NEWS

လုပ်ငန်းခွင်အတွင်း ဗိုက်နာနေသည့် ကိုယ်ဝန်ဆောင်အလုပ်သမား ကလေးသေဆုံးမှု ကုစားပေးရန် တောင်းဆို

CoverLogo
889 Views

လုပ်ငန်းခွင်အတွင်းမှာ စက်ချုပ်ရာထူးဖြင့်တာဝန်ထမ်းဆောင်နေသော ကိုယ်ဝန်ဆောင်သည် အမျိုးသမီးအလုပ်သမားတစ်ဦး အချိန်မီ မွေးဖွားခွင့်မရဘဲ ကလေးသေဆုံးမှု စက်တင်ဘာ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Myanmar Yangon Richang Apparel Co,Ltd. (NISHO) အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ ကိုယ်ဝန် ၇ လရှိသူအမျိုးသမီးစက်ချုပ်အလုပ်သမားဟာ နံနက် ၁၀ နာရီမှာ ဗိုက်နာလာသဖြင့် production manager ထံ ကလေးမွေးချင်ကြောင်းပြောပြရာ ဆေးရုံမပို့ဘဲ နားနေခန်းမှားနားခိုင်းခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ နေ့လည် ၁ နာရီမှာ ရေမွှာပေါက်ပြီး ကလေးမွေးဖွားတော့မည်ဖြစ်ကြောင်းအော်ဟစ်အကူအညီတောင်းပေမဲ့ ကူမဲ့သူမရှိခဲ့ဘူးလို့ ဆိုပါတယ်။

နေ့လည် ၃ နာရီမှာ ကလေးခေါင်းထွက်လာပြီး ညနေ ၄ နာရီမှာ လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့ပေမဲ့  ကလေးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ယင်းကိုယ်ဝန်ဆောင်သည် အမျိုးသမီးလုပ်သားကို လူမှုဖူလုံရေးမှ မီးဖွားခွင့် ၂ လပေးခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် ညွှန်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

"စက်ရုံတာဝန်ရှိသူတွေအနေနဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးဗိုက်နာတယ်ပြောတဲ့အချိန်ကတည်းက ဆေးရုံပို့ခဲ့ရင် ကလေးသေဆုံးတာမဖြစ်နိုင်ဘူး ဒီထက်နောက်ကျသွားရင် မိခင်ပါ ဆုံးသွားနိုင်တယ် စက်ရုံဘက်က ပေါ့ဆလို့ ဖြစ်ရတာ နစ်နာသူမိသားစုကို ကုစားပေးဖို့ တောင်းဆိုချင်ပါတယ်"လို့ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

အဆိုပါ စက်ရုံကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်းဗန်းစက်မှုဇုန်မှာဖွင့်လှစ်ထားတာဖြစ်ပြီး  အလုပ်သမားစုစုပေါင်း (၈၀၀) နီးပါးဖြင့် JAVA,CIAOPANIC TYPY, HONEY SUCKLE ROSE, grove, AZUL BY MOUSSY, RODEO CROWNS WIDE BOWL,RIGHT ON,HanGTen၊ CANADA DUCK DOWN,H-ESSENTIAL,Fieldcore, Nano စတဲ့ အမှတ်တံဆိပ်များကို ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ယခင်ရက်တွေမှာလည်း စက်ရုံတွင်းအချိန်ပိုများကို အောလင်း အောနိုက်ဆက်တိုက်ခေါ်ယူတာတွေရှိပြီး ညဘက်အချိန်ပိုဆင်းပြီး မနက် ၅ နာရီအလုပ်မှ ပြန်သည့်အလုပ်သမား ၂ ဦးလမ်းတွင်လုယက်ခံရမှု ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

"အဲ့တုန်းကဆိုလည်း အလုခံရတာ အမျိုးသမီး တစ်ယောက်က ပေါင်ကို ဓားနဲ့ထိုးခံရတယ် ပါသမျှပိုက်ဆံအကုန်ပေးလိုက်ရတယ် အလုပ်ရှင်ဘက်က ဆေးဖိုးဆိုပြီး  ၄၀၀၀၀ ပေးတယ် အချိန်ပိုဆင်းလို့ ပြန်ရင်း အလုခံရတာ ၅ မှုလောက်ရှိတယ် အချိန်ပိုဆက်ခေါ်မြဲခေါ်ဆဲပဲ"လို့ အလုပ်သမားကပြောဆိုပါတယ်။

ယခုလို လုပ်ငန်းခွင်အတွင်း အလုပ်အလွန်အကျွံခိုင်းစေမှု အချိန်ပို အလွန်အကျွံခေါ်ယူမှုတွေကြောင့် အလုပ်သမားတွေအတွက် ထိခိုက်မှုများစွားဖြစ်ပေါ်နေပြီး သက်ဆိုင်ရာ ရုံးတွေကလာရောက်စစ်ဆေးပါကလည်း ထူးခြားမှုမရှိဘူးလို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အချိန်ပိုအလွန်အကျွံခေါ်တာ ဖယ်ရီမရှိတာ နဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ ထိခိုက်နစ်နာမှုတွေ အလုပ်သမားအခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ခံနေရလို့ တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုလိုတယ်လို့ ပြောဆိုပါတယ်။

 

#MyanmarLabourNews

 

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026