NEWS

လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလိုကျ WCC ဖွဲ့ရန် အလုပ်သမားတွေကို အတင်းအကျပ်လက်မှတ်ထိုးခိုင်း

CoverLogo
871 Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန်(၄) စက်ဆရာဦးထွန်းလမ်း၊ ခြံအမှတ် (-)တွင် ဖွင့်လှစ်ထားသော LITA MYANMAR အထည်ချုပ်စက်ရုံကို စစ်ဆေးရေးများလာရောက်ပြီးနောက်ပိုင်း WCC ဖွဲ့စည်းရန်အတွက် စက်ရုံဘက်မှ ရွေးချယ်ထားသောကိုယ်စားလှယ်တွေအတွက် အလုပ်သမားတွေကို အတင်းအကျပ်လက်မှတ်ထိုးခိုင်းနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်က လုပ်ငန်းခွင်ထဲတွင် အလုပ်သမားများ အခွင့်အရေးများ ချိုးဖောက်မှုများကို မီဒီယာတစ်ခုတွင် ဖော်ပြပြီးနောက် ရွှေပြည်သာမြို့နယ် အလုပ်သမားရုံးမှ စစ်ဆေးရေး ၅ ဦး လုပ်ငန်းခွင်ထဲတွင် လာရောက်စစ်ဆေးရာ အလုပ်သမားအမျိုးသမီးလုပ်သား ၂၃ ဦးကိုမေးမြန်းခဲ့ရာ အလုပ်သမားများက လုပ်ငန်းခွင်ထဲချိုးဖောက်မှုရှိကြောင်း  လူမှုဖူလုံရေးကြေးကို လစဉ်တိုင်း ၂ရာခိုင်နှုန်းပေးဆောင်နေရပြီး ဖူလုံရေးဆေးခန်းကခွင့်ပေးပါကလည်း  စက်ရုံဘက်ကခွင့်မပေးဘဲ ဒေးကြေးက အမြဲဖြတ်တောက်ခံနေရတယ်ဆိုတာကို အလုပ်သမားတွေကထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

ဆက်လက်ပြီး လုပ်ငန်းခွင်ထဲတွင်  WCC ( အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ) မရှိခြင်းကြောင့် WCC ဖွဲ့ရန် ပြောဆိုမှုကြောင့် အလုပ်ရှင်ဘက်က အလုပ်သမား ကိုယ်စားလှယ် သုံးယောက်ကို တဖက်သတ် ရွေးချယ်ခဲ့ပြီး အလုပ်သမားတွေကို ထောက်ခံကြောင်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ပြောပါတယ်။

"ဌာနက လာစစ်ပြီး WCC ဖွဲ့ခိုင်းလို့ WCC ကို အလုပ်ရှင်ဘက်က တဖက်သတ်ကြီးလုပ်ပြီးတော့ အလုပ်သမားကိုယ်စားလှယ်တွေကို အလုပ်သမားတွေ ရွေးချယ်ခွင့်မရဘဲ အတင်းအကျပ် လက်မှတ်လိုက်ထိုးခိုင်းတာပေါ့ ကိုယ်စားလှယ် ၃ ယောက်က ဘယ်သူဘယ်ဝါဆိုတာတောင် မသိရဘူး အလုပ်သမားတွေကတော့ အတင်းထိုးခိုင်းတော့ ထိုးပေးလိုက်ကြတာပဲ အလုပ်မလာတဲ့လူတွေအတွက်လည်း သူတို့ဘာသာ ထိုးပေးလိုက်တာ ဘယ်လိုယုံစားရမလဲ"လို့ အလုပ်သမားကပြောပါတယ်။

WCC ဖွဲ့စည်းရာမှာ အလုပ်သမားကိုယ်စားလှယ်ကို အလုပ်သမားတွေစိတ်ကြိုက်ရွေးချယ်ရမှာဖြစ်ပေမဲ့လည်း  လုပ်ငန်းရှင်စိတ်တိုင်းကျထင်သလိုပြုလုပ်ခဲ့တာကြောင့် စက်ရုံဘက်ကတင်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်တွေက အလုပ်သမား ကိုကိုယ်စား မပြုနိုင်တာ၊ WCC ရွေးချယ်ရာတွင်လည်း စနစ်တကျမဟုတ်ဘဲ  ဖြစ်သလိုဖွဲ့စည်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

