NEWS

လုပ်ငန်းခွင်အတွင်း ခွင့်ခံစားခွင့်နှင့်လူမှုဖူလုံရေးအခွင့်ရေးများရရှိလိုဟု အလုပ်သမားများတောင်းဆို

CoverLogo
1K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေကမ်းသာယာမှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Yar Thet Pan ဖိနပ်စက်ရုံမှာ အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ခွင့်ခံစားခွင့်တွေမရရှိတာ လူမှုဖူလုံရေးခံစားခွင့်များမရရှိတာ နဲ့ အလုပ်သမားတွေရဲ့ သဘောတူညီမှုမရှိဘဲ ငွေကြေးဖြတ်တောက်တာတွေ ပြုလုပ်တာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

အလုပ်သမား ၅၀ ကျော်နဲ့ လည်ပတ်နေတဲ့ ဖိနပ်ချုပ်လုပ်ငန်းမှာ ၂၀၂၂ ခုနှစ် မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ ရှောင်တခင်ခွင့် ဆေးခွင့် စတာတွေ ခံစားခွင့်မရှိဘဲ အရေးပေါ်ကိစ္စဖြင့် ခွင့်တိုင်ကြားပါက ဒေးကြေး ၅၀၀၀ ကျပ် ၊ ရက်မှန်ကြေး ၅၀၀၀ ကျပ် စုစုပေါင်း ၁၀၀၀၀ ကျပ် ဖြတ်တောက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

"အလုပ်သမားတွေရဲ့ ဥပဒေနားမလည်တဲ့အပေါ် အခွင့်အရေးယူပြီး ခိုင်းစေတယ်လို့ပဲမြင်ပါတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားက ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေပါ ခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် ယူခွင့် ဆေးခွင့် ယူခွင့်တွေ ရရှိခံစားလိုပြီး လူမှုဖူလုံရေးကြေး ပေးဆောင်ရတာမရှိတဲ့အတွက်လည်း အလုပ်သမားတွေအနေနဲ့ လူမှုဖူလုံရေး ဆေးခန်းများတွင် သွားရောက်ပြသရန် အခွင့်အရေးမရှိဘဲ ပြင်ပဆေးခန်းများတွင် သွားရောက်ပြသရတဲ့အတွက် ဒေးကြေး ရက်မှန်ကြေးများ သာ ဖြတ်တောက်ခံနေရတာကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

"အလုပ်ရှင်က လူမှုဖူလုံရေး ကိုတရားဝင် မဆောင်ထားဘူး ဆိုတော့ အလုပ်သမားတွေက လူမှုဖူလုံရေး ကြေးလဲမသွင်းရသလို ခံစားခွင့်လဲမရဘူး ကိုယ်ဝန်ဆောင်တွေအတွက် ပိုဆိုးတာပေါ့နော်" လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ခလစာရှင်းပေးရာမှာလည်း လစဉ် ရက် ၃၀ စာဖြင့်သာရှင်းပေးခြင်း အလုပ်သမားများမှလည်း မှားသည် မှန်သည် ပြန်မပြောရဲခြင်းတွေကြောင့် ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာလည်း တစ်လလုံးလ ရက်မှန်ကြေး ၅၀၀၀ နှင့် ကျွမ်းကျင်ကြေး ၂၀၀၀၀ ကျပ် စုစုပေါင်း ၂၅၀၀၀ ကျပ် ဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အထက်ပါကဲ့သို့ ငွေကြေးများ ဖြတ်တောက်ခံရခြင်း ခံစားခွင့်ရှိသော ခွင့်ရက်များကို ရရှိစေလိုခြင်းနဲ့ လူမှုဖူလုံရေးခံစားခွင့်များရရှိစေရန် ဆောင်ရွက်ပေးစေလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026