NEWS

လာအို PAODA ဖိနပ်စက်ရုံ၏ အခက်အခဲများနှင့်ပတ်သက်၍ တိုင်ကြားခြင်း

CoverLogo
441 Views
သို့
သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများ
 
ကျွန်တော်တို့သည် PAODA ဖိနပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမားများဖြစ်ပါသည်။ ၂၈.၁၁.၂၀၂၄ ရက်နေ့တွင် အားထန်ကုမ္ပဏီ၏ ချိတ်ဆက်မှုဖြင့် လာအိုနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး လက်ရှိတွင် ကြုံတွေ့နေရသည့် အောက်ပါအခက်အခဲများနှင့် ပတ်သက်၍ တိုင်ကြားလိုပါသည်။
 
၁။ အလုပ်ချိန်နှင့် လုပ်ခလစာဆိုင်ရာ အခက်အခဲများ
 
စာချုပ်တွင် သဘောတူထားသည့်အတိုင်း အလုပ်ချိန် ၈ နာရီအစား နေ့စဉ် အလုပ်ချိန် ၁၀ နာရီနှင့် OT ၃ နာရီထက် ပိုမိုလုပ်ကိုင်နေရပါသည်။
 
လစာထုတ်ပေးရာတွင်လည်း ပုံမှန်ရက်ထက် နောက်ကျလေ့ရှိပြီး၊ ညဘက် အချိန်မတော်မှသာ ထုတ်ပေးသဖြင့် အခက်အခဲများစွာ ကြုံတွေ့ရပါသည်။
 
လစာမှ အခွန်ငွေများ ဖြတ်တောက်ထားသော်လည်း ဘဏ်ကတ်နှင့် ဖူလုံရေးကတ်များ ပြုလုပ်ပေးခြင်း မရှိသေးပါ။ ထို့ကြောင့် ဘဏ်ကတ်မရှိဘဲ အခွန်ပေးဆောင်နေရပြီး၊ ဖူလုံရေးကတ်မရှိသဖြင့် နေမကောင်းဖြစ်ပါက ဆေးကုသခွင့် မရရှိနိုင်ပါ။
 
၂။ အလုပ်သမားများ၏ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများ
 
အလုပ်ချိန်များလွန်းသဖြင့် အမျိုးသမီးအလုပ်သမားများ မကြာခဏ မူးမေ့လဲကျမှုများ ဖြစ်ပွားနေသော်လည်း စက်ရုံမှ ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ပေးခြင်းမရှိဘဲ ကိုယ်တိုင်သွားရောက်ရပါသည်။
 
နေမကောင်း၍ အလုပ်နားပါက ကြိမ်းမောင်းခြင်းခံရပြီး တစ်လကြာ အလုပ်ရပ်နားရန် ဖိအားပေးခြင်းများ ပြုလုပ်ခံရပါသည်။
 
နေထိုင်သည့် အဆောင်များတွင်လည်း ကုတင်များ လုံခြုံမှုမရှိဘဲ ပြိုကျမတတ်ဖြစ်နေပြီး လိုအပ်ချက်များစွာရှိနေပါသည်။
 
သောက်သုံးရေ၊ သုံးစွဲရေ လုံလောက်မှုမရှိဘဲ ရေမလာသည့်နေ့များ မကြာခဏဖြစ်ပေါ်နေပြီး၊ ပိတ်ရက်များတွင် အပြင်မှ ရေဝယ်သောက်ရသည်အထိ အခက်အခဲများ ကြုံတွေ့နေရပါသည်။
 
၃။ စာချုပ်ပါ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ အခက်အခဲများ
 
အလုပ်စတင်စဉ်က သတ်မှတ်ထားသည့် အလုပ်ချိန်နှင့် ကွဲလွဲနေပါသည်။ နိုင်ငံကူးလက်မှတ်များကို စက်ရုံမှ သိမ်းဆည်းထားပြီး၊ အလုပ်သမားများစိတ်ကြိုက် ပြန်လိုပါက ဒေါ်လာ ၁၅၀၀ ပေးဆောင်ရန် သတ်မှတ်ထားခြင်းသည် အခြားစက်ရုံများ၏ သတ်မှတ်ချက်နှင့် ကွာခြားနေပါသည်။
 
စစ်ဆေးရေးအဖွဲ့များ လာရောက်သည့်အခါ အလုပ်သမားများကို အပြင်သို့ မောင်းထုတ်ခြင်း သို့မဟုတ် မှန်ကန်စွာ မဖြေဆိုရန် ဖိအားပေးခြင်းများ ရှိပါသည်။
 
၄။ စားသောက်နေထိုင်မှုဆိုင်ရာ အခက်အခဲများ
 
အစားအသောက်များသည် အရည်အသွေးမပြည့်မီဘဲ ထမင်းမကျွေးသည့်ရက်များ၊ ကြက်ဥအစိမ်းသာ ပေးသည့်ရက်များ ရှိပါသည်။
 
အထက်ပါ အခြေအနေများအားလုံးသည် ကျွန်တော်တို့၏ အခြေခံလုပ်ပိုင်ခွင့်များကို ဆိုးဝါးစွာ ချိုးဖောက်နေခြင်းဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အလုပ်သမားများ၏ ဘဝလုံခြုံမှုနှင့် တရားမျှတမှုအတွက် အမြန်ဆုံး ဖြေရှင်းကူညီပေးပါရန် လေးစားစွာ တောင်းဆိုအပ်ပါသည်။
 
လေးစားစွာဖြင့်
PAODA ဖိနပ်စက်ရုံမှ အလုပ်သမားများ ကိုယ်စား

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026