NEWS

လုပ်ငန်းခွင်အတွင်း လုပ်သားအခွင့်အရေးချိုးဖောက်ခံရပြီး အချိန်ပိုအတင်းအကျပ်ခိုင်းစေခံရမှုတွေရှိနေတယ်လို့ ဆို

CoverLogo
2K Views

လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားဉပဒေပါ အခွင့်အရေးတွေဖြစ်တဲ့ ခွင့် ရှောင်တခင်ခွင့် ဆေးခွင့်တွေ ယူခွင့်မရှိတာတွေ အပါအဝင် တစ်ရက်ပျက်ပါက ရက်မှန်ကြေး ဒေးကြေး အပါ ၂၀၀၀၀ ကျော်ဖြတ်တောက်ခံနေရတဲ့အတွက် အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့  အလုပ်သမားတွေက ပြောဆိုပါတယ်။


ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ် စက်မှုဇုန် ၂ ကနောင်မင်းသာကြီးလမ်း မှာဖွင့်လှစ်လုပ်ကိုင်နေတဲ့  Myanmar Longsheng Fashion Garment စက်ရုံသည် အလုပ်သမား(၇၀၀)ကျော်ဖြင့်လည်ပတ်လျှက်ရှိနေပြီး အလုပ်သမားများရဲ့ဥပဒေပါအခွင့်အရေးဖြစ်သောရှောင်တခင်ခွင့်ရက်ကိုဘယ်လိုအ‌ကြောင်းမျိုးနဲ့မှ အလုပ်ရှင်မှခံစားခွင့်မ‌ပေးခြင်း၊လူမှုဖူလုံရေးဆေးခွင့်နဲ့ခွင့်ယူရင်လဲအ‌‌ပြောအဆိုခံ‌နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

 

ယင်းစက်ရုံမှာ  JXKENYA FAUX LEATHER CARGO  အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။


“ခွင့်မရရှိလို့အလုပ်တစ်ရက်ပျက်လည်းရက်မှန်ကြေး၊ဒေးကြေးအပါအ၀င်(၂၀၀၀၀)နီးပါအဖျက်ခံရတယ်စံချိန်ကိုလည်းမတရား‌တောင်းခံပြီးနံနက်အလုပ်ဝင်ချိန်ကစပြီး၊အောစူပါ၊စူပါများ နဲ့ စာရေးမများမှစံချိန်အထည်များကိုအောဟစ်ဆဲဆိုပြီးတောင်းတာပါ” လို့ အဲ့ဒီစက်ရုံက အလုပ်သမားတစ်ဦးကပြောပါတယ်။


လုပ်ငန်းခွင်အတွင်းမှာ အချိန်ပြည့် ချိန်းခြောက်မှုတွေ ပြုလုပ်ခံနေရလို့ အလုပ်ပြုတ်မှာစိုးရိမ်နေရသလို လစာမလောက်ငှတာတွေအပြင် ဆဲဆိုခံနေရတာကြောင့်  အရှက်ရခြင်းတွေနေ့စဉ်လိုလိုခံစားနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။
“တပတ်လုံးအောနိုက်၊အောလင်းတွေလည်းဆင်းခိုင်းတယ် တနင်္ဂနွေပိတ်ရက်မှာလည်း  အချိန်ပိုအိုတီဆင်းရတယ် ကျမတို့ ဘယ်ရက်မှာသွားနားရတော့မလဲ ရေရှည်မှာကျန်းမာရေးထိခိုက်ပြီး အလုပ်လုပ်မလုပ်နိုင်တော့တဲ့ထိဖြစ်မှာကို အမြဲလိုလိုစိုးရိမ်နေရတယ်” လို့ အမျိုးသမီးလုပ်သားတစ်ဦးက ပြောဆိုပါတယ်။


ဒါ့အပြင် နေ့စားအလုပ်သမားတွေခန့်ထားပြီး ၅ လမှ ၆ လအထိ ကြာမြင့်မှ အတည်ခန့်အပ်တာမျိုးတွေ အချို့ကို အလုပ်ထုတ်ကာ လူသစ်အနေနဲ့ ပြန်ပြီးနေ့စားခန့်တာမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။


စနေနေ့ဆို ပြန်ချိန် ၄ နာရီခွဲ ဒါပေမယ့် အိုတီဆိုပြီး ည ၈ နာရီထိ ဆင်းရတယ်မဆင်းချင်ဘူးပြောလည်း မဆင်းလို့ မရဘူး ဆင်းရမယ်ဆိုပြီး အတင်းဆင်းခိုင်းတယ် ငြင်းလို့လည်း မရဘူး လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။


လုပ်ငန်းခွင်အတွင်း ကလေးလုပ်သားခိုင်းစေတာ သောက်သုံးရေလုံလောက်စွာမရရှိဘဲ ရေပြတ်လပ်မှု မကြာခဏ ဖြစ်တာ အိမ်သာရေ မလုံလောက်တာ  တွေကြောင့် အလုပ်သမားတွေ မကြာခဏ ဆီးအောင့်ရောဂါခံစားနေရတယ်လို့ သိရပါတယ်။
အဆိုပါစက်ရုံလုပ်သားတွေအနေနဲ့ ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို ပြန်လည်ညှိနှိုင်းပေးဖို့ လုပ်သက်ခွင့်ရှောင်တခင်ခွင့် ဆေးခွင့်များခံစားခွင့်ပြုဖို့နဲ့ လုပ်ငန်းခွင်အတွင်းဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေ လုပ်ဆောင်ပေးဖို့ လိုလားနေကြတယ်လို့ ဆိုပါတယ်။

 

 


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026