အခုလို လုပ်ငန်းခွင်ထဲကို ဌာနဆိုင်ရာက လာရောက်စစ်ဆေးပေမဲ့ လုပ်ငန်းခွင်ထဲက အခွင့်အရေးဆိုင်ရာချိုးဖောက်မှုတွေ ပြေလည်သွားခြင်းမရှိဘဲ ဆက်လက်ချိုးဖောက်နေဆဲဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"လုပ်ငန်းခွင်ထဲရောက်တာနဲ့ အကျဉ်းထောင်ထဲရောက်သွားသလိုမျိုးတင်းကျပ်ထားတာ သူဌေးဆိုတဲ့ တရုတ်အမျိုးသမီးက အလုပ်သမားတွေကို ဓါတ်ပုံလိုက်ရိုက်ပြီး အောစူပါနဲ့ စူပါတွေကို ဆူခိုင်းတာ အလုပ်ထွက်ခိုင်းတာတွေ လုပ်တယ်။ တရုတ်ဆရာ ဆိုတဲ့သူကလည်း အလုပ်သမားတွေကို မူးပြီးအပြစ်ရှာတာတွေလုပ်တယ်။ စက်လိုင်းက အလုပ်သမားတွေကို ရက်မှန်ကြေး ၃၀၀၀၀ ပေးထားပြီး တခြားဌာနတွေကို ရက်မှန်ကြေးပေးမထားဘဲ ရက်ပျက်ရင် ဝမ်တိမ်လက်မှတ်ထိုးရမယ်ဆိုပြီးခြိမ်းခြောက်တယ်  နောက်ပြီး ကျွမ်းကျင်ကြေးကိုလည်း မပေးထားဘူး။ အခြေခံလစာနဲ့ အိုတီကြေးပဲရတယ်"လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် အများပြည်သူအလုပ်ပိတ်ရက် တနင်္ဂနွေနေ့မှာလည်း အချိန်ပိုခေါ်ယူပြီး  ဖယ်ရီစီစဉ်ပေးတာမရှိလို့ အလုပ်သမားတွေက ကိုယ့်အစီအစဉ်နဲ့ ကို မဖြစ်မနေ လာရောက်လုပ်ကိုင်ပေးနေရလို့ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး  အလုပ်သမား (၉၀၀)ကျော်နဲ့  BURTLE၊ TOYO၊ HEARTGREEN တံဆိပ်ဝယ်လွန်သား အင်္ကျီတွေ  ချုပ်လုပ်နေတာဖြစ်သလို အဆိုပါကုန်အမှတ်တံဆိပ်များမှာ အခြားသောစက်ရုံမှ တစ်ဆင့်ခံယူချုပ်နေခြင်းဖြစ်ပြီး စက်ရုံအတွင်းအလုပ်သမားတွေအနေနဲ့ အလုပ်သမား သမဂ္ဂဖွဲ့စည်းထားခြင်းလည်းမရှိဘူးလို့ သိရပါတယ်။  

လုပ်ငန်းခွင်ကို သက်ဆိုင်ရာ အလုပ်သမားရေးရာ ဌာနများမှ လာရောက်စစ်ဆေးပြီးနောက်ပိုင်းမှာလည်း အလုပ်ရှင်ဘက်ကချိုးဖောက်မှုများပိုမိုပြုလုပ်လာတာကြောင့်  အလုပ်သမားတွေအနေနဲ့ ၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ရက်မှန်ကြေးတန်းတူပေးရန်။၂။ အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ရာတွင် အလုပ်ရှင်ဘက်မှရွေးချယ်ထားသော သူကိုစာရွက်ထုတ်ပြီး အလုပ်သမားများကို အဓမ္မလက်မှတ်ထိုးခိုင်းခြင်း မပြုလုပ်ရန်။၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့် ဆေးခွင့်များနှင့်လုပ်ငန်းခွင် ထဲချိုးဖောက်မှုများကို ပြောင်းလဲပြုပြင်ပေးရန်။၄။ အလုပ်ရှင်ဘက်မှ တနင်္ဂနွေနေ့အချိန်ပိုအိုတီခေါ်ပါက ဖယ်ရီစီစဉ်ပေးရန်။၅။ နိုင်ငံခြားတရုတ်အမျိုးသမီးမှ ကိုယ်တိုင်အုပ်ချုပ်ခြင်း မပြုလုပ်ရန်စတဲ့ တောင်းဆိုချက်များကို ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ ပြောပါတယ်။


Related posts

Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026