NEWS

လုပ်ငန်းခွင်အတွင်း စံချိန်မတရား တောင်းခံတဲ့အပြင် ကိုယ်ဝန်ဆောင်သည်တွေကိုပါ မနားမနေခိုင်းစေမှုတွေပြုလုပ်နေလို့ အလုပ်သမားများအခက်တွေ့နေဟုဆို

CoverLogo
4K Views

ရန်ကုန်တိုင်း သန်လျင်အထူးစီးပွားရေးဇုန်မှာ ဖွင့်လှစ်ထားတဲ့ Guston Amava Garment အထည်ချုပ်မှာ လုပ်ငန်းခွင်အတွင်း စံချိန်အတင်းအဓမ္မတိုးတောင်းတာ ခြိမ်းခြောက်ခိုင်းစေတာတွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေကိုပါ အနားမပေးဘဲ ခိုင်းစေနေတာတွေရှိနေပြီး လုပ်သားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားတွေကပြောဆိုပါတယ်။

သီရိလင်္ကာ နိုင်ငံသားပိုင် ဖြစ်တဲ့ အဆိုပါစက်ရုံမှာ အလုပ်သမား ၁၆၀၀ ကျော်နဲ့လည်ပတ်နေတာဖြစ်ပြီး နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့                      BLAKLADER, Revolution  စတဲ့အမှတ်တံဆိပ်တွေ အဓိကချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။  

“ထမင်းမစားနိုင်ဘူး စားချိန်တွေမှာလည်း တခါတလေ သူတို့ပြောတဲ့ဟာတွေမရနိုင်တာဆို ထမင်းမစားဘဲ လုပ်ပေးနေရတယ် သွားစားရင်လည်း မိနစ် ၃၀ မှာ ထမင်းစားပြီး ကျန်တဲ့အချိန်ကိုအနားယူလို့မရဘူး အပြိုင်အဆိုင်ပေါ့ စူပါ အောစူပါတွေက စက်ရုံမှာအထည်အများဆုံးချုပ်နိုင်တဲ့လိုင်းတွေကို နံပတ် ၁  ၂ ၃ ဆိုပြီးခွဲထားတယ် ကိုယ့်လိုင်းက စံချိန်မပေးနိုင်လို့ အဆင့်ကျသွားတယ်ဆိုရင် သူတို့မျက်နှာကောင်းရတယ်ပေါ့ အဲ့လိုမှာ ကျသွားရင် အပြောခံရလို့ဆိုပြီး ပိုလုပ်ပေးရမယ်ဆိုပြီးခိုင်းတယ်၊ လုပ်ငန်းခွင်ထဲရောက်ရင် ကျန်းမာရေးကောင်သည် မကောင်းသည် မရှိတော့ဘူး။ ကိုယ်ဝန်ဆောင်သည်တွေဆိုလည်း ဆီးခဏခဏသွားရတယ်လေ အဲ့လိုမျိုးမှာလည်း အောင့်ထားရတဲ့အထိ လုပ်နေရတာ” လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

စံချိန်တိုးတောင်းရာမှာ မချုပ်လုပ်နိုင်တဲ့အထိ တိုးတောင်းထားလို့ ထမင်းစားချိန် မိနစ် ၃၀ ကိုပါ မစားရဘဲ ချုပ်လုပ်ပေးနေရပြီး လုပ်ငန်းခွင်မှာသတ်မှတ်အချိန်ထက်စောပြီး ငြင်းဆန်ခွင့်မရှိဘဲ  အလုပ်ခိုင်းစေမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

“စံချိန်ကို တစ်နေ့ထက် တစ်နေ့ တိုးတောင်းလာပြီး အရင်က တစ်နာရီကို ၂၇ ထည် လောက်ပဲပေးရပြီး ယခုက တစ်နာရီကို ၃၈ ထည် လောက်ပေးရတယ်  စံချိန်လည်းပေးရ quality လည်းကောင်းအောင် ချုပ်ပေးရတာ  reject အထည် တနေ့လုံးမှာ ၃ ထည်လောက်ကျရင် ဝမ်တိန်ထိုးရပါတယ် မန်နေဂျာရုံးခန်းထိခေါ်ဆူတာမျိုးတွေထိရှိတယ်”လို့ ယင်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ကိုယ်ဝန်ဆောင်သည် မို့လို့အပေါ့အပါး ခဏခဏ သွားချင်တာတောင် စံချိန်မပြည့်မှာ စိုးလို့ အောင့်ထားရတဲ့ အခြေအနေတွေနဲ့ ကိုယ်၀န်ဆောင် အမျိုးသမီးများ ကြုံနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

