NEWS

လုပ်ခလစာမပေးဘဲ အလုပ်ကနေထုတ်ပယ်လို့ အလုပ်သမားတွေအခက်တွေ့နေရ

CoverLogo
599 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် မက္ခရာမင်းသားကြီးလမ်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် NEW JIN LIN Garment Co,Ltd အထည်ချုပ်က အလုပ်သမားတွေပါ။
 
စက်ရုံက အလုပ်သမား ၂၀၀ ကျော်နဲ့ ကလေးအဝတ်တွေချုပ်တာပါ၊ ရုံကြီးတွေကနေယူပြီးချုပ်တာပါ၊ စက်ရုံဖွင့်တာ ၃ လကျော်ပဲရှိပါသေးတယ်။
 
အလုပ်ချိန်က မနက် ၈ နာရီမှ ညနေ ၆း၀၀ နာရီ ၃၀ ထိ ဆင်းရပါတယ်။ အချိန်ပို ၂ နာရီလုပ်ကိုင်ရပါတယ်။ ဒေးကြေး ၆၈၀၀+ ထောက်ပံ့ကြေး ၃၂၀၀ ကျပ်= ၁၀,၀၀၀ ကျပ်၊ ရက်မှန်ကြေး ၅၀,၀၀၀ ကျပ်၊ ကျွမ်းကျင်ကြေး A+ ၇၅၀၀၀ ကျပ်၊ B ၅၀၀၀၀ ကျပ်၊ C ၃၀၀၀၀ ကျပ်တို့ကို ပေးပါတယ်။
 
ရက်မှန်ကြေးက တစ်ရက်ပျက်လျှင် ၂၅,၀၀၀ ကျပ်ဖြတ်တောက်ပြီး ၂ ရက်ပျက်ပါက ရက်မှန်ကြေးပေးထားသည့် ၅၀,၀၀၀ ကျပ်လုံးဖြတ်တောက်ပါတယ်။ ကျွမ်းကျင်ကြေးကိုလည်း တစ်ရက်ပျက်တာနှင့် အဆင့်ချထားပါတယ်။ ဥပမာ A+ ရထားလျှင် B အဆင့်ဖြင့် ပေးပါတယ်။ B အဆင့် ရထားလျင် C အဆင့်နှင့် ပေးပါတယ်။ C အဆင့်ရထားသူဆိုလျှင် ကျွမ်းကျင်ကြေးကို လုံးဝမထည့်ပေး တော့ပါဘူး။
 
အဓိကပြသာနာက စက်ရုံမှ ၂၀၂၅ခုနှစ်၊ ၆ လပိုင်းတုန်းက အကြောင်းအမျိုးမျိုးကြောင့် အလုပ်မှ ထွက် သွားရသည့် အလုပ်သမားများရှိပါတယ်။
 
စက်ရုံကဖွင့်တာမကြာသေးတော့ မိသားစုကျန်းမာရေး ကြောင့် အိမ်ပြန်ကြရတဲ့သူတွေရှိပြီး ခွင့်မရတော့ အလုပ်ထွက်ပြီးပြန်ကြရပါတယ်။ အလုပ်ဆင်းရက် အမျိုးမျိုး ဆင်းထားကြသူများဖြစ်ပြီး ၎င်းအလုပ်သမားများအနေဖြင့် နယ်တွေမှ ပြန်လာပြီး အလုပ်ပြန်လျှောက်တဲ့အခါ အလုပ်ကို စက်ရုံမှ လူသစ်နှင့် ပြန်ခန့်ပါတယ်။အလုပ်သမားတွေက ဆက်လုပ်ကြ
ပါတယ်။
 
ပြီးခဲ့သည့် ၆ လပိုင်းအတွင်း လုပ်ထားသည့် လုပ်ခလစာကို ၇လပိုင်း ၁၀ ရက်နေ့တွင် စက်ရုံဘက်မှ ထုတ်ပေးပါတယ်။ လစာထုတ်ပေးရာတွင် ဒေးကြေးကို ၆၈၀၀ ကျပ်ဖြင့်သာ ရှင်းပေးတာကြောင့် အလုပ်သမားတွေက ၆၈၀၀ကျပ်ဒေးကြေးမဟုတ်ဘူး ၁၀၀၀၀ ကျပ်ဖြင့် ရှင်းပေးရန်ပြောသည့်အခါ စက်ရုံ အလုပ်ရှင်မှ ၁၀,၀၀၀ ကျပ်ဖြင့်ယူလျှင် ခဏစောင့်ပေးရန်ပြောပြီး ပိုက်ဆံတွေက အော်ဒါတွေ အခက်ခဲကြောင့် ငွေကြေးအခက်အခဲရှိကြောင်းပြောပါတယ်။ အလုပ်သမားများအနေဖြင့် အိမ်လစာ နှင့် စားဝတ်နေရေးအတွက် မဖြစ်မနေယူရမည်ဖြစ်သောကြောင့် ဒေးကြေး ၆၈၀၀ ကျပ်ဖြင့်သာ ရှင်းသာပေးရန် အလုပ်ရှင်ကို ပြောပါတယ်။
 
