NEWS

လုပ်ငန်းခွင်တွင်း ချိုးဖောက်မှုများကို ဝန်ကြီးဌာန တာဝန်ရှိသူများ လာရောက်စစ်ဆေး သော်လည်း ပြောင်းလဲမှုမရှိ

CoverLogo
606 Views

တရုတ်နိုင်ငံသားပိုင် Beaume International Garment Mfg Limited မှာ လုပ်ငန်းခွင်တွင်း ချိုးဖောက်တာတွေ ကို သတင်းဖော်ပြခဲ့တာကြောင့် အလုပ်သမားဝန်ကြီးက တာဝန်ရှိသူတွေက လာရောက်စစ်ဆေးခဲ့ပေမယ့် နောက်ဆက်တွဲ ပြောင်းလဲပြင်ဆင်မှု မရှိဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင် အား (၉၀၀) ကျော်ကို လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာ မရှိဘဲ စက်ရုံမှာ ဂျပန်အော်ဒါတွေဖြစ်တဲ့ I’Z FRONTIER၊ NEO ENGINEER GEAR တံဆိပ်နဲ့ ဂျာကင်၊ ဂျင်းဘောင်းဘီ၊ ရောင်ပြန်အင်္ကျီ၊ မိုးကာအင်္ကျီတွေ ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။ 

 

“မတ်လ (၃) ရက်နေ့မှာ လုပ်ငန်းခွင်ထဲကို အလုပ်သမားရုံးကလူတွေ လာစစ်ပါတယ်။ သူတို့စစ်တဲ့ပုံက လုပ်ငန်း ခွင်ထဲ ဝင်စစ်တာမဟုတ်ပါဘူး။ ရုံးခန်းထဲမှာထိုင်ပြီး WCC က လူတွေကို ခေါ်မေးပါတယ်။ နောက်သူတို့ပြင်လာ တဲ့ စာရွက်စာတမ်းဖောင်တွေကို အလုပ်သမားတွေကိုပေးပြီး လုပ်ငန်းခွင်ထဲမှာ ဖြစ်နေတာကို စာရွက်ထဲ ဖြည့်ရေးခိုင်း ပါတယ်။ WCC ဘက်ပါတဲ့ အလုပ်သမားတွေက လုပ်ငန်းခွင်ထဲက ချိုးဖောက်တာတွေကို မှန်မှန်ကန်ကန် မဖြည့်ပါ ဘူး။ တစ်ချို့ အလုပ်သမားတွေကတော့ အမှန်အတိုင်း ရေးပါတယ်။ ပြောမယ်ဆို လာစစ်ပေမယ့် လုပ်ငန်းခွင်ထဲမှာ ပြောင်းလဲသွားတာ ဘာမှမရှိပါဘူး။ ချိုးဖောက်တာတွေကလည်း အရင်အတိုင်းပါပဲ။ ပိတ်ရက်တွေဆိုလည်း ရက်စားတွေကို အလုပ်သမားတွေ သဘောတူညီမှုမရှိဘဲ ဆင်းခိုင်းတာတွေ လုပ်နေပါတယ်” လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

 

 

စက်ရုံမှာ အများပြည်သူရုံးပိတ်ရက်တွေကိုပါ ပိတ်ရက်မပေးဘဲ အချိန်ပိုတွေ ခေါ်ယူနေတဲ့အပြင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေကို ကူညီဖြေရှင်းပေးရ မယ့် WCC ကော်မတီကလည်း အထည်စံချိန် ပြည့်မီရေး ကိုသာ တောင်းခံတာ၊ နေ့စားလုပ်သားတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် မခန့်တာ၊ အလုပ်သမားတွေ လုပ်ငန်းခွင် ရောက်ရှိပြီးပါက နေထိုင်မကောင်းတာ၊ မိသားစု အရေးပေါ်ကိစ္စဖြစ်ပေါ်တာတို့ကိုလည်း ဂိတ်ပတ်တောင်းရင် မပေးတာ စတဲ့အခက်အခဲတွေ ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်၊

 

 

“အလုပ်ချိန်က နံနက်(၈)နာရီ (၁၅)မိနစ်ပါ။ အလုပ်ပြန်ချိန်က (၆)နာရီ (၄၅)ပါ။ စနေ‌နေ့ဆိုရင်လည်း နံနက်(၈)နာ ရီ (၁၅)မိနစ်ကနေ ည(၁၂)နာရီထိ အချိန်ပို ဆင်းရပါတယ်။ အလုပ်သမားတွေက အချိန်ပိုအိုတီတွေကို ညဘက်အ ထိ မဆင်းချင်လည်း အလုပ်ရှင်က ဖိအားပေးတော့ အချိန်ပိုတွေကို မဆင်းချင်လည်း ဆင်းရပါတယ်။ အရေးကြီး တဲ့အော်ဒါရှိတယ်ဆိုရင် မိုးလင်းပေါက် အချိန်ပိုအိုတီဆင်းရပါတယ်။ ဒီလိုခဏခဏဖြစ်နေတော့ ရေရှည်ကျတော့ ကျန်းမာရေး ထိခိုက်တာတွေ ရှိလာပါတယ်။ အလုပ်သမားတွေကလည်း အချိန်ပိုတွေ မဆင်းချင်ကြတော့ ပါဘူး။  တနင်္ဂနွေနေ့နဲ့ အခါကြီးရက်ကြီးတွေလည်း အလုပ်မပိတ်ဘဲ အချိန်ပိုတွေဆင်းခိုင်းပါတယ်။

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်တွေကို မတရားတောင်းခံနေပြီး အထည်စတိုင်ပေါ် မူတည်ကာ လူ(၆၀) ရှိတဲ့ စက်လိုင်းတစ်လိုင်းကို တစ်နာရီကို အထည် (၄၀၀)၊ (၅၀၀)၊ (၆၀၀) အထိ တောင်းခံသလို တစ်ချို့အထည်စတိုင် တွေကို ၆၀ ၅၀ အထိ တောင်းခံနေတာ " လို့ စက်ရုံအလုပ်သမားတစ်ယောက် က ပြောပါတယ်။ 

 

လက်ရှိ စက်ရုံအလုပ်သမားတွေက ဒီလိုအခွင့်အရေး ချိုးဖောက် ခံနေရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ တနင်္ဂနွေနေ့ အချိန်ပိုအိုတီမဆင်းခိုင်းဘဲ အနားပေးရေးနဲ့ အလုပ်သမားရုံး က လာရောက်စစ်ဆေးပေမယ့် လုပ်ငန်းခွင်ထဲပြောင်းလဲတာ မရှိတာကြောင့် ထပ်မံလာရောက်စစ်ဆေးပြီး ထိရောက်စွာ ပြုလုပ်ပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026