NEWS

လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ဖြေရှင်းပေးစေလိုဟုဆို

CoverLogo
733 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်၊ ချင်းတွင်းလမ်းမှာ  ဖွင့်လှစ်ထားတဲ့  Myanmar Jiale Fashion အထည်ချုပ်စက်ရုံမှာ အထည်စံချိန်အလွန်အကျွံတောင်းခံတာ ၊ အချိန်ပိုအိုတီအတင်းအကျပ် ဆင်းရန် ခိုင်းစေနေတာ လုပ်ငန်းခွင်အတွင်း ခွင့်ခံစားခွင့်မရတာ အချို့အလုပ်သမားတွေကို အီးစီ စာချုပ်ချုပ်မပေးတာ တွေအပြင် နေ့စားအလုပ်သမားတွေ ခန့်ထားပြီး အော်ဒါပြတ်သွားပါက အလုပ်မှ ထုတ်ပယ်တာတွေ လုပ်ဆောင်နေလို့ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

"အလုပ်ချိန်က နံနက် ၈ နာရီကနေ ညနေ ၆ ခွဲအထိပုံမှန်ဆင်းရတယ်။  အထည်အရေးကြီး တယ်ဆိုပြီး  အချိန်ပိုအိုတီကို၈ခွဲအထိခေါ်တယ်။ ခုချ်ိန်က ပေါ်တာဆွဲတာတွေကြောင့်   အလုပ်သမားတွေက စိုးရိမ်ပြီးအချိန်ပိုအိုတီကို မဆင်းချင်ကြဘူး။  ဖိအားပေးတော့မဆင်းချင်လည်းဆင်းရတယ်။  အချန်ပိုအိုတီမဆင်းချင်လို့လည်း ပြန်ပြောလို့မရဘူး။ အထည်စံချိန်တွေလည်းမတရားတောင်းတယ်။ စက်လိုင်းတစ်လိုင်းကို လူဦးရေ ၂၅ယောက်လောက်ပဲရှိတာကို ဘောင်းဘီအထည်ကို ၄၀အထိတောင်းတယ်။  အဲ့ဒီစံချိန်ကို မနည်းချုပ်ရတာတောင် အလုပ်ရှင်ဘက်က ဖိအားပေးပြီး အထည်  ၅၀အထိရအောင်ချုပ်လုပ်ခိုင်းပြီး အတင်းတိုးတောင်းတာ။  စက်လိုင်းထဲမှာ ဝယ်လွန်ချုပ်တဲ့စက်လိုင်း လဲရှိတယ်။ စက်ချုပ်တဲ့လူက အလုံအလောက်မထားဘူး။ တောင်းတဲ့အထည်စံချိန်မရင်ကျ နေ့စဉ်နဲ့အမျှအော်ဟစ်ဆဲဆိုပြီးကို အထည်တောင်းတာ" လို့  အလုပ်သမား တွေက ဆိုပါတယ်။ 

အဆိုပါစက်ရုံဟာ  တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး  အလုပ်သမား(၇၀၀)ကျော်နဲ့  Velilla၊ sinsay၊ တံဆိပ်ဖြင့် ဘောင်းဘီထည်တွေ ချုပ်လုပ်နေတယ်လို့လည်း သိရပါတယ်။  

စက်ရုံမှာ နေ့စားအလုပ်သမားအများအပြား ခန့်ထားပြီး အော်ဒါပြတ်သွားပါက  နေ့စားအလုပ်သမားတွေကို ဥပေဒမဲ့ အလုပ်မှထုတ်ပယ်လိုက်သလို  အသက်မပြည့်သေးတဲ့ အသက် ၁၅၊ ၁၆ အရွယ် လူရွယ်လုပ်သားတွေကို လဲ ကျန်းမာရေးကောင်းမွန် ကြောင်း ဆရာဝန်ဆေးထောက်ခံ စာမပါဘဲ   အလုပ်ခန့် ခိုင်းစေနေတယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင်အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့  ဥပဒေပါ ခွင့်ရက်တွေလည်း  မရသလို  ခွင့်တိုင်ကြားပါက ခွင့်မပေးတဲ့အတွက်  အလုပ်တစ်ရက်ပျက်လျင် ဒေးကြေး+ထောက်ပံ့ကြေး၇၀၀၀ကျပ်၊ ရက်မှန် ကြေး ၃၀၀၀၀ ကျပ်ကို အလုပ်သမားလစာထဲမှ ဖြတ်တောက်ခံနေကြရတယ်လို့ သိရပါတယ်။  

ထပ်မံပြီး လုပ်သက်က ၆ လ အထက် လုပ်သားတွေကို အီးစီစာချုပ်ချုပ်ဆိုပေးတာမရှိသလို လုပ်ငန်းခွင်အတွင်း သတ်မှတ်ပေးချေတဲ့ တစ်ကတ်ကြေးကိုလည်း ရှင်းရှင်းလင်းလင်း ပြောဆိုတာမရှိဘဲ ပေးသလောက်သာ ရရှိနေလို့ အခက်တွေ့နေရတယ်လို့ ဆိုထားပါတယ်။ 

အကူညီတောင်းခံရာမှာ  အလုပ်သမားတွေက  
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန်။ 
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားက ခံစားခွင့် ခွင့်ကို ခွင့်တိုင်ကြားလျင် ခွင့်ပေးရန်။ 
၃။ အလုပ်ရှင်ဘက်မှ လုပ်သက်၆လကျော်ပြီးသော အလုပ်သမားများကို ECစာချုပ်ချုပ်ပေးရန်၊ 
၄။ အလုပ်သမားများအတွက် အလုပ်ရှင်ဘက်မှ တစ်ကဒ်ဈေး နှုန်းများကို ပွင့်လင်းမြင်သာမှုရှိအောင် ကြေငြာပေးရန်။ 
၅။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားတွေခေါ်ပြီး အလုပ်ခိုင်းပြီးအော်တာပြတ်သွားလျင် နေ့စားအလုပ် သမားတွေကို  အလုပ်မှဥပဒေမဲ့ အလုပ်မှထုတ်ပယ်ခြင်း မပြုလုပ်ရန်စတဲ့ အချက်တွေ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။ 


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026