NEWS

လုပ်ငန်းခွင် စိတ်ကျန်းမာရေး ပံ့ပိုးမှုတွေရှိဖို့အတွက် ကုလသမဂ္ဂ အသိပေးချက်ထုတ်ပြန်

CoverLogo
527 Views
 
ကမ္ဘာလူဦးရေ ရဲ့ ၆၀ရာခိုင်နှုန်းခန့်ဟာ အလုပ်ခွင်ဝင်ရောက်နေသူတွေဖြစ်ကြပြီး လုပ်ငန်းခွင်တွင် ကောင်းမွန်တဲ့ စိတ်ကျန်းမာရေးရစေဖို့ လိုအပ်တဲ့အတွက် လုံခြုံပြီးကောင်းမွန်တဲ့အလုပ် ပတ်ဝန်းကျင်တွေရဖို့ ပံ့ပိုးပေးရန်လိုအပ်နေကြောင်း(United Nations Myanmar) ကုလသမဂ္ဂရုံးက ယနေ့မှာ အသိပေးချက်ထုတ်ပြန်ပါတယ်။
 
အောက်တိုဘာလ ၁၀ရက် ဒီကနေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေး နေ့ ဖြစ်ရာ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စိတ်ကျန်းမာရေးနဲ့ အလုပ်ခွင်ကြားကအရေးပါသော ချိတ်ဆက်မှုကို မီးမောင်းထိုပြဖို့ ပေါင်းစည်းလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
အလုပ်ခွင်တွေအနေနဲ့ စိတ်ကျန်းမာရေးကို ဖိအားပေးတာတွေက ခွဲခြားဆက်ဆံတာ ၊ အန္တရာယ်ရှိတဲ့အခြေအနေများနဲ့ ထိတွေ့ရခြင်း၊ ထိပါးနှောက်ယှက်ခံရခြင်း စတဲ့လုပ်ငန်းခွင် အခြေအနေတွေဟာ စိတ်ကျန်းမာရေးနဲ့ကိုယ်ရည်ကိုယ်သွေး လုပ်ကိုင်နိုင်စွမ်းတွေထိခိုက်ကာ ကုန်ထုတ်စွမ်းအားကိုလည်း ကျဆင်းစေတယ်လို့ UNရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
" လုပ်ငန်းခွင် စိတ်ကျန်းမာရေးကို အလေးထားဖို့ အချိန်တန်ပါပြီ ။ကမ္ဘာ‌‌ ပေါ်က ခန့်မှန်းခြေ လူ၈ဦးထဲ ၁ဦးဟာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှု(mental disorder)တစ်ခုခုနဲ့နေထိုင်နေရပါတယ်။ စိတ်ကျန်းမာမှုလိုအပ်ချက်ကြောင့် သေကြောင်းကြံစည်မှုတွေဟာ ရှိနေပြီး လူသန်းပေါင်းများစွာဟာ တိတ်တဆိတ်ခံစားနေရဆဲပါ။ ဒီနှစ်ရဲ့ ကမ္ဘာ့စိတ်ကျန်းမာရေး နေ့ မှာတော့ လုပ်ငန်းခွင် စိတ်ကျန်းမာရေးကို အလေးထားဖို့အဓိကဖော်ပြလိုပါတယ်။လူအများ တိုးတက်အောင်မြင်နိုင်ဖို့က ဘေးကင်းလုံခြုံပြီးကျန်းမာရေးနဲ့ညီညွတ်ပြည့်စုံတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်တွေကို ဖန်တီးထိန်းသိမ်းကြဖို့ကတိကဝတ်ပြုကြရအောင်ပါ" လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီကနေ့မှာ မိန့်ခွန်းအတွင်းထည့်သွင်းပြောကြားခဲ့ပါတယ်။
 
လုပ်ငန်းခွင် စိတ်ကျန်းမာရေး က အဓိကအရေးပါတာဟာ ကမ္ဘာပေါ်က အသက်၁၅နှစ်အထက်ရှိသူတွေရဲ့ ၆၀ရာခိုင်နှုန်းက အလုပ်လုပ်ကိုင်သူတွေဖြစ်ကြပြီး၊ သူတို့ရဲ့ အချိန်အတော်များများဟာ လုပ်ငန်းခွင်အတွင်းမှာပဲကုန်ဆုံးနေကြရလို့ လုပ်ငန်းခွင် မှာ ပျော်ရွှင်စွာ အလုပ်လုပ်ရဖို့က အရေးပါတယ်လို့ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၃နှစ်အကြာက ကိုဗစ်ကပ်ရောဂါတွေကြောင့် အိမ်ကနေ အလုပ်လုပ်ရတဲ့ ခေတ်သစ်တစ်ခုစတင်ခဲ့တာကြောင့် လုပ်ငန်းခွင်နဲ့ နေအိမ်ကြား နယ်နိမိတ်တွေ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီး ဝန်ထမ်းတွေရဲ့စိတ်ကျန်းမာရေးကိုကာကွယ်စောင့်ရှောက်ရေးမှာ စိန်ခေါ်မှုတွေရှိလာနေတယ်လို့သိရပါတယ်။
 
ဒါကြောင့် အလုပ်ရှင်တွေ အနေနဲ့ မိမိတို့ ဝန်ထမ်းတွေကို စိတ်ကျန်းမာရေးထိခိုက် စေမယ့်အချက်တွေမဖြစ်စေဖို့ ကိုယ်တွယ် ဖြေရှင်းရာမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတာ ၊ အလုပ်ပျက်ကွက်မှုလျော့နည်းစေတာနဲ့ ဝန်ထမ်းတွေရဲ့ပြောဆိုဆက်ဆံမှု ကို အခွင့်အရေးပေးပြောဆိုစေတာဟာ အလုပ်ရှင်နဲ့ အလုပ်သမား တို့ရဲ့ အပြန်အလှန်လိုအပ်ချက်တွေကို ဖလှယ်နိုင်မယ်လို့အသိပေးဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံ အနေနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင်တွေရှိနေပေမယ့် အဲ့ဒီလုပ်ငန်းတွေအများစုမှာ ဖိနှိပ်မှုတွေ၊ မတရားစေခိုင်းမှုတွေ နဲ့ လုပ်ခလစာ မညီမျှမှု‌တွေကြောင့် ပြဿနာဖြစ်နေရတဲ့ အလုပ်ခွင်တွေ အများအပြားရှိနေသလို နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြကာ အလုပ်သမားထု ကို ဖိနှိပ်ထားတဲ့ အလုပ်ရှင်အချို့လည်း ပြည်တွင်းမှာရှိနေ‌တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် နိုင်ငံတွင်းက အလုပ်အကိုင် ပဋိပက္ခ ဖြေရှင်းရတဲ့ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ အလုပ်ရှင် အလုပ်သမားပြဿနာတွေမှာ မျှတတဲ့ ဖြေရှင်းနည်းတွေနဲ့ကိုင်တွယ်ဖို့ လိုသလို ဖိနှိပ်စေခိုင်းတတ်တဲ့ အလုပ်ရှင်တွေကိုလည်း အရေးယူမှုတွေ ပြုသင့်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူတွေ ကအကြံပြုတိုက်တွန်းထားပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026