NEWS

လုပ်ငန်းခွင်အတွင်း အထည်စံချိန်အလွန်အကျွံတောင်းခံပြီး ရိုင်းစိုင်းစွာဆဲဆိုခိုင်းစေနေ

CoverLogo
948 Views

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေမချုပ်လုပ်နိုင်တဲ့အထည်စံချိန်သတ်မှတ်တောင်းခံနေပြီး  ကြီးကြပ်ရေးလုပ်သားဖြစ်တဲ့ စူပါ အပါအဝင် အလုပ်သမား ၃၇ ဦးပါ စက်လိုင်းတစ်လိုင်းမှာ တရက်လျင် အထည် ၆၀၀ ထိ ချုပ်လုပ်ပေးနေရတာဖြစ်ပြီး အထည်စံချိန်တောင်းချိန်မှာလည်း ရိုင်းစိုင်းစွာပြောဆိုခိုင်းစေနေတာလို့ LUCKY FORTUNE GARMENT   စက်ရုံအလုပ်သမားတွေကပြောဆိုပါတယ်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွှေပြည်သာ စက်မှုဇုန် ၄ ဆရာဦးထွန်းလမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်LUCKY FORTUNE GARMENT စက်ရုံမှာ အခုလိုချိုးဖောက်မှုတွေ ပြုလုပ်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။လုပ်ငန်းခွင်အတွင်း အလုပ်သမား ၁၀၀၀ ကျော်နဲ့ CALLIOPE၊ STRADNIVARIUS စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်။ 

အထည်စံချိန်ကို ချုပ်လုပ်နိုင်တဲ့ ပမာဏထက် အလွန်အကျွံတောင်းခံတာကြောင့် သတ်မှတ်စံချိန်ပြည့်မီစေရန် အလုပ်သမားတွေက ရေသောက်ချိန်ပင်မရဘဲ ချုပ်လုပ်နေရပြီး အထည်မပြည့်တာ ဒါမှမဟုတ် ပဲကျတာတွေ ဖြစ်ပါက လုပ်ငန်းခွင်အတွင်းရှိ အမျိုးသား အမျိုးသမီးလုပ်သားတွေ အားလုံးရှေ့မှာ ရိုင်းစိုင်းစွာဆဲဆိုပြုမူနေတာဖြစ်လို့ ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"အဆိုးဆုံးဆဲတာကတော့ လိုင်း ၁ နဲ့ လိုင်း ၁၈ စူပါ သူတို့က အဆိုးဆုံးပဲ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အသက် ၁၄ နှစ် အထက် လူရွယ်လုပ်သားတွေ ခန့်အပ်ထားပြီး လူကြီး အလုပ်သမားတွေနဲ့ တန်းတူအလုပ်လုပ်ကိုင်ရပေမဲ့ ခွင့်ခံစားခွင့်မရှိတာ လူမှုဖူလုံရေးဆေးခွင့်ကို ၂ ရက်ထက် ပိုမရတာကြောင့် နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

 "အရေးပေါ်ကိစ္စရှိလို့ ရှောင်တခင်ခွင့်ယူရင် မရပါဘူး အဲ့အတွက် တရက်ပျက်ရင် ဒေးကြေး ၆၀၀၀ နဲ့ ရက်မှန်ကြေး ၂၀၀၀၀ ကျပ် အဖြတ်ခံရပါတယ်။ဖယ်ရီစီးရင်လည်း ကားတစီးကို လူ ၆၀ လောက်ကြပ်ညပ်နေအောင်တွယ်စီးရတယ် ကိုယ်ဝန်ဆောင်သည်တွေအတွက် အဆင်မပြေဘူး ခေါင်းခန်းဆို အောစူပါ တို့ စူပါတို့ပဲစီးလို့ ရတာ အလုပ်သမားတွေအတွက် အဆင်ပြေအောင် စီစဉ်ပေးစေချင်တယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ မတော်တဆဖြစ်စေ ထိခိုင်ရှနာ ဖြစ်စေ နေထိုင်မကောင်းဖြစ်စေ ဖြစ်ပွားပါက အရေးပေါ်ကုသရန် ဆေးပေးခန်းနှင့် ဆေးဝါးတွေ ရှိတာကြောင့် အလုပ်ရှင်ဘက်က တာဝန်ယူဆောင်ရွက်ပေးစေလိုတယ်လို့ အလုပ်သမားက ပြောဆိုပါတယ်။

အထက်ပါ ချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်လို့ လုပ်ငန်းခွင်အတွင်း ညှိနှိုင်းဖြေရှင်းရေးများဆောင်ရွက်ရန် အတွက် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီကို တော့ အလုပ်ရှင်ဘက်မှ ရွေးချယ်ဖွဲ့စည်းထားပြီး လုပ်ငန်းခွင်ထဲက လိုအပ်ချက်တွေ အငြင်းပွားမှုတွေကို ညှိနှိုင်းဖြေရှင်းပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ခွင့်ရက်ခံစားခွင့်ပေးရန် ဖယ်ရီကားများအဆင်ပြေအောင် စီမံပေးရန် အောစူပါ စူပါ များမှ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုခြင်းများကို တားဆီးပေးရန် လုပ်ငန်းခွင်အတွင်း ဆေးပေးခန်းနှင့် ဆေးဝါးများထားရှိပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026