ထိုအခါ မန်နေဂျာမှ ၇ လပိုင်းလစာကို ၈လပိုင်း ၅ ရက်နေ့ထုတ်သည့်အခါမှ ၇ လပိုင်းလစာနှင့် အတူတူယူပေးရန်ပြောသဖြင့် အလုပ်သမားများအနေဖြင့် လက်ခံခဲ့ပါတယ်။ ၈လပိုင်း ၅ ရက်နေ့ လစာထုတ်ရာတွင် ၇လပိုင်းလုပ်ခလစာကိုပဲ ထုတ်ပေးပြီး ၆လပိုင်းတုန်းကပေးရန်လစာကို မပေးသဖြင့် အလုပ်သမားများအနေဖြင့် မန်နေဂျာကို ပြောသောလည်း မရှင်းပေးသဖြင့် ၂၀၂၅ခုနှစ်၊ ၈လပိုင်း ၁၂ ရက်နေ့တွင် အလုပ်သမားများမှ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
 
ထိုအခါ အဆင်ပြေအောင်လုပ်ပေးပါမည်ပြော သဖြင့် ဆန္ဒပြတာကို ရပ်ခဲ့ပါတယ်။ ၂၀၂၅ခုနှစ်၊ ၈လပိုင်း ၂၂ ရက်နေ့ညနေ အလုပ်ပြန်ခါနီးအချိန်တွင် လိုင်း ၁ မှ လုပ်သမားများကို အထည်ပဲကျတာများလို့ဆိုကာ မန်နေဂျာမှ အလုပ်မှထုတ်ပယ်ကြောင်းပြောပါတယ်။
 
လုပ်ခလစာများနှင့် ရသင့်ရထိုက်သည်များကို ၂၀၂၅ခုနှစ်၊ ၈လပိုင်း ၂၃ ရက်နေ့ စနေနေ့တွင် ရှင်းပေးမည် စက်ရုံကို လာယူရန်ပြောပါတယ်။ အလုပ်သမားများမှ ၂၀၂၅ခုနှစ်၊ ၈လပိုင်း ၂၃ ရက်နေ့ စနေနေ့တွင် စက်ရုံသို့ သွားယူရာ လုံးခြုံရေးမှ စက်ရုံထဲပေးမဝင်ပါဘူး။ မန်နေဂျာခေါ်ပေးရန်ပြောသောလည်း မန်နေဂျာမှ အချိန်ကြာသည့်အထိ ထွက်မလာပဲ စက်ရုံ အော်စူပါထွက်လာပြီး အော်စူပါမှ မန်နေဂျာ နေမကောင်းလို့ မလာကြောင်းနှင့် ဒီစက်ရုံမန်နေဂျာပြီးလို့ ပြီးတာမဟုတ်ဘူး။ ငါပြီးမှ ပြီးတာလို့ ပြောပြီး ပိုက်ဆံလာပေးမယ် ဒီကစောင့်ဆိုပြီး ပြောပြီးအထဲဝင်သွားတာ ညနေ ၄ နာရီထိ ထွက်မလာသဖြင့် အလုပ်သမားများမှ ပြန်လာခဲ့ရပါတယ်။
 
နောက်နေ့ တနင်္ဂနွေအလုပ်ပိတ်ရက်ဖြစ်ပါတယ်။ ကျမတို့ အလုပ်သမားများ အနေဖြင့် အလုပ်မှထုတ်တယ်ဆိုတာလည်း အပြစ်ကြီးကြီးမားမားမရှိပါဘူး။ အလုပ်ရှင်မှ မလိုချင်းလို့ ထုတ်တယ်ဆိုလည်း အလုပ်သမားများရသင့်ရထိုက်သည်များကို တွက်ချက်၍ ပေးပေးစေလိုပါတယ်။ အခုလို အလုပ်သမားအခွင့်အရေးများကို ချိုးဖောက်နေသည့်စက်ရုံကိုလည်း ထိရောက်စွာအရေးယူပေး စေလိုပါတယ်။
NEW JIN LIN Garment Co,Ltd အလုပ်သမားများ

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026