွေ အစုလိုက် အပြုံလိုက် အလုပ်ထုတ်ခံရတာလို့ သိရပါတယ်။

အဆိုပါ စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ITURRI, TOPTEX PRO, TOPTEXSPORT, OUTDOOR , COOLWORK BY ITUIRRI , ROYALWAY, tom tompson, Beaume, Ellenor စတဲ့အမှတ်တံဆိပ် အနွေးထည်၊ ဂျာကင်ထည်၊ ဂျာကင်ဘောင်းဘီ၊ ဂျင်းဘောင်းဘီတွေကို အလုပ်သမား ၁၁၀၀  ကျော်နဲ့ ချုပ်လုပ်နေတာလို့ သိရပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026