NEWS

လုပ်ငန်းခွင်တွင် နေ့စားသမားများခန့်ထားပြီး တနေ့အလုပ်ချိန် ၁၀ နာရီ ၃၀ မိနစ် အတွက် ၄၀၀၀ ကျပ်ဖြင့် ခိုင်းစေနေ လူမှုဖူလုံရေးနှင့် ဉပဒေပါ ခွင့် ရက်များလည်းမရရှိဟုဆို

CoverLogo
2.9K Views

ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် ရွှေပေါက်ကန်စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းမှာ ဖွင့်လှစ်ထားတဲ့ Princess Power Garment (သမီးတော်စွမ်းအား)အထည်ချုပ်စက်ရုံမှာ နေ့စားသမားအဖြစ် အလုပ်သမား ၈၀ နီးပါးကို တရက် ( နံနက် ၈ နာရီမှ ညနေ ၆ ခွဲထိ) ၄၀၀၀ ကျပ်နှုန်းဖြင့်သာ ခိုင်းစေနေပြီး အထည်စံချိန်မရပါက တနင်္ဂနွေနေ့ကို အခမဲ့ဆင်းပေးနေရလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

မြန်မာနိုင်ငံသားပိုင်ဖြစ်ပြီး  စက်ရုံတွင်းအလုပ်သမားအင်အား ၉၀၀ ကျော်နဲ့လည်ပတ်နေတာဖြစ်ပြီး ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေကို SPAO, Laura စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တင်ပို့တာဖြစ်တယ်လို့ ဆိုပါတယ်။

"များသောအားဖြင့်နေ့စားသမားတွေက ၃ လကနေ ၆ လအတွင်းရှိတဲ့အလုပ်သမားတွေပါ လူမှုဖူလုံရေးခံစားခွင့်လည်း မရရှိသလို ခွင့်ရက်တွေလဲမရပါဘူး စက်ရုံတွင်းထဲမှာကလေးလုပ်သားတွေလည်းရှိတယ် ချိုးဖောက်နေတာတွေ ဖိနှိပ်နေတာတွေလည်း ရှိပါတယ်" လို့ အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

စက်ရုံတွင်းမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိသလို အလုပ်သမားအခွင့်အရေးနစ်နာဆုံးရှုံးမှုတွေရှိနေတယ်လို့ ယင်းစက်ရုံက အလုပ်သမားတွေကပြောပါတယ်။

လုပ်သက် ၃ လကျော်တဲ့ နေ့စားသမားတွေအနေနဲ့ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ပေးရန် နဲ့ အနည်းဆုံးအခကြေးငွေဖြစ်တဲ့ ဒေးကြေးကို ၄၈၀၀ ကျပ် တိုးမြှင့်ပေးရန် ခံစားခွင့်များကို အခြားအလုပ်သမားများနည်းတူပေးရန် အချိန်ပိုလုပ်ခတွေကို ပြန်လည်တွက်ချက်ပေးဖို့နဲ့ ဉပဒေပါ အလုပ်သမားအခွင့်အရေးတွေ ရရှိရန် တောင်းဆိုနေကြတာဖြစ်ပါတယ်။

MyanmarLabourNews

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026