စစ်အာဏာမသိမ်းခင်က လုပ်ငန်းခွင်ထဲမှာ ကိုယ်ဝန်ဆောင်တွေကို မကြာခဏ ကျန်းမာရေးစစ်ဆေးပေးတာ သက်ညှာစွာ တာဝန်ယူစေတာတွေရှိပေမယ့်  အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်ဝန်ဆောင်တွေကို ပါ အခုလို အပြင်းအထန်ခိုင်းစေနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“အလုပ်သမားက ရေမသောက် အပေါ့ပါး မသွားဘဲ အသဲအသန် ချုပ်ပေးရင်  မနက်ဖြန် ပိုတောင်းတယ်  တစ်နာရီကို မိနစ်ခြောက်ဆယ်နဲ့ တောင်းတာမဟုတ်ဘဲနဲ့  တစ်နာရီကို မိနစ်လေးဆယ်နဲ့ ပေးနေရတာ အလုပ်ချိန် ကိုးနာရီမှာ စံချိန်ပေးရတာက  တစ်နာရီကို မိနစ်လေးဆယ်ဆိုတော့  အလုပ်ချိန်ကိုးနာရီမှာ  စံချိန်က ၁၃ ကြိမ်ပေးနေ ရတဲ့ အတွက် တနေ့လုံးကို အထည်ရေ ၅၀၀ နီးပါးလောက် ချုပ်နေရတာ”လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ယင်းကဲ့သို့ တောင်းဆိုသည့် စံချိန်မရမချင်း ကြီးကြပ်သူများက အော်ဟစ်ပြောဆိုတာ တခြားလိုင်းပြောင်းပစ်မယ်ဆိုကာ ပြောဆိုနေတာတွေရှိလို့ ဖိအားများစွာဖြင့် အလုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။

“Operator ဖြစ်နေပေမဲ့ Qcလုပ်ရတယ် cutting, Packing ,helper ဌာနပေါင်းစုံကို နေ့တိုင်း လှည့်ပြီးသွားရတယ် operator ကလည်း အခြားဌာန အလုပ်မကျွမ်းကျင်လို့ မသွားချင်ဘူးလို့ ပြောလျှင်လည်း လုံး၀ငြင်းဆန်းလို့ မရဘူး ဘယ်လို ဖြစ်နေလဲဆိုတော့  အလုပ်သမားတွေမှာ မနက်ပိုင်း  အလုပ်သွားရင် ဒီနေ့ ဘယ်ဌာနကို သွားရမလဲ ဆိုတာ အမြဲစိုးရိမ်ပူပန် နေရတယ်"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ သမဂ္ဂဖွဲ့ထားတာမရှိဘဲ လက်ရှိ WCC အနေနဲ့လည်း မည်သည့်အရေးကိစ္စမှ ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့လည်း အလုပ်သမားတွေကပြောဆိုပါတယ်။

“လစာက တနေ့ကို ၄၈၀၀ အိုတီကြေးက တစ်နာရီ ၁၃၀၀ ရက်မှန်ကြေး ၃၀၀၀၀ ဒါပဲရတယ် စက်ရုံက ဒေးကြေးစက်ရုံဆိုတော့ စံချိန်ကိုသာ ထမင်းမစားရေမသောက်လုပ်ပေးနေရတာ တခါတလေအသက်ရှူတောင်မဝဘူး”လို့  အလုပ်သမတစ်ဦးကပြောဆိုပါတယ်။

ဒါ့အပြင် Gate pass ယူတာ သောက်ရေ နဲ့ ကျန်းမာရေးကိစ္စတွေမှာလည်း ခွဲခြားဆက်ဆံမှုတွေကြောင့် အဆင်မပြေမှုတွေရှိနေပြီး စားသောက်ရေးက အစ အခက်အခဲတွေဖြစ်ပေါ်နေတဲ့အပြင် အထက်ကိုတင်ပြတောင်းဆိုဖို့လဲ ပြုလုပ်ခွင့်မရှိလောက်အောင် ဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ယင်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေအနေနဲ့ ကိုယ်ဝန်ဆောင်သယ် အမျိုးသမီးများကို သက်တောင့်သက်သာ ခိုင်းစေရန်၊ စံချိန်ကို တောင်းခံရာတွင် အလုပ်သမား တစ်ဦး ချုပ်လုပ်နိုင်သော စံချိန်ကိုသာ အလုပ်ရှင်ဘက်မှ တောင်းခံရန် ၊ အလုပ်သမားများ ထမင်းစားနားချိန်ကို အတင်းအဓ္ဓမခိုင်းပဲ နားချိန် အပြည့်အ၀ ပေးရန်၊ ထမင်းစား နေရာကို အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးရန်၊ အကြောင်းပြချက် ခိုင်လုံးပါက Gate pass ပေးရန်၊ ဌာန ပြောင်းရွေ့ပြီး ခိုင်းစေလျှင် အလုပ်သမား သဘောဆန္ဒ ခံယူပြီးမှ စေလွှတ်ရန် ၊ လီတာ၊စူပါ အောစူပါ များမှ အလုပ်သမားများ အရှက်ရေစရန် အော်ဟစ် ပြောဆိုခြင်း မပြုလုပ်ရန်လိုလားနေတယ်လို့ဆိုပါတယ်။

MyanmarLabourNews

